Wednesday, October 14, 2015

BTC သမားများ ပျော်ကြစေကုန်သတည်း





အွန်လိုင်းပေါ်မှာ ငွေရှာလိုတဲ့အမျိုးများအားလုံး မင်္ဂလာပါဗျာ။ ကျွန်တော်အလုပ်နဲနဲများနေလို့ post တွေကိုမ တင်ဖြစ်တာ ခွင့်လွှတ်ကြပါလို့။ ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ BTC လို့ခေါ်တဲ့ Bitcoin ပဲ ဖြစ်ပါတယ်။ ကျွန်တော်ကလည်း Bitcoin သမားဖြစ်နေလေတော့ကား ဒါကိုပဲလိုက်ရှာနေတာပေါ့ဗျာ။ 1 BTC ကိုလက်ရှိပေါက်ဈေးကတော့ 251 ဒေါ်လာရှိနေပါတယ်။ တော်ကီပွားတာများနေပီဆိုတော့ လိုရင်းကို ပြောကြရအောင်ဗျာ :D စာနဲ့ပဲရေးနေရင် မရှင်းမှာစိုးလို့ ပုံတွေနဲ့ပါ ပြလိုက်ပါတယ်။ ခုကျွန်တော်ပြောမယ့်နည်းကတော့ ဖုန်းနဲ့လုံးဝလုပ်လို့မရပါဘူးဗျာ။ ကွန်ပျူတာနဲ့ပဲရပါတယ်။ အင်တာနက် Free ရှိသူတွေပိုအဆင်ပြေပါတယ်။ လက်ရှိမိမိမှာ 0.003 လောက်ရှိနေရမှာဖြစ်ပါတယ်။ ပထမဦးဆုံး အောက်ကလင့်မှာ Register လုပ်ပါ။ ကျွန်တော့်အထင်တော့ BTC သမားတော်တော်များများ ကတော့ Acc လုပ်ပီးသား ဖြစ်နေကြမှာပါ။


  Account မဖွင့်တတ်သူများ အောက်မှာရှိတဲ့လင့်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Account ဖွင့်နည်း  >>>>  http://mademoneyinonline.blogspot.com/2015/05/bitcoin.html
နောက်တစ်ခုကတော့ Crome Browser လိုပါတယ်။ ဒီ ၂ ခုရှိရင်ရပါပြီ။ freebitcoin မှာ login ၀င်ထား တယ်ပေါ့ဗျာ။ Keyboard က F12 သို့မဟုတ် Ctrl+Shit+J ကိုနှိပ်ပါ။ အောက်ကပုံကိုကြည့်ပါ။


Script ထည့်ဖို့အတွက် အောက်မှာ Script တွေကို Notepad နဲ့ရေးပေးထားပါတယ်။ ဒါကို ဒေါင်းလိုက်ပါ။ ဒေါင်းပြီးသွားရင်ဖွင့်လိုက်ပါ။ Script တွေကို Copy လုပ်ပြီးတော့ ပုံမှာပြထားတဲ့နေရာ မှာ သွားပြီး Paste လုပ်လိုက်ပါ။ Enter ကိုနှိပ်ပြီးတော့ ထိုင်သာကြည့်နေပေတော့ဗျာ။ ဘာမှသွားမပြင်ပါနဲ့။ လောဘကိုတော့ သတိထားပါဗျာ။ လူဆိုတာ ရလေလိုလေ မဟုတ်လား။ ပြင်ချင်သပ ဆိုရင်လည်း ပြင်နိုင်ပါတယ်။ ကိုယ်ဘာသာကိုယ် ချင့်ချိန်ဆုံးဖြတ်ပေါ့လေ။ ဒေါင်းတာကတော့ မိမိနှစ်သက် ရာကနေဒေါင်းနိုင်ပါတယ်။

Script Download >>>>  P Cloud  |   Solid file
 အဆင်မပြေတာရှိရင် Cb မှာအော်ခဲ့နိုင်ပါတယ်ဗျာ။ အဆင်ပြေကြပါစေ  Ko Ko

Wednesday, October 7, 2015

BASIC TECHNICAL ANALYSIS FOR FOREX TRADING


 

BASIC TECHNICAL ANALYSIS

ဒီအခန်းမှာတော့ Techinical Indicators/Anaylysis ဆိုင်ရာတွင် အခြေခံအကျဆုံးအရာများကို
တင်ပြသွားမည်ဖြစ်ပါတယ်။
Stock Share, Forex Makets, CFDs စသဖြင့် အရောင်းအ၀ယ်လုပ်ရာတွင် မားကတ်အခြေနေအနေ၊
ဈေးနှုန်းများ၏ ရွေ့လျားနိုင်မှု၊ အရောင်းအ၀ယ်လုပ်ရန် စဉ်းစားနိုင်စေဖို့၊ အ၀င်အထွက်မှန်ကန်စေဖို့
စသဖြင့် စသဖြင့် သုံးသပ်ရာမှာ Chart များကို ကြည့်၍ သုံးသပ်ဆောင်ရွက်တာကို Technical Analysis
(TA) လို့ခေါ်ပါတယ်။
TA ကိုလေ့လာရာမှာ များစွာသော Indicators တွေရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီအခန်းမှာတော့ Beginner
များမားကတ်ထဲသို့ ကနဦးဝင်ရောက်နိုင်စေရန်အတွက်ရည်ရွယ်ပြီး မဖြစ်မနေသိထားသင့်သည်ဟု
ကျွန်တော်ယူဆသော အောက်ပါ Indicators (5) ခုကို တင်ပြသွားပါမည်။

1. Support and Resistance
2. Trend Line
3. Common Chart Patterns
4. Reversal (Bear and Bull)
5. Continuation

Support and Resistance
(SUPPORT Support Your Profit)
Support ဆိုတာ မြန်မာလိုခေါ်ရင်တော့ ထောက်ပံမှုလို့ အဓိပ္ပါယ်ဖွဲ့နိုင်မယ်ထင်ပါတယ်။
လွတ်ကျလာတဲ့အရာ (သို့မဟုတ်) အထက်မှအောက်သို့ ကျလာတဲ့ရာကို Level တစ်ခုမှာ ထပ်ပြီး
အောက်အနိမ့်ကို မရအောင်တားဆီးထားတဲ့အရာကို Support လို့ခေါ်ပါတယ်။
Support သည် လက်ရှိ Price Level ၏ အောက်တွင်ရှိပြီး အနည်းဆုံး Price Level
နှစ်ခုအနီးစပ်ဆုံးတူညီမှုကို မျဉ်းဆွဲခြင်းဖြင့် Support Line ကိုရရှိမှာဖြစ်ပါတယ်။

Support Level ဆိုတာကဘာလည်း

- Support Level ကတော့ ဈေးတစ်ခုမှာ မားကတ်က သူ့ထက်နိမ့်တဲ့ဈေးတစ်ခုကို အပြောင်းလဲဖြစ်ဖို့
(ကျဖို့) နှစ်ကြိမ်အနည်းဆုံးငြင်းပယ်ခံရတဲ့အခြေနေကို ခေါ်ပါတယ်။ တစ်နည်းအားဖြင့် မားကတ်မှာ
ဈေးတစ်ခုဟာ သူ့ထက်နိမ့်တဲ့ဈေးကိုဆင်းဖို့ နှစ်ကြိမ်အနည်းဆုံးစမ်းသပ်တဲ့အခြေနေ ကို Support Level
လို့ခေါ်ပါတယ်။

- အဲဒီ စမ်းသပ်တဲ့ဈေးနှစ်ခုဟာ အနီးစပ်ဆုံးတူညီရမှာဖြစ်ပြီး၊ အချိန်ကာလတော့ တူညီဖို့မလိုအပ်ပါဘူး။
- အနီးစပ်ဆုံးတူညီဖို့၊ Level ဆွဲနိုင်ဖို့အတွက် Pips အနည်းငယ်ကွာခြားလည်း အသုံးပြုနီုင်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်ဆရာတစ်ယောက်ရဲ့စကားဖြစ်တဲ့ လိုင်းဆွဲလို့မထိတထိဖြစ်နေရင် ဘာလုပ်မလည်း
ဆိုတော့၊ ခပ်ထူထူလေးဆွဲပေါ့ဗျာတဲ့။ စကားလက်ဆောင်ပေးတာပါ။ အဲလိုနည်းနဲ့ ဆွဲရမယ့်လိုင်းတွေ
လည်း အများကြီးတွေ့လာကြမှာပါနော်။

*** Support Line က မျဉ်းဖြောင့်အတိုင်းပဲလို့ သတ်မှတ်လို့မရပါဘူး။ အထက်ကို တက်နေတဲ့ Slope
ပုံစံလည်းရှိပါတယ်။ ဒါက Trend နဲ့ ယှဉ်တူလိုဖြစ်သွားတာပါ။ ပုံ (၁)  မှာ အရိုးဆင်းဆုံး Support Level
ကိုပြထားပါတယ်။


Resistance Level ဆိုတာကဘာလည်း


- Resistance Level ဆိုတာကတော့ ဈေးတစ်ခုမှာ မားကတ်က သူ့ထက်မြင့်တဲ့ ဈေးတစ်ခုကို
အပြောင်းလဲဖြစ်ဖို့ (တက်ဖို့) နှစ်ကြိမ်အနည်းဆုံးငြင်းပယ်ခံရတဲ့အခြေနေကို ခေါ်ပါတယ်။
တစ်နည်းအားဖြင့် မားကတ်မှာ ဈေးတစ်ခုဟာ သူ့ထက်မြင့်တက်ဈေးကို တက်ဖို့အတွက် အနည်းဆုံး ၂
ကြိမ်စမ်းသပ်တဲ့အခြေနေ ခေါ် ထိုးဖေါက်ဖို့ ကြိုးစားတဲ့အခြေနေကို Resistance Level လို့ခေါ်ပါတယ်။

- အဲဒီ စမ်းသပ်တဲ့ဈေးနှစ်ခုဟာ အနီးစပ်ဆုံးတူညီရမှာဖြစ်ပြီး၊ အချိန်ကာလတော့ တူညီဖို့မလိုအပ်ပါဘူး။
- အနီးစပ်ဆုံးတူညီဖို့၊ Level ဆွဲနိုင်ဖို့အတွက် Pips အနည်းငယ်ကွာခြားလည်း အသုံးပြုနိုင်ပါတယ်။

*** Resistance Line က မျဉ်းဖြောင့်အတိုင်းပဲလို့ သတ်မှတ်လို့မရပါဘူး။ အောက်ကိုစိုက်ဆင်းနေတဲ့
Slope ပုံစံလည်းရှိပါတယ်။ ဒါက Trend နဲ့ ယှဉ်တူလိုဖြစ်သွားတာပါ။

Support Zone နဲ့ Resistance Zone က ဘာကိုခေါ်တာပါလည်း

- အထက်မှာ ကျွန်တော်ဖေါ်ပြခဲ့သလိုမျိုး Support Level, Resistance Level ဖြစ်ဖို့ ဈေးနှစ်ခုဟာ
နှစ်ကြိမ်အနည်းဆုံးတူညီရမယ်၊ နီးစပ်ရမယ်လို့ ဆိုခဲ့ပါတယ်။
- မားကတ်မှာ ဖြစ်နေတဲ့ ဈေးတွေက ကွက်တိတူညီဖို့ မလွယ်ကူပါဘူး။ တစ်ခါတရံ Candle Stick ရဲ့
Shadow ကြောင့်လည်း တိကျတဲ့ Support Level, Resistance Level ဆွဲဖို့က ခက်ခဲနိုင်ပါတယ်။

- ဒါကြောင့် ကျွန်တော်တို့အနေနဲ့ Support and Resistance Zone ကို သတ်မှတ်ဖို့ လိုအပ်လာပါတယ်။
- Support and Resistance Zone အဖြစ်သတ်မှတ် ဆွဲသားဖို့အတွက် အထက်က ဖေါ်ပြခဲ့တဲ့ Support
Level, Resistance Level ဆွဲလို့ရတဲ့ Point တွေက အနိမ့်၊အမြင့် Pips အနည်းငယ်အကွာမှာ ထပ်မံတွေ့ရှိနေရင်တော့ ပထမထိပွိုင့်အနည်းဆုံး ၂ ပွိုင့်ရှိတဲ့ လိုင်းနဲ့ ဒုတိယထိပွိုင့်အနည်းဆုံး ၂ ပွိုင့်ထိတဲ့ လိုင်းကြားက နေရာကို Support Zone and Resistance Zone အဖြစ်သတ်မှတ်နိုင်ပါတယ်။
(ပုံ) ၂ မှာ ဖေါ်ပြထားပါတယ်။


Key Resistance နဲ့ Key Support က ဘာကိုခေါ်တာလည်း

- ယေဘုယျအားဖြင့် အမြင့်ဆုံးထိပွိုင့်များမှ ရရှိတဲ့ Resistance Line ကို Key Resistance Line
လို့ခေါ်ပြီး၊ အနိမ့်ဆုံးထိပွိုင့်များမှ ရရှိတဲ့ Support Line ကိုတော့ Key Support Line လို့ခေါ်ပါတယ်။
- Key ဆိုတဲ့အတိုင်း အရေးပါတယ်၊ အားကောင်းတယ်ဆိုတဲ့ သဘောပါ။
(ပုံ (3) မှာ ပြထားပါတယ်။)

R1 , R2, S1, S2 တွေက ဘာကိုခေါ်တာလည်း

- R က Resistance ကိုခေါ်တာဖြစ်ပြီး၊ S ကတော့ Support ကိုခေါ်တာဖြစ်ပါတယ်။
- မတူညီတဲ့ ထိပွိုင့်တွေ၊ Zone အဖြင့်လည်း သတ်မှတ်လို့မရတဲ့ ထိပွိုင့်တွေကို ဆွဲရာမှာ
နာမည်တစ်ခုအနေနဲ့ပေးကြတာဖြစ်ပါတယ်။
- Chart တစ်ခုမှာဆိုရင် အခြေနေပေါ်မူတည်ပြီး မတူညီတဲ့ ထိပွိုင့်တွေအရ
မျဉ်းတွေများကြီးဆွဲလို့ရတာပါ။ အဲလို အများကြီး ဆွဲလို့ရတဲ့အခါမှ Resistance Line ကို ဆွဲလျှင်
အပေါ်ဆုံးမှ အောက်သို့ R1, R2 (ဒါမှမဟုတ်) Ra, Rb လို့ခေါ်ကြတာပါ။ S1, S2 တွေလည်း
ဒီသဘောပါပဲ အနိမ့်ဆုံး Support ထိပွိုင့်ကနေ လိုင်းတွေဆွဲပြီး အောက်ကနေ အထက်ကို S1, S2
(ဒါမှမဟုတ်) Sa, Sb အနေနဲ့ခေါ်ကြခြင်းဖြစ်ပါတယ်။
အထက်က ဖေါ်ပြထားချက်ကို ကောင်းစွာနားလည်ရင်တော့ Support and Resistance ကို
ကောင်းဆွဲရေးဆွဲတတ်၊အသုံးချတတ်မှာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အကြွေးကျေပါတော့်မယ်။
ခုခေါင်းစဉ်အောက်က ကျန်တဲ့ TA တွေကိုတော့ တဖြည်းဖြည်း ထပ်တင်ပြပါ့မယ်။

အိုကေ
အောင်မြင်ကြပါစေ။
ကျွန်တော် Linnzayar Kyaw ပါ။

အဆင်မပြေတာများရှိရင်တော့ Cb မှာ ပြောခဲ့နိုင်ပါတယ်။

Tuesday, September 8, 2015

CANDLES TRADING STRATEGY အကြောင်းတစေ့တစောင်း


 TWO CANDLES TRADING STRATEGY
- ခုကျွန်တော်တင်ပြမယ့် နည်းကတော့ Candle 2 ခုကိုကြည့်ပြီး Buy, Sell လုပ်နိုင်မယ့် နည်းတစ်ခုဖြစ်ပါတယ်။
- ဒီနည်းကိုတော့ Chart တွေ ကြည့်ရင်းရလာတဲ့ အိုင်ဒီယာလို့လည်း ပြောလို့ရပါတယ်။
- အားလုံးသိကြတဲ့ အတိုင်း ကျွန်တော်တို့ မားကတ်ကိုကြည့်တဲ့အခါ Chart တွေကို အဓိက အာရုံစိုက်ကြည့်ကြတာပါ။ Chart ထဲမှာတောင်မှ Bar Chart, Line Chart ထက် Candle Stick Chart တွေ အကြည့်များကြပါတယ်။
- ခုနည်းကို သုံးဖို့အတွက် Candle အခြေခံလေးတော့သိဖို့လိုပါမယ်။ ဒါကလည်း အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ Buy Candle လား၊ Sell Candle လားဆိုတာ Chart မှာ အရောင်ကွဲပြီး ပြထားပြီးသားပါ။
- နောက်တစ်ချက်အနေနဲ့ ဒီ Buy Candle, Sell Candle များရဲ့ အရွေ့ကို သိဖို့လိုပါတယ်။ သိပ်ခေါင်းမစားကြပါနဲ့ အရွေ့ဆိုတာကို ကျွန်တော်ရှင်းပြပါမယ်။
(ပုံမှာလည်း ရှင်းပြထားပါတယ်။
- Strategy နာမည်ကိုတော့ ကျွန်တော် အဆင်ပြေသလို ပေးလိုက်တာပါ။
 
‪‎မဖြစ်မနေနားလည်ပေးဖို့က
 
(၁) Buy (သို့မဟုတ်) Buy Candle
- အ၀ယ်များလာရင် ပစ္စည်းဈေးတက်ပါတယ်။ တနည်းအားဖြင့် Buy Candle သည် အောက်ကနေအထက်ကို တက်သည်။ သူ့အရင် ဈေးထက်ပိုသည်။
- Buy Candle အသစ်သည် သူ့အရှေ့ Candle (Buy ဖြစ်စေ၊ Sell ဖြစ်စေ) ၏ အထက်နားမှာ စတင်ပြီး ဈေးဖွင့်သည်။ တနည်းအားဖြင့် အ၀ယ်ဈေးကွက်ဖြစ်ဖို့ အတွက် ယခုဈေးသည် ယခင်ဈေးထက်ပိုသည်။
- Buy Candle ၏ အဖွင့်ဈေး Buy Candle အောက်ခြေကစသည်။ (Buy အဖွင့်ဈေးက ယင်း Candle အောက်ကနေအထက်တက်သည်။ ဈေးက တက်သွားတဲ့သဘောဖြစ်ပါတယ်။) အောက်ကပုံကို ကြည့်ပါ။





(၂) Sell (သို့မဟုတ်) Sell Candle
- အရောင်းများလာရင် ပစ္စည်းဈေးကျပါသည်။ တနည်းအားဖြင့် Sell Candle သည် အထက်ကနေ အောက်ကို ဆင်းပါသည်။ သူ့အရင်ဈေးထက်နိမ့်ပါသည်။
- Sell Candle အသစ်သည် သူ့အရှေ့ Candle (Buy ဖြစ်စေ၊ Sell ဖြစ်စေ) ၏ အောက်နားမှာ စတင်ဈေးဖွင့်ပါသည်။ တနည်းအားဖြင့် အရောင်းဈေးကွက် Sell ဖြစ်ဖို့ ယခုဈေးသည် ယခင်ဈေးထက်နိမ့်ပါမည်။
- Sell Candle ၏ အဖွင့်ဈေး Sell Candle သည် အထက်ကနေ အောက်ကိုဆင်းပါသည်။ (Sell အဖွင့်ဈေးက ယင်း Candle ၏ အထက်ကနေ အောက်သို့ဆင်းပါသည်။
အထက်ကဖေါ်ပြခဲ့တဲ့ အချက် ၂ ချက်ကို နားလည်မှ ဒီနည်းကို အသုံးပြုလို့ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ရေးထားတာမရှင်းရင်လည်း ပုံနှင့်တကွတိုက်ဆိုင်ကြည့်ရှုစေလိုပါသည်။ အောက်ကပုံကိုကြည့်ပါ။



‪#‎ဘယ်လို‬ Buy/Sell လုပ်မလည်းဆိုတာကို
- ပုံထဲမှာ အသေးစိတ် စာထိုးရှင်းပြထားပါတယ်။



‪#‎အထွေထွေ‬
- ဒီနည်းကို ကျွန်တော် Chart ကြည့်ရင်းစဉ်းစားမိထားတဲ့ နည်းလေးသာဖြစ်ပါတယ်။
- 100% မှန်ဖို့ မသေချာပေမယ့် ၀င်ပေါက်ရှာတတ်ရင် 80% လောက်က သေချာပေါက်အမြတ်ရနိုင်ပါတယ်။
- Candle ၁ခုချင်းစီနဲ့ ကြည့်ပြီး Trade တာဖြစ်သောကြောင့် H1 Chart မှာ 10~20 Pips လောက်သာ အမြတ်ရနိုင်မှာပါ။ (Currency Pair 1 Lot 10 Pips = 100$)
- Currency Pair များကို အဓိက ကျွန်တော်အားပေးပါသည်။
- ဒီနည်းအရ Candle Formation ( Buy Candle, Sell Candle စဖြစ်တည်မှု) ဟာ 90% လောက်မှန်ပါလိမ့်မယ်။ တစ်ခါတရံ သူ့အရှေ့အပိတ်ဈေးအောက်လျော့ပြီး ဈေးစဇွင့်သော Candle များဟာ Sell မဖြစ်ဘဲ Buy Candle ဖြစ်သွားတာလည်း
ရှိတတ်ပါတယ်။
- Side Way Market အနေအထားတွင် သတိထားပြီး အ၀င်အထွက်လုပ်ပါ။
- Stop Loss ထားလိုပါက သူ့အရှေ့ Candle ၏ အထက် စွန်းစွန်း (သို့မဟုတ်) အောက်စွန်းစွန်းတွင် ထားနိုင်ပါသည်။
- မရှင်းတာများရှိလျှင်သော်လည်းကောင်း၊ ရလဒ်များကိုသော်လည်းကောင်း ကွန့်မန့်ပေးခဲ့ကြစေလိုပါသည်။
- ကျွန်တော်နားလည်သလိုတွေး၍ ကျွန်တော်တွေးသလို မျှဝေလိုက်ပါသည်။
စမ်းသပ်မျှဝေ အောင်မြင်ကြပါစေ။

Credit >>>> Linnzayr Kyaw 


အဆင်မပြေတာများရှိခဲ့မယ်ဆိုရင် C-box မှာအော်ခဲ့နိုင်ပါတယ်။

Monday, August 24, 2015

About Copy Trading and Mirror Trading




Copy Trading and Mirror Trading

- Copy Trading ဆိုတာက ယေဘုယျအားဖြင့် မိမိနှစ်သက်ရွေးချယ်ထားသော Trader (Investor လို့ခေါ်ပါတယ်) ရဲ့ အရောင်းအ၀ယ်လုပ်သော Position ကို အလိုအလျောက်ကူးယူပြီး မိမိအတွက် Trade လုပ်စေတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။

- Mirror Trading ဆိုတာကတော့ မိမိနှစ်သက်ရာ Trader(Investor) ရဲ့ တီတွင်ဖန်တီးထားတဲ့ Strategies ကိုဖြစ်စေ၊ ၄င်း Trading လုပ်ခြင်းမှာ တစ်စိတ်တပိုင်းဖြစ်စေ ကော်ပီကူးယူပြီး အသုံးပြုဖို့ တနည်းအားဖြင့် မိမိအတွက်ပါ Trade ပေးဖို့ ပါဝင်ဖြင့်းဖြစ်ပါတယ်။ ဒီလို Copy Trading လုပ်ခြင်းအားဖြင့် မိမိကော်ပီယူသော Investor အတိုင်း မိမိမှ Take Profit တွေ၊ Stop Loss တွေကို အလိုအလျောက် ရရှိစေပါတယ်။ ဒါ့အပြင် မိမိရွေးမှုမှန်ကန်ပါက မိမိအနေနဲ့ Trade မှာ သီးသန့်အချိန်မပေးရဘဲ အလိုအလျောက်အမြတ်အစွန်းရရှိစေမှာဖြစ်ပါတယ်။ Copy Trade အတွက် ၀န်ဆောင်ခနှုန်းထားတွေ တစ်နည်းအားဖြင့် မိမိရွေးချယ်သော Investor သို့ ပေးရမယ့် အခကြေးငွေအနေနဲ့ အကြမ်းအားဖြင့် တစ်လလျှင် ဒေါ်လာ 20 ခန့်မှ ဒေါ်လာ ထောင်၊သောင်းချီ ရှိတတ်ပါတယ်။ ဒါပေမယ့် Copy Trade လုပ်ဖို့အတွက် အခက်ခဲတစ်ချို့ရှိနိုင်ပါတယ်။ သင့်တော်တဲ့ Investor ရွေးချယ်မှုက ကနဦးအရေးကြီးတဲ့ အချက်ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ပညာရှင်တွေအကြံပေးချက်က Return တအားကောင်းတဲ့ Investor ထက်စာလျှင် ပုံမှန်အမြတ်ရှာဖွေပေးနိုင်တဲ့ တနည်းအားဖြင့် Growth Rate ပုံမှန်ရှိတဲ့ Investor မျိုးရွေးချယ်ဖို့ပါ။

နောက်အခက်ခဲတစ်ခုက Copy Trade လုပ်ဖို့အတွက် မိမိရဲ့ Trading Account ကို 24 နာရီ Online တက်ထားရမှာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ နိုင်ငံမှာ နည်းနည်းအခက်ခဲရှိနိုင်ပါမယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ Copy Trade Services တွေနဲ့တွဲပြီး Forex VPS Plan မျိုးအသုံးပြုဖို့ဖြစ်လာတာပါ။ VPS ဆိုတာက Virtual Private Server ကိုခေါ်ဝေါ်တာဖြစ်ပါတယ်။ သဘောကတော့ မိမိကိုယ်ပိုင် ဆာဗာတစ်လုံးငှားရမ်းပြီး အဲဒီ ဆာဗာမှာ မိမိရဲ့ အကောင့်ကို Login လုပ်ပြီး သက်ဆိုင်ရာ Copy Trade နဲ့ ချိတ်ဆက်ထားရုံပဲဖြစ်ပါတယ်။
ဒီလို VPS တွေမှာတော့ တစ်ပတ်နှစ်ဆယ်လေးနာရီအလုပ်လုပ်ပေးနိုင်ခြင်း၊ မိမိနှစ်သက်ရာ Hardware ပမာဏဖြင့် ငှားရမ်းအသုံးပြုနိုင်ခြင်း၊ မီးပျက်မှုလုံးဝမရှိခြင်း၊ အများအားဖြင့် Windows Os စနစ်ကိုအသုံးပြုထားခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။
VPS ဆာဗာတွေ ငှားရမ်းသုံးစွဲခတွေအနေနဲ့ အနိမ့်ဆုံးတစ်လလျှင် 10 ဒေါ်လာဝန်းကျင်မှ ဒေါ်လာ 100 ခန့်ထိရှိနိုင်ပါတယ်။ 

အထက်က ကျွန်တော်ရေးသားတင်ပြခဲ့တာကတော့ နိုင်ငံရပ်ခြားမှာ ခေတ်စားနေတဲ့ Copy Trade အကြောင်း အကြမ်းသဘောတရားသာဖြစ်ပါတယ်။ မည်သည့်နယ်ပယ်မဆို ဆောင်းပါးတစ်စောင်၊ စာတစ်ပိုဒ်ဖြင့် နားလည်မှာတော့ မဟုတ်ပါဘူး။ ဗဟုသုတအလို့ငှာ တင်ပြရခြင်းသာ ဖြစ်ပါတယ်။
ပြန်ချုပ်ကြည့်လိုက်ရင်တော့ Copy Trade လုပ်ဖို့အတွက်..............

1 - သင့်တော်သော Investor ရွေးချယ်ခြင်း
2 - Copy Trade Fees တစ်လလျှင် အနိမ့်ဆုံး 20 ဒေါ်လာဝန်ကျင်းမှ အထက်ရှိနိုင်ခြင်း၊
3 - Copy Trade လုပ်ပါက တစ်လလျှင် ငှားရမ်းခ 10 ဒေါ်လာခန့် မှ အထက်ရှိနိုင်သော VPS ကို        
     ငှားရမ်းအသုံးပြုဖို့ လိုအပ်ခြင်းတို့ကို အကြမ်းသိပြီးလို့ ယူဆပါတယ်။

ဒါကြောင့် Copy Trade လုပ်ပါက တစ်လလျှင် ဒေါ်လ 30 ခန့်လောက်နဲ့ Copy Trade လုပ်လို့ရနိုင်တယ်လို့ တွက်လို့ရပြီးဖြစ်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် Copy Trade လုပ်သည်ဖြစ်စေ၊ အချိန်ပေးနိုင်လို့ ကိုယ်ပိုင် Strategy လုပ်တာပဲ ဖြစ်စေ အဓိကကတော့ သင့်တော်တဲ့ Profit ရဖို့ပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

အောင်မြင်သော Traders များဖြစ်ကြပါစေ။

Credit >>>> Sr. Linnzayar Kyaw

Sunday, August 23, 2015

BTC သမားများအတွက်ပါ။



ကျွန်တော့် Blog လေးကို အစဉ်တစိုက်အားပေးနေကြတဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ မိတ်ဆွေများ အထူးစိတ်ဝင်စားစေမယ့်အကြောင်းအရာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါပေမယ့် ဒီနည်း စနစ်ကို ဘယ်လိုပုံစံနဲ့ပေးရင်ကောင်းမလဲဆိုတာကိုတော့ ကျွန်တော်စဉ်းစားနေဆဲပဲရှိပါသေးတယ်။ အရင် တုန်းကတော့ မိမိတို့တွေ ဘာပဲရှာတွေ့ ရှာတွေ့ အလကားနီးပါးလောက်ကို ပေးခဲ့ကြတာတွေကို အွန်လိုင်းငွေရှာလောကသားများအနေနဲ့ (လွန်ခဲ့သော 2 နှစ်လောက်ကစတင်သောသူများအား ဆိုလိုသည်) အသိပဲဖြစ်ပါတယ်။ ဒီကြားထဲမှာ အတုယောင်တွေကလည်း အတော်လေးများသားလားဗျာ။ ဒါပေသိ တချို့ကြတော့ လည်း အချောင်လေးများရမလားဆိုပြီးဝင်လာတယ်။ ကိုယ်ကိုတိုင်လည်း လေ့လာ အားထုတ်မှုကမရှိ ဟိုမေး ဒီမေး ဟော... ပြီးတော့လည်း သောက်ဖောင်းထုပြီးပြန်ပြေးကြ ။ ကောင်းရောဗျာ ကိုယ့်ထမင်းကိုစား ကိုယ့်အင်တာနက်ကိုယ်သုံးပြီး မိမိသိထားတာလေးတွေကို အခြားသူများလည်း သိပါစေ ဆိုတဲ့စေတနာနဲ့ ( RR ရတာနည်းနည်း) ချပြကြတယ်ဗျာ။ အဲ့ဒါကို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး လာအော်ကြတယ်လေ။ ဒီတော့ အလကားရတဲ့ဟာက ဘာမှတန်ဖိုးမရှိဘူးဆိုတာဖြစ်လာတဲ့အတွက် အခအနည်းဆုံးသောအခကြေးငွေနဲ့ မိတ်ဆွေများကို ချပြတဲ့သူတွေ ပေါ်ပေါက်လာရတာပဲ။ 

ကျွန်တော်လည်း တော်ကီများနေတော့ ဆိုလိုရင်းကိုမရောက်ဘူးဖြစ်နေတယ်။ အောက်မှာ Video ဖိုင်လေး တင်ပေးထားပါတယ်။ ဘာလဲဆိုတာ ကြည့်ပေးထားကြပါ။ ဒီနည်းစနစ်ကတော့ Bitcoin သမားများအတွက် ဖြစ်ပါတယ်။  တစ်ခုတော့ကြိုပြောထားမယ်ဗျာ။ လောဘကိုကြိုတင်သတ်ထားပါ။ ဖြစ်နိုင် ရင် တရားထိုင်ဖို့ပါလုပ်ပါလို့   ငိငိငိ 



ဒီမှာတော့ အနည်းဆုံးနဲ့ ဆော့ပြထားတာပါ။ Video ဖိုင်ကတော့ 2 မိနစ်နီးပါးပဲရှိပါတယ်။ ဘယ်လိုပုံစံနဲ့ ပေးမယ်ဆိုတာကတော့ ဆက်လက်စဉ်းစားပါအုံးမယ်။

ကြိုးစားအားထုတ်မှုမရှိရင် ဘယ်အရာမှဖြစ်မလာပါဘူး

Friday, August 21, 2015

SCAM လေးတော့ စစ်ကြပါအုံး မိတ်ဆွေတို့






Online မှာ ငွေရှာနေတဲ့ မိတ်ဆွေများ မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ ကျွန်တော့်မိတ်ဆွေများအတွက် အကျိုး ရှိစေမယ့် အကြောင်းအရာတစ်ခုကို ကျွန်တော်ပြောပြချင်ပါတယ်။ တစ်ချို့လည်း သိပြီးဖြစ်သလို မသိသေး တဲ့သူများလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေသိ သိပြီးတဲ့သူတွေလည်း ပိုပြီးသိသွားအောင်၊ မသိသေးတဲ့ မိတ်ဆွေများလည်း သိသွားစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပို့စ်ကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ 

ကျွန်တော်တို့ Online မှာငွေရှာကြတဲ့အခါမှာ အမှန်တကယ်ပေးနေတဲ့ဆိုက်လား အတုအယောင်လားဆို တာခွဲခြားရ ခက်လှပါတယ်။ ဒီတော့ လုပ်သာလုပ်ရတယ် ဘာမှန်းသိပ်မသိကြဘူး။ ကိုယ်လုပ်နေတဲ့ဆိုက်က မပေးဘူးဆိုရင် ကုန်သွားတဲ့အချိန်တွေရယ် ဖုန်းသမားတွေဆိုရင် ဖုန်းဘေဖိုးတွေ အတော်လေးကုန်တယ်ဗျ။ တစ်ချို့ကြတော့လည်း Scamdav နဲ့စစ်ထားတာ စိတ်ချရယ် ဘာညာပေါ့ဗျာ။ ကဲ....... ဒါတွေရှိစေတော့။ 

ခုကျွန်တော်ပြောမယ့်အကြောင်းကတော့ မိမိလုပ်နေတဲ့ဆိုက်က Invest ဆိုက်တစ်ခုဆိုပါတော့။ ဒီတော့ မိ မိရင်းနှီးမယ့်ငွေအတွက် လုံခြုံမှုရှိဖို့အတွက် အရေးကြီးတယ်လေ။ ဟုတ်တယ်ဟုတ်။ ဒီနေ့ နည်းပညာရေ စီးကြောင်းထဲမှာ ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသေးတယ်။ မိမိငွေရှာနေတာ Online ပေါ်မှာဆို တာကိုလည်း သတိရဖို့လိုပါတယ်။ ကဲ... ဆိုတော့ကားးးး မိမိရင်းနှီးမယ့်ဆိုက်တစ်ခုက ဘယ်လောက်လုံခြုံ မှုရှိတယ်ဆိုတာကို စစ်ဖို့အတွက် အောက်မှာပေးထားတဲ့ပုံကိုနှိပ်ပြီး ၀င်ရောက် စစ်ဆေးနိုင်ပါတယ်။ 

http://scamanalyze.com/

 အောက်မှာ ကျွန်တော် နမူနာစစ်ပြထားပါတယ်။ ( ကျွန်တော် စစ်ထားတာကို ဖျက်ထားတဲ့အတွက် နားလည်ပေးစေချင်ပါတယ် )

ပုံ (1)
 
 ပုံ (2)

 ဟုတ်ပြီနော်။ ဒီတော့ နောက်တစ်မျိုး စစ်တာကို ဆက်သွားပါမယ်။ နောက်တစ်ခုကတော့ အတော်လေး အကျိုးရှိစေမှာပါ။ ဒါကတော့ အွန်လိုင်းငွေရှာသူများရင်းနှီးပီးသားဖြစ်တဲ့ HYIP ပဲဖြစ်ပါတယ်။ HYIP ဟုတ်မ ဟုတ်ကို အောက်မှာပေးထားတဲ့ပုံကိုနှိပ်ပြီး သွားရောက်စစ်ဆေးနိုင်ပါတယ်။

www.allhyipmonitors.com

အားလုံပဲ အဆင်ပြေကြပါစေ။  ကျွန်တော် Ko Ko ပါ။ အဆင်မပြေတာရှိရင် Comment မှာပြောခဲ့ပါ။

Wednesday, August 19, 2015

ဘောပွဲဝါသနာရှင်များအတွက်


ဒီအကြောင်းအရာကတော့ သိပြီးတဲ့သူတွေလည်း သိလောက်ပါတယ်။ ဒါပေမယ့် ကျွန်တော့် blog လေးမှာ စုံလင်အောင်တင်ချင်တဲ့ရည်ရွယ်ချက်နဲ့ ရေးသားရခြင်းပဲဖြစ်ပါတယ်။ Planet of bets ဆိုတာဘာလဲ ? ဟုတ်ကဲ့ပါ။ Planet of bets ဆိုတာ ဘောလုံးဝါသနာရှင်များ အကြိုက်တွေ့စေမယ့် (Online football gambling) အွန်လိုင်း ဘောလုံးလောင်းကစား တစ်မျိုး ပဲဖြစ်ပါတယ်။ ဘယ်လောက်ကနေစ တင်လောင်းနဲ့သလဲဆိုရင် 0.05 $ ကနေစတင် လောင်းကစားပြု လုပ်နိုင်ပါတယ်။ ပထမဦးစွာ အောက်မှာပေးထား တဲ့လင့်ကနေ Planet of bets ကို ၀င်ရောက်လိုက်ပါ။
                http://www.planetofbets.com/?ref_id=295399  
ဒီနေရာမှာတစ်ခုသိထားဖို့လိုပါတယ်။ Address ကို အနည်းဆုံး မှန်ကန်အောင်ဖြည့်ပေးပါ။ နောက် တစ်ခုက ZIP Code ဖြစ်ပါတယ်။ Zip Coad ကိုမှန်အောင်ဖြည့်ရမှာဖြစ်ပါတယ်။ မိမိ နေထိုင်ရာမြို့နယ်ရဲ့ Zip Coad ကိုသိချင်ရင် အောက်ကလင့်ကနေ၀င်ကြည့်ပါ။
                           http://www.mapanet.eu/EN/postal_codes/?C=MM

မိမိနေထိုင်ရာ တိုင်း သို့မဟုတ် ပြည်နယ်များကို တစ်ချက်ကလစ်ပေးလိုက်ပါ။ ရန်ကုန်မှာနေသူများ အတွက်ကတော့ အောက်မှာပေးထားတဲ့ လင့်ကနေ တိုက်ရိုက် မိမိနေထိုင်ရာမြို့နယ်ရဲ့ Zipcoad ကို ရှာနိုင်ပါတယ်။
                    http://www.myanmars.net/myanmar/postal-codes.htm
နောက်တစ်ခုထပ်သိထားရမှာက Acc ဖွင့်တဲ့နေရာမှာ Currency နေရာမှာ USD ကို ရွေးပေးပါမယ်။ ပုံကိုကြည့် လိုက်ပါခင်ဗျာ။ Captcha ဆိုတဲ့နေရာမှာ အပေါ်နားလေးမှာ မြင်နေရ တဲ့စာတွေကို ပြန်ရိုက် ထည့်ပေးလိုက်ပါ။  ဖြည့်ပီးရင်တော့ Register Now ကိုနှိပ် လိုက်ပါ။ ဒါဆိုရင်တော့ Acc ဖွင့်ခြင်းပြီးဆုံးပါပြီ။ Depostit လုပ်တဲ့အပိုင်းကို ဆက်သွားပါမယ်။ လွယ်ပါတယ်ဗျာ။  ပုံကိုတစ်ချက်ကြည့်ပါ။ 
 ထိပ်ဆုံးမှာ Deposit ဆိုတာရှိပါတယ်။ အဲဒါကိုနှိပ်လိုက်ပါ။ အဲဒီအခါမှာ payment system နေရာမှာ PM (Perfect Money) ဆိုတာကို ရွေးပေးလိုက်ပါ။ မိမိကြိုက်သလောက် ထည့်လို့ရပါတယ်။  Withdraw လည်း ထို့နည်းလကောင်းပါပဲဗျာ။ Tume Zone ချိန်းပါမယ်။ ဒီတော့ ကျွန်တော်တို့ နိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံ Time Zone ကိုပြောင်းလိုက်မယ်ဗျာ။ ဒီတော့ ညာဘက်ဒေါင့်နားလေးမှာ မိမိနာမည်ရှိတယ်။ အဲ့ဘေးနားမှာ မျှားခေါင်းလေးရှိတယ်။ နှိပ်လိုက်ပါ။ Setting ဆိုတာကိုနှိပ်။ အောက်ကပုံကိုရောက် သွားလိမ့်မယ်။ အဲဒီမှာ ကျွန်တော်ဝိုင်းပြထားတယ်ဗျာ။ GMT 7 (Bangkok. Hanoi) ဆိုပြီးပြောင်း ထားတယ်။ Save ကိုထပ်နှိပ်။ ဒါဆိုအဆင်ပြေပြီ။ အောက်ကပုံကိုကြည့်ပါ။
အောက်ကပုံကိုကြည့်ပါ။

3Way result ဆိုတာကတော့ မိမိလောင်းချင်တဲ့အသင်းဘက်ကိုလောင်းနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဘောသမားများအကြိုက်တွေ့စေမယ်အရာဖြစ်ပါတယ်။ အောက် ကပုံကိုကြည့်ပါ။ How many goals willbe scored? ဆိုတာဖြစ်ပါတယ်ဘာကိုပြောတာလဲဆိုရင်တော့ ဂိုးပေါ် / ဂိုးအောက် ဆိုတာကိုခေါ်တာပါ။ 
 
ဒီနေရာမှာတစ်ခုပြောချင်တာက အကွက်လေးတွေဘေးမှာ မျှားခေါင်းပုံစံလေးနဲ့ အနီရောင်ရယ် အစိမ်းရောင်ရယ်ဆိုတာပေါ်နေ တာကိုတွေ့ပါလိမ့်မယ်။ဒါကဒိုင်က ပေါက်ဈေးကိုဖွင့်ထားတဲ့ အချိန်ကို ကိုယ်စားပြုပါတယ်။ အရောင်လေးတွေမပေါ်ရင်တော့ လောင်းလို့မရသေးပါဘူး။ ခနစောင့်လိုက်ပါ။ ဒိုင်က ဈေးပြန်ဖွင့်တဲ့အချိန်ကိုပြန်စောင့်ပေးလိုက်ပါ။  ပုံကိုကြည့်လိုက်ပါ။ Over 0.5 ဘက်မှာ အစိမ်းရောင်ဖြစ်နေတာကိုတွေ့ပါလိမ့်မယ် ဒါကတော့ ဂိုးသွင်းနိုင်ချေများတယ်လို့ သိထားရမှာဖြစ်ပါတယ်။ Under 0.5 ဘက်မှာတော့ အနီရောင်ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကတော့ ဂိုးသွင်းနိုင်ချေ နည်းတယ်လို့ သိထားရမှာဖြစ်ပါတယ်။ ဒီအရောင်တွေကို အရမ်းတော့ အားမပြုစေချင် ပါဘူးဗျာ။ ဖြစ်နိုင်ချေက နည်းလွန်းလို့ပါ။ ပွဲချိန်များလာတာနဲ့အမျှ ပေါက်ဈေးကလည်း ကျကျသွားပါတယ်။ ဂိုးပေါ်ဘက်မှာပြထားတဲ့
Over 0.5 = တစ်ဂိုး
Over 1.5 = တစ်ဂိုးအထက်
Over 2.5 =  နှစ်ဂိုးနဲ့အထက်
Under 0.5 ဆိုတာကိုတော့ မရှင်းပြတော့ဘူးနော်  :D ။ ပေါက်ဈေးကိုရှင်းပြမယ်။ 
Over 0.5 ဘေးကိုကြည့်ပါ။ 1.22 ဆိုတာက 1 ဒေါ်လာထိုးရင် .22 ရမယ်လို့ပြောတာဖြစ်ပါတယ်။
Over 1.5 ဘေးက 2.07 ဆိုတာက 2 ဒေါ်လာထိုးမှ .07 ပဲရမယ်တဲ့ ။ Over 2.5 ဘေးက 4.44 ကိုပြောရမယ်ဆိုရင် 4 ဒေါ်လာထိုးမှ .44 သာနိုင်မယ်တဲ့။ ၀ါသနာပါရင် ချသာချ (ဆေးထိုးတာညော် :p)
ဖိုးကဒ်ရိုက်ချင်တဲ့သူတွေကြတော့ အောက်ကပုံကိုကြည့်ပီး ဆွဲကြပေါ့ဗျာ။

နောက်တစ်ခုကတော့ ကျွန်တော်တို့ တော်တော်အကြိုက်တွေ့စေမယ့်နည်းပေါ့ဗျာ။  အောက်က ပုံကိုကြည့်ပါ။

အဲဒီမှာ No goal ဆိုတာရှိတယ်။ ဒီကောင်ကဘာလဲဆိုတော့ နောက်ထပ်ဂိုး မသွင်းတော့ဘူးလို့ဆိုလို တာဖြစ်ပါတယ်။ ဘယ်အချိန်ထိဆော့လို့ရလဲဆိုရင် ပွဲပြီးခါနီးထိ ဆော့လို့ရတယ်။ ပွဲပြီးချိန်နီးလာတာ နဲ့အမျှ ပေါ့ဈေးကတော့ လျှော့သွားတယ်ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ပွဲကစားချိန် 88 မိနစ်လောက်မှာ နောက် တစ်ဂိုးသွင်းဖို့ဆိုတာ သေချာလား မသေချာလားဆိုတာ ဆုံးဖြတ်ကြည့်ပေါ့။ မသေချာနိုင်ရင် Nogoal ပွင့်နေလား ပွင့်နေရင်ဆွဲတော့ပေါ့ဗျာ။ ကဲမကောင်းဘူးလား။ ဒီလောက်ဆိုရင်ပဲ မိတ်ဆွေများအတွက်အကျိုး ဖြစ်ထွန်းမယ်လို့ထင်ပါတယ်။

အဆင်ပြေကြပါစေခင်ဗျာ။ ကျွန်တော် Ko Ko ပါ။



Monday, August 3, 2015

Blog ထောင်ပြီး ငွေရှာလိုပါသလား ??????


အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခါ ကျွန်တော်ပြောပြမယ့်ဟာကတော့ Blogger သမားများအတွက်ဖြစ် ပါတယ်။ Blog တခုလုပ်တာကဘာမှ မခက်ပါဘူးခင်ဗျာ။ ဒီပိုစ် မှာကတော့ Blog ပြုလုပ်ပုံကို မရှင်းပြ  ပါဘူး။ Blog ထောင်ပြီး ပိုက်ပိုက်ရှာတာကိုပဲ ရှင်းပြသွားမှာဖြစ်ပါတယ်။ ကဲ ..... စလိုက်ကြရအောင်။

ပထမဦးဆုံးကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ဟဲဟဲဟဲ  .... အောက်ကလင့်လေးကိုနှိပ်လိုက်ပါ။

                      https://www.popads.net/users/refer/455991

Ok နော် :D  Register လုပ်ရအောင်ဗျာ။ လွယ်ပါတယ် ဟဲဟဲဟဲ .... လုပ်နေကြပဲဟာကိုးးးလို့  :p
အောက်ကပုံကိုကြည့်ပါ။ ဖြည့်ရမယ်ဟာတွေကိုဖြည့်ပေးပါ။ Gmail ထဲကို လင့်တစ်ခုပို့ပေးပါလိမ့်မယ်။ အဲဒီလင့်ကိုနှိပ်ပြီး Confirm လုပ်ပေးလိုက်ပါ။


 Ok ....  Register လုပ်ပြီးပြီဆိုပါစို့။ Login ပြန်ဝင်လိုက်တာနဲ့ အောက်ကပုံလိုမျိုးမြင်ရပါလိမ့်မယ်။ Current Balance ဆိုတာကတော့ မိမိဘယ်လောက်ရနေပြီဆိုတာကိုပြတာဖြစ်ပါတယ်။ Total payout ဆိုတာကိုတော့ မပြောပြတော့ဘူးနော်  :p  ။ ကဲ.... Blog နဲ့ချိတ်တာလေး စလိုက်ရအောင်ဗျာ။


ကျွန်တော်ဝိုင်းပြထားတဲ့နေရာမှာ New Website ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင် အောက်မှာကျွန်တော်ပြ ထားတဲ့အတိုင်းလိုက်ဖြည့်ပါ။ ပုံကိုသေချာကြည့်ပါ။

1.  Site Name ဆိုတာက မိမိဆိုဒ်နာမည်ကိုပြောတာပါ။
2.  Site URL ဆိုတာက မိမိဆိုဒ်ရဲ့ လင့်ကိုပြောတာပါ။ ဥပမာ .... http:// www.mademoneyinonline.blogspot.com ဆိုတာမျိုးပေါ့
3.  Category ဆိုတာကတော့ မိမိဆိုဒ်က ဘာအမျိုးအစားလဲဆိုတာကိုပြောတာပါ။ ဘာထည့်ရမှန်းမသိရင်တော့ General/Internet ကိုပဲပေးလိုက်ပါ။
Description နေရာမှာ နဲနဲဖောလိုက်ပါ  :D

အားလုံးပြီးရင်တော့ အောက်နားမှာ Add Wetsite ကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းဖြစ်သွားပါလိမ့်မယ်။ ဒီနေရာမှာတော့ ကျွန်တော့်ရဲ့ Blog အဟောင်းလေးတစ်ခုနဲ့လုပ်ပြထားပါတယ်။ ၀ါသနာပါရင်လာ လည်သွားပါလို့  ငိငိငိ  :p

မျှားပြထားတဲ့နေရာမှာ အမှတ်ချစ်လေးတွေပေးလိုက်ပါ။ ပီးရင်တော့ Add website ကိုနှိပ်လိုက်ပါ။ အောက် ကပုံလေးကိုဖြစ်သွားပါလိမ့်မယ်။


အားလုံးပြီးသွားပီဆိုရင်တော့ 24 နာရီစောင့်ရမှာဖြစ်ပါတယ်။ 24 နာရီအတွင်းမှာ မိမိ Blog ဖွင့်ထားတဲ့ Gmail ထဲကို အောက်ကပုံအတိုင်း mail ပို့ပေးထားပါလိမ့်မယ်။ Code.txt ဖိုင်ကိုဖွင့်လိုက်ပါ။ Code တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Code တွေကို Copy ကူးပါ။

Blogger.com ကိုသွားပီတော့ login လုပ်ပါ။ အောက်ကပုံအတိုင်း မြင်ရမှာဖြစ်ပါတယ်။


အဲဒီမှာ ကျွန်တော်မျှားပြထားတဲ့နေရာကိုနှိပ်ပါ။ Template ကိုထပ်နှိပ်ပါ။  အောက်ကပုံအတိုင်းမြင်ရ မှာဖြစ်ပါတယ်။



Edit HTML ဆိုတာကိုနှိပ်ပါ။ ဒါဆိုရင်တော့ Blog မှာ မိမိတင်ထားတဲ့ Template HTML Code တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ နဲနဲသတိထားပါ။ ဘာလို့လဲဆိုတော့ HTML Code တွေက လုံးဝမှားလို့မရပါဘူး။ စာလုံးတစ်လုံးပိုသွားတာဖြစ်စေ ပျက်သွားတာဖြစ်စေလုပ်မိတာနဲ့ HTML Error တက်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက် သတိထားပီးလုပ်စေချင်ပါတယ်။ အောက်ကပုံကိုတစ်ချက်ကြည့်ပါ။



အပေါ်မှာ ၀ိုင်းပီးတော့ မျှားပြထားတဲ့နေရာမှာ </head> ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကဘာကိုပြောတာလဲဆိုရင် Html Code တွေအများကြီးထဲမှာ </head> ဆိုတာကိုလိုက်ရှာနေ ရင် ခေါင်းမူးမှာစိုးတဲ့အတွက် Browser ကို ခိုင်းစားလိုက်တာပါ။ ဒါကိုဘယ်လိုလုပ်သလဲဆိုရင်တော့ html code တွေရဲ့ ကြိုက်တဲ့နေရာမှာ မောက်စ် ကို တစ်ချက်နှိပ်လိုက်ပါ။ ဖုန်းနဲ့လုပ်မဲ့သူများအတွက်လည်း အတူတူပါပဲ။ ပီးရင် ကီးဘုတ်ကနေ Ctrl + F  ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် အပေါ်မှာ ကျွန်တော်ဝိုင်းပြထား တဲ့နေရာမှာ Search box လေးပေါ်လာပါလိမ့်မယ်။ အဲဒီထဲမှာ </head> ဆိုတာကို ရေးပီး Enter ကိုနှိပ်လိုက်ပါ။ ဒီအဆင့်မှာတော့ ဖုန်းနဲ့လုပ်မဲ့မိတ်ဆွေတွေအတွက်တော့ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ပုံထဲက အောက်နားလေးမှာ ကျွန်တော်မျှားပြထားတဲ့နေရာမှာ အ၀ါရောင်လေးနဲ့ </head> ဆိုတာကိုတွေ့ရပါလိမ့်မယ်။ Gmail ထဲက Code.txt ဖိုင်ကိုဖွင့်ပါ။ Code တွေအကုန်လုံးကို Copy ကူးပါ။ </head> ရဲ့အပေါ်နားလေးမှာ ကူးလာတဲ့ Code တွေကို ထည့်လိုက်ပါ။ ပုံမှာ ကျွန်တော်အ၀ိုင်းကြီးနဲ့ ပြထားပါတယ်။ ထည့်ပြီးသွားရင် Save template ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ pop ads နဲ့ Blog ချိတ်ဆက်ခြင်း ပြီးဆုံးပါပြီ။ မိမိ Blog ကိုလာလည်သူများရင်များသလို ပိုက်ပိုက်တွေရနေပါလိမ့်မယ်။ ရလာတဲ့ပိုက်ပိုက်တွေကိုတော့ paypal နဲ့ပဲထုတ်လို့ရပါတယ်ဗျာ။




အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ယူဆပါတယ်။ အဆင်မပြေတာများရှိရင်တော့ ချက်ဘောက်မှာ ပြောခဲ့ နိုင်ပါတယ်။ 

ကျွန်တော် Ko Ko ပါ။

Thursday, June 25, 2015

How to Verify FBS Real Trading Account



How to Verify FBS Real Trading Account
================================
(FBS Trading အကောင့်ကို Verify လုပ်ပုံအဆင့်ဆင့်)
- မိမိအကောင့်လုပ်ထားသော Email နဲ့ Password ကိုအသုံးပြု၍ FBS ဆိုဒ်ထဲသို့ Login ၀င်ပါ။




- ပုံ (1) တွင်ပြထားသည့်အတိုင်းမြှားပြထားသည့် Profile Setting ဆိုတာကို နှိပ်ပါ။



#ပုံ(2)

- ပုံ (2) အတိုင်းတွေ့ရမည်ဖြစ်သည်။ ပုံ(2) တွင်မြှားထိုးပြထားသော Verification ဆိုသောနေရာကို နှိပ်ပါ။



#ပုံ(3)

- ပုံ (3) အတိုင်းတွေ့ရမည်ဖြစ်သည်။ ပုံ (3) တွင် စတားပြထားသော နေရာ ၄ ခုတွင် ဘဏ်စာအုပ်၊ ပတ်စပို့စာအုပ်၊ (သို့မဟုတ်) မှတ်ပုံတင်အတိုင်းမှန်ကန်စွာဖြည့်စွက်ပါ။
- ပြီးလျှင် ၄င်း ပုံ (3) ရှိမြှားပြထားသောနေရာကိုနှိပ်၍ ဘဏ်စာအုပ်လိပ်စာပါစာမျက်နှာနှင့် ပတ်စ်ပို့စာအုပ်(သို့မဟုတ်)မှတ်ပုံတင်(သို့မဟုတ်)ယာဉ်မောင်းလိုင်စင်ကို Attached လုပ်ပေးပြီး Send Request ဆိုတာကိုနှိပ်ပါ။



#ပုံ(4)

- ပုံ (4) အတိုင်းမိမိ၏ အီးမေးလ်အတွင်းသို့ verify အတွက် စာရွက်စာတမ်းကို လက်ခံရရှိကြောင်း အကြောင်းပြန်လာပါလိမ့်မယ်။



#ပုံ(5)

- အကယ်၍ မိမိအကောင့်သည် Verified ဖြစ်ပါက ပုံ (5) အတိုင်း အီးမေးလ်နှင့် မိမိ၏ Profile Setting တွင် Verify ဖြစ်ကြောင်း စာကိုတွေ့ရမှာဖြစ်ပါတယ်။
*** အကြောင်းအမျိုးမျိုးကြောင့် Verified မဖြစ်ပါက မိမိအကောင့်လုပ်ထားသော အီးမေးလ်နှင့် နာမည်ကို FBS ၏ Live Chat တွင် ၀င်ရောက်၍ အကျိုးအကြောင်းပြောပြပါက ချက်ချင်း Verified လုပ်ပေးပါသည်။
ထပ်မံဖြည့်စွက်ချက်
===========
- အကောင့်ဖွင့်လျှင် နာမည်အမှန်နဲ့သာဖွင့်ပါ။
- ဘဏ်စာအုပ်ထဲက နာမည်အတိုင်းဖွင့်ပါ။
- အီးမေးလ်ကိုအသစ်ပြန်ဖွင့်ပြီး ယခုအကောင့်နာမည်နှင့်တူလျှင်ကောင်းသည်။ နာမည်မရတော့ပါက အနောက်မှာ 123 စသဖြင့်ထည့်ပါ။ (ဥပမာ mgmg123@gmail.com)
- Perfect Money ၏ အကောင့်နာမည်အား fbs မှာသုံးသော နာမည်နှင့်တူအောင်ပြောင်းထားပါ။
- အကောင့်ဖွင့်လျှင်အောက်ပါ အချက်များကို စာအုပ်ထဲတွင်ချရေးပြီးမှတ်ထားးပါ။
1. Email: User Name and Password
2. Perfect Money: Login ID, Password and U No.
3. Fbs (Personal Area) - Login Email, Password, Pin Code and Code Word
4. Fbs (Metatrader Login) - Account ID and Trader Password
- အကြောင်းအမျိုးမျိုးကြောင့် Verify မဖြစ်ပါက Live Chat တွင်ဝင်ပြောပါ။ အကယ်လို့ ဘာပြောရမှန်းမသိပါက ဒီ Format သုံးပါ။
Hello,
How are you?
I have opened " မိမိအကောင့်အမျိုးစားရေး" account and I have send the required documents for my account verification but, it was rejected. Please, help me to verify my account.
အပေါ်ကစာလောက်ဆိုရပါပြီး၊ သူက Send Again လို့ပြန်ပြောရင် ပထမပို့တဲ့အတိုင်းပဲ ဘာမှမပြင်ဘဲ ပြန်ပို့ပါ။ 2 မိနစ်ခန့်အတွင်း Verify ဖြစ်ကြောင်း အီးမေးလ်ဝင်လာမယ်။ Live Chat က လူလည်း ပြောပါမယ်။
Your account is now verified ဆိုပြီးတော့နဲ့ ထပ်ပြီး ဘာကူညီရမလည်းပေါ့။ မရှိတော့ရင် ငါ့ကို Five Stars ပေးပါလို့ပြောလိမ့်မယ်။ ဒါဆို Live Chat ညာဘက်အပေါ်နားက Star ပြထားတဲ့နေရာကို နှိပ်ပြီး 5 stars ပေးလိုက်ပေါ့ဗျာ။ ပြန်ကူညီတာပေါ့။
Ok တယ်နော်။ သူငယ်ချင်းတို့။
ကဲ အကောင့်လုပ်ပြီးသူလည်း ဘယ်လို Verify လုပ်ရမလည်းဆိုတာသိပြိး၊ အကောင့်အခုမှဖွင့်မယ့်လူတွေကတော့ ဒီလင့်မှာ http://www.fbs.com/?ppu=448067 ဖွင့်ပေးကြပေါ့ဗျာ။ အကောင့်ဖွင့်နည်းကိုတော့ သီးသန့်တင်ပေးထားပြီးပါပြီး ခင်ဗျာ။
အောင်မြင်တဲ့ Trader ဘ၀ကို FBS ရဲ့ Cent Account နဲ့ လေ့ကျင့်ရင်း ရရှိကြပါစေဗျာ။

ကျွန်တော် Linnzayar Kyaw ပါ။

အဆင်မပြေတာများရှိရင်တော့ Chat box မှာ ပြောခဲ့ပေးပါခင်ဗျာ။  :D

Wednesday, June 24, 2015

What is FOREX



ကျွန်တော်နားလည်သလိုပြောကြည့်ပါမည်။
- ကျွန်တော်ဆီက အွန်လိုင်းသုံးတဲ့သူများများတော့ Forex ဆိုတာကို ကြားဖူးနေကြပါပြီး၊ သို့သော် အချို့မရှင်းမလင်းတဲ့သူတွေနားလည်မှုလွဲနေတဲ့သူတွေလည်းရှိနေတာပါ။
ဒါကြောင့် ကျွန်တော့်အနေနဲ့ Forex နှင့်တကွ သူနှင့်နှီးနွယ်သော အကြောင်းများကို ကျွန်တော်နားလည်သလိုပြောကြည့်ပါမည်။

‪#‎Forex‬ (ForeignEXcange)
------------------------------------------------------------------
- နိုင်င်ငံလှဲလယ်ရောင်းဝယ်မှုဈေးကွက်ဖြစ်ပါတယ်။
- ရွှေ၊ငွေ၊ကြေး၊ ငွေကြေး၊ စတော့၊ အင်ဒတ်၊ ရေနံ၊ ပဲ၊ ဂျုံ စသဖြင့်စသဖြင့် အရောင်းဝယ်လုပ်လို့ရပါတယ်။
#Forex Market တွင်ဝင်ရောက် ရင်းနှီးအရောင်းဝယ်လုပ်ဖို့
------------------------------------------------------------------
(To be an Internation Forex Trader)
- BPP လိုပါမယ်။
- Broker, Platform, Payment ဒီ (၃) ခုလိုပါမယ်။
#Forex Market မှာ ဘာတွေ အရောင်းအ၀ယ်လုပ်လို့ရသလည်း။
------------------------------------------------------------------
- မိမိရွေးချယ်တဲ့ Broker နှင့် Account type ပေါ်မူတည်ပြီး မိမိအရောင်းဝယ်လုပ်လို့ရတဲ့ ပစ္စည်းအမျိုးအစား ကွဲပြားမှာဖြစ်ပါတယ်။
‪#‎Broker‬ ဘယ် (၂) မျိုးရှိသလည်း။
---------------------------------------
- ကျွန်တော် နားလည်သလောက် (၁) Online Broker (၁) Offline Broker ဆိုပြီး အုပ်စု (၂) ခုခွဲလို့ရပါတယ်။
- ‪#‎Online‬ Broker ဆိုတာက အွန်းလိုင်မှာ အခြေပြုပြီး ကာစတာမာလက်ခံတာ၊ ငွေသွင်းငွေထုတ်လုပ်တာ၊အကောင့်ဖွင့်တာ စသဖြင့် ဆောင်ရွက်လို့ရသော Broker ကိုခေါ်သည်။
(ဥပမာအားဖြင့်.... http://www.fbs.com/?ppk=profit4u လိုမျိုး ဆိုဒ်များ)
- ‪#‎Offline‬ Broker (Local Broker) ကတော့ မိမိကိုယ်တိုင်၊လူကိုယ်တိုင် သွားရောက်ပြီး အကောင့်ဖွင့်ပြီး၊ငွေသွင်းပြီး ဆောင်ရွက်ရသော Broker မျိုးပါ။
(ဥပမာအားဖြင့်..... Gomax တို့လို ကုမ္ပဏီမျိုးပါ)
#Broker (2) ခု ဘာကွာခြားလည်း။
--------------------------------------
- Online Broker များဟာ သက်ဆိုင်ရာနီုင်ငံ၏ ဥပဒေအရ လိုင်စင်ယူထားသော ကုမ္ပဏီများဖြစ်ကြပါတယ်။
- Offline Broker (တနည်းအားဖြင့် မြန်မာပြည်က Broker များဟာ) အကြံပေးကုမ္ပဏီအနေနဲ့ မှတ်ပုံတင်ထားကြတာများပါတယ်။
‪#‎ဘယ်လို‬ Broker မျိုးက စိတ်ချရလည်း
----------------------------------------
- မိမိအားသန်တဲ့အပေါ်မူတည်ပါလိမ့်မယ်။
- မြန်မာပြည်က Broker တွေက လူချင်းထိတွေ့မှုရှိတယ်၊ အကြံပေးကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားတယ်။
- Online Broker က Broker လိုင်စင်နဲ့ အလုပ်လုပ်တယ်၊ လူချင်းထိတွေ့မှုမရှိဘူး။
‪#‎အသေးစိတ်ဘယ်လိုသိရမလည်း‬
-------------------------------------
- သက်ဆိုင်ရာ Broker Website များဖြစ်စေ၊ ကိုယ်စားလှယ်ဆိဖြစ်စေ၊ နားလည်သူများမှာဖြစ် မေးမြန်းနိုင်ပါတယ်။
-မှန်ကန်ုစွာ ရွေးချယ်ဖို့အတွက်အထက်ကဖေါ်ပြထားသောနေရာများမှာ သေသေချာချာလေ့လာစုံစမ်းလို့ရပါတယ်။ ဒါ့အပြင် www.google.com ကို အသုံးပြုပြီးလည်း လေ့လာနိုင်ကြကြောင်း
Broker, Platform, Payment အကြောင်း ထပ်မံရေးပါအုံးမယ်။
အောင်မြင်သော Traders များဖြစ်ကြပါစေ။
ကျွန်တော် Linnzayar Kyaw ပါ။

Friday, June 12, 2015

Satoshi များများရအောင်ရှာကြမယ် Part 3






နောက်တစ်ခုကတော့ coincollecting ပါ။ အောက်မှာပေးထားတဲ့ လင့်ကိုနှိပ်လိုက်ပါ။ ဒါကလည်း လုပ်ရတာလွယ်ပါတယ်ခင်ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်နဲနဲနဲ့ satoshi များများရနိုင်ဖို့က အရေးကြီးတယ်လေ။ 


နှိပ်ပြီးရင်တော့ အောက်ကပုံကိုတွေ့ရပါလိမ့်မယ်။


သူဖြည့်ခိုင်းတာဖြည့်ပေးလိုက်ပေါ့။ OK နော်


မတူတဲ့အချက်လာပါပြီ။ ပုံမှာ ကျွန်တော်ဝိုင်းပြထားတဲ့နေရာကို တစ်ချက်ကလစ်ပေးပါ။ အောက်ကပုံလိုဖြစ် သွားပါလိမ့်မယ်။


ဟုတ်ပြီနော်။ အဲလိုဖြစ်သွားမှ Next ကိုနှိပ်ရမှာပါ။


သူဖြည့်ခိုင်းတာဖြည့်ပေးပြီးရင် Withdrawl ကိုနှိပ်ပါ။


ကဲ... အဆင်မပြေဘူးလားဗျာ။ လွယ်လွယ်လေးရယ်။ နောက်ထပ် 10 မိနစ်နေရင် ပြန် Claim ပေါ့။ 

အဆင်မပြေတာများရှိမယ်ဆိုရင် Chart Box မှာ ပြောခဲ့ပေးပါခင်ဗျာ။

Satoshi များများရအောင်ရှာကြမယ် Part 2






ကျွန်တော်နောက်ထပ် 2 ပတ်အတွင်းမအားနိုင်တာမို့ ရှာဖွေတွေ့ရှိထားတာတွေကို တခါတဲတင်ပေးတာပါ ခုကျွန်တော်ပြောပြမယ့်ဆိုဒ်ကတော့ Free-bitcoin ဆိုတဲ့ဆိုဒ်ဖြစ်ပါတယ်။ Free bitcoin ကတော့ တစ်နာရီ တစ်ခါပေးတဲ့ ဆိုဒ်မဟုတ်ပါဘူး။ ရောကုန်မှာစိုးလို့ပါ။ သူက epay နဲ့ချိတ်ဆက်ထားတဲ့ဆိုဒ်ဖြစ်ပါတယ်။ ကဲ..ဗျာ အောက်ကလင့်ကိုတစ်ချက်နှိပ်လိုက်ပါ။


လုပ်ပုံလုပ်နည်းတွေကတော့အတူတူပါပဲ။ အောက်ကပုံလေးကိုကြည့်ရင် မိတ်ဆွေတို့ သဘောပေါက်နိုင် ပါတယ်။


ဟုတ်ပြီနောက်။ နောက်တစ်ဆင့်ကိုသွားကြရအောင်ဗျာ။


ဒါလဲ လွယ်ပါတယ်နော်။ ထပ်သွားကြရအောင်


သူက ဒါလေးတစ်ခုတော့ ပိုလာတယ်ဗျ။ Claim your prize NOW!!! ဆိုတာကို ထပ်နှိပ်ပေးရတယ်လေ။


နှိပ်လိုက်ရင်တော့ အဆင်ပြေပြီပေါ့ဗျာ။ နောက်ထပ် 5 မိနစ်နေရင် တစ်ခါ Claim လုပ်ပေါ့။ များများရှာတော့ များများစုတော့ 1BTC ဆိုတာ မြန်မြန်ပြည့်ပြီပေါ့။ အဆင်မပြေတာရှိရင် ချက်ဘောက်မှာ ပြောခဲ့နိုင်ပါတယ်။