Wednesday, October 14, 2015

BTC သမားများ ပျော်ကြစေကုန်သတည်း





အွန်လိုင်းပေါ်မှာ ငွေရှာလိုတဲ့အမျိုးများအားလုံး မင်္ဂလာပါဗျာ။ ကျွန်တော်အလုပ်နဲနဲများနေလို့ post တွေကိုမ တင်ဖြစ်တာ ခွင့်လွှတ်ကြပါလို့။ ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ BTC လို့ခေါ်တဲ့ Bitcoin ပဲ ဖြစ်ပါတယ်။ ကျွန်တော်ကလည်း Bitcoin သမားဖြစ်နေလေတော့ကား ဒါကိုပဲလိုက်ရှာနေတာပေါ့ဗျာ။ 1 BTC ကိုလက်ရှိပေါက်ဈေးကတော့ 251 ဒေါ်လာရှိနေပါတယ်။ တော်ကီပွားတာများနေပီဆိုတော့ လိုရင်းကို ပြောကြရအောင်ဗျာ :D စာနဲ့ပဲရေးနေရင် မရှင်းမှာစိုးလို့ ပုံတွေနဲ့ပါ ပြလိုက်ပါတယ်။ ခုကျွန်တော်ပြောမယ့်နည်းကတော့ ဖုန်းနဲ့လုံးဝလုပ်လို့မရပါဘူးဗျာ။ ကွန်ပျူတာနဲ့ပဲရပါတယ်။ အင်တာနက် Free ရှိသူတွေပိုအဆင်ပြေပါတယ်။ လက်ရှိမိမိမှာ 0.003 လောက်ရှိနေရမှာဖြစ်ပါတယ်။ ပထမဦးဆုံး အောက်ကလင့်မှာ Register လုပ်ပါ။ ကျွန်တော့်အထင်တော့ BTC သမားတော်တော်များများ ကတော့ Acc လုပ်ပီးသား ဖြစ်နေကြမှာပါ။


  Account မဖွင့်တတ်သူများ အောက်မှာရှိတဲ့လင့်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Account ဖွင့်နည်း  >>>>  http://mademoneyinonline.blogspot.com/2015/05/bitcoin.html
နောက်တစ်ခုကတော့ Crome Browser လိုပါတယ်။ ဒီ ၂ ခုရှိရင်ရပါပြီ။ freebitcoin မှာ login ၀င်ထား တယ်ပေါ့ဗျာ။ Keyboard က F12 သို့မဟုတ် Ctrl+Shit+J ကိုနှိပ်ပါ။ အောက်ကပုံကိုကြည့်ပါ။


Script ထည့်ဖို့အတွက် အောက်မှာ Script တွေကို Notepad နဲ့ရေးပေးထားပါတယ်။ ဒါကို ဒေါင်းလိုက်ပါ။ ဒေါင်းပြီးသွားရင်ဖွင့်လိုက်ပါ။ Script တွေကို Copy လုပ်ပြီးတော့ ပုံမှာပြထားတဲ့နေရာ မှာ သွားပြီး Paste လုပ်လိုက်ပါ။ Enter ကိုနှိပ်ပြီးတော့ ထိုင်သာကြည့်နေပေတော့ဗျာ။ ဘာမှသွားမပြင်ပါနဲ့။ လောဘကိုတော့ သတိထားပါဗျာ။ လူဆိုတာ ရလေလိုလေ မဟုတ်လား။ ပြင်ချင်သပ ဆိုရင်လည်း ပြင်နိုင်ပါတယ်။ ကိုယ်ဘာသာကိုယ် ချင့်ချိန်ဆုံးဖြတ်ပေါ့လေ။ ဒေါင်းတာကတော့ မိမိနှစ်သက် ရာကနေဒေါင်းနိုင်ပါတယ်။

Script Download >>>>  P Cloud  |   Solid file
 အဆင်မပြေတာရှိရင် Cb မှာအော်ခဲ့နိုင်ပါတယ်ဗျာ။ အဆင်ပြေကြပါစေ  Ko Ko

Wednesday, October 7, 2015

BASIC TECHNICAL ANALYSIS FOR FOREX TRADING


 

BASIC TECHNICAL ANALYSIS

ဒီအခန်းမှာတော့ Techinical Indicators/Anaylysis ဆိုင်ရာတွင် အခြေခံအကျဆုံးအရာများကို
တင်ပြသွားမည်ဖြစ်ပါတယ်။
Stock Share, Forex Makets, CFDs စသဖြင့် အရောင်းအ၀ယ်လုပ်ရာတွင် မားကတ်အခြေနေအနေ၊
ဈေးနှုန်းများ၏ ရွေ့လျားနိုင်မှု၊ အရောင်းအ၀ယ်လုပ်ရန် စဉ်းစားနိုင်စေဖို့၊ အ၀င်အထွက်မှန်ကန်စေဖို့
စသဖြင့် စသဖြင့် သုံးသပ်ရာမှာ Chart များကို ကြည့်၍ သုံးသပ်ဆောင်ရွက်တာကို Technical Analysis
(TA) လို့ခေါ်ပါတယ်။
TA ကိုလေ့လာရာမှာ များစွာသော Indicators တွေရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီအခန်းမှာတော့ Beginner
များမားကတ်ထဲသို့ ကနဦးဝင်ရောက်နိုင်စေရန်အတွက်ရည်ရွယ်ပြီး မဖြစ်မနေသိထားသင့်သည်ဟု
ကျွန်တော်ယူဆသော အောက်ပါ Indicators (5) ခုကို တင်ပြသွားပါမည်။

1. Support and Resistance
2. Trend Line
3. Common Chart Patterns
4. Reversal (Bear and Bull)
5. Continuation

Support and Resistance
(SUPPORT Support Your Profit)
Support ဆိုတာ မြန်မာလိုခေါ်ရင်တော့ ထောက်ပံမှုလို့ အဓိပ္ပါယ်ဖွဲ့နိုင်မယ်ထင်ပါတယ်။
လွတ်ကျလာတဲ့အရာ (သို့မဟုတ်) အထက်မှအောက်သို့ ကျလာတဲ့ရာကို Level တစ်ခုမှာ ထပ်ပြီး
အောက်အနိမ့်ကို မရအောင်တားဆီးထားတဲ့အရာကို Support လို့ခေါ်ပါတယ်။
Support သည် လက်ရှိ Price Level ၏ အောက်တွင်ရှိပြီး အနည်းဆုံး Price Level
နှစ်ခုအနီးစပ်ဆုံးတူညီမှုကို မျဉ်းဆွဲခြင်းဖြင့် Support Line ကိုရရှိမှာဖြစ်ပါတယ်။

Support Level ဆိုတာကဘာလည်း

- Support Level ကတော့ ဈေးတစ်ခုမှာ မားကတ်က သူ့ထက်နိမ့်တဲ့ဈေးတစ်ခုကို အပြောင်းလဲဖြစ်ဖို့
(ကျဖို့) နှစ်ကြိမ်အနည်းဆုံးငြင်းပယ်ခံရတဲ့အခြေနေကို ခေါ်ပါတယ်။ တစ်နည်းအားဖြင့် မားကတ်မှာ
ဈေးတစ်ခုဟာ သူ့ထက်နိမ့်တဲ့ဈေးကိုဆင်းဖို့ နှစ်ကြိမ်အနည်းဆုံးစမ်းသပ်တဲ့အခြေနေ ကို Support Level
လို့ခေါ်ပါတယ်။

- အဲဒီ စမ်းသပ်တဲ့ဈေးနှစ်ခုဟာ အနီးစပ်ဆုံးတူညီရမှာဖြစ်ပြီး၊ အချိန်ကာလတော့ တူညီဖို့မလိုအပ်ပါဘူး။
- အနီးစပ်ဆုံးတူညီဖို့၊ Level ဆွဲနိုင်ဖို့အတွက် Pips အနည်းငယ်ကွာခြားလည်း အသုံးပြုနီုင်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်ဆရာတစ်ယောက်ရဲ့စကားဖြစ်တဲ့ လိုင်းဆွဲလို့မထိတထိဖြစ်နေရင် ဘာလုပ်မလည်း
ဆိုတော့၊ ခပ်ထူထူလေးဆွဲပေါ့ဗျာတဲ့။ စကားလက်ဆောင်ပေးတာပါ။ အဲလိုနည်းနဲ့ ဆွဲရမယ့်လိုင်းတွေ
လည်း အများကြီးတွေ့လာကြမှာပါနော်။

*** Support Line က မျဉ်းဖြောင့်အတိုင်းပဲလို့ သတ်မှတ်လို့မရပါဘူး။ အထက်ကို တက်နေတဲ့ Slope
ပုံစံလည်းရှိပါတယ်။ ဒါက Trend နဲ့ ယှဉ်တူလိုဖြစ်သွားတာပါ။ ပုံ (၁)  မှာ အရိုးဆင်းဆုံး Support Level
ကိုပြထားပါတယ်။


Resistance Level ဆိုတာကဘာလည်း


- Resistance Level ဆိုတာကတော့ ဈေးတစ်ခုမှာ မားကတ်က သူ့ထက်မြင့်တဲ့ ဈေးတစ်ခုကို
အပြောင်းလဲဖြစ်ဖို့ (တက်ဖို့) နှစ်ကြိမ်အနည်းဆုံးငြင်းပယ်ခံရတဲ့အခြေနေကို ခေါ်ပါတယ်။
တစ်နည်းအားဖြင့် မားကတ်မှာ ဈေးတစ်ခုဟာ သူ့ထက်မြင့်တက်ဈေးကို တက်ဖို့အတွက် အနည်းဆုံး ၂
ကြိမ်စမ်းသပ်တဲ့အခြေနေ ခေါ် ထိုးဖေါက်ဖို့ ကြိုးစားတဲ့အခြေနေကို Resistance Level လို့ခေါ်ပါတယ်။

- အဲဒီ စမ်းသပ်တဲ့ဈေးနှစ်ခုဟာ အနီးစပ်ဆုံးတူညီရမှာဖြစ်ပြီး၊ အချိန်ကာလတော့ တူညီဖို့မလိုအပ်ပါဘူး။
- အနီးစပ်ဆုံးတူညီဖို့၊ Level ဆွဲနိုင်ဖို့အတွက် Pips အနည်းငယ်ကွာခြားလည်း အသုံးပြုနိုင်ပါတယ်။

*** Resistance Line က မျဉ်းဖြောင့်အတိုင်းပဲလို့ သတ်မှတ်လို့မရပါဘူး။ အောက်ကိုစိုက်ဆင်းနေတဲ့
Slope ပုံစံလည်းရှိပါတယ်။ ဒါက Trend နဲ့ ယှဉ်တူလိုဖြစ်သွားတာပါ။

Support Zone နဲ့ Resistance Zone က ဘာကိုခေါ်တာပါလည်း

- အထက်မှာ ကျွန်တော်ဖေါ်ပြခဲ့သလိုမျိုး Support Level, Resistance Level ဖြစ်ဖို့ ဈေးနှစ်ခုဟာ
နှစ်ကြိမ်အနည်းဆုံးတူညီရမယ်၊ နီးစပ်ရမယ်လို့ ဆိုခဲ့ပါတယ်။
- မားကတ်မှာ ဖြစ်နေတဲ့ ဈေးတွေက ကွက်တိတူညီဖို့ မလွယ်ကူပါဘူး။ တစ်ခါတရံ Candle Stick ရဲ့
Shadow ကြောင့်လည်း တိကျတဲ့ Support Level, Resistance Level ဆွဲဖို့က ခက်ခဲနိုင်ပါတယ်။

- ဒါကြောင့် ကျွန်တော်တို့အနေနဲ့ Support and Resistance Zone ကို သတ်မှတ်ဖို့ လိုအပ်လာပါတယ်။
- Support and Resistance Zone အဖြစ်သတ်မှတ် ဆွဲသားဖို့အတွက် အထက်က ဖေါ်ပြခဲ့တဲ့ Support
Level, Resistance Level ဆွဲလို့ရတဲ့ Point တွေက အနိမ့်၊အမြင့် Pips အနည်းငယ်အကွာမှာ ထပ်မံတွေ့ရှိနေရင်တော့ ပထမထိပွိုင့်အနည်းဆုံး ၂ ပွိုင့်ရှိတဲ့ လိုင်းနဲ့ ဒုတိယထိပွိုင့်အနည်းဆုံး ၂ ပွိုင့်ထိတဲ့ လိုင်းကြားက နေရာကို Support Zone and Resistance Zone အဖြစ်သတ်မှတ်နိုင်ပါတယ်။
(ပုံ) ၂ မှာ ဖေါ်ပြထားပါတယ်။


Key Resistance နဲ့ Key Support က ဘာကိုခေါ်တာလည်း

- ယေဘုယျအားဖြင့် အမြင့်ဆုံးထိပွိုင့်များမှ ရရှိတဲ့ Resistance Line ကို Key Resistance Line
လို့ခေါ်ပြီး၊ အနိမ့်ဆုံးထိပွိုင့်များမှ ရရှိတဲ့ Support Line ကိုတော့ Key Support Line လို့ခေါ်ပါတယ်။
- Key ဆိုတဲ့အတိုင်း အရေးပါတယ်၊ အားကောင်းတယ်ဆိုတဲ့ သဘောပါ။
(ပုံ (3) မှာ ပြထားပါတယ်။)

R1 , R2, S1, S2 တွေက ဘာကိုခေါ်တာလည်း

- R က Resistance ကိုခေါ်တာဖြစ်ပြီး၊ S ကတော့ Support ကိုခေါ်တာဖြစ်ပါတယ်။
- မတူညီတဲ့ ထိပွိုင့်တွေ၊ Zone အဖြင့်လည်း သတ်မှတ်လို့မရတဲ့ ထိပွိုင့်တွေကို ဆွဲရာမှာ
နာမည်တစ်ခုအနေနဲ့ပေးကြတာဖြစ်ပါတယ်။
- Chart တစ်ခုမှာဆိုရင် အခြေနေပေါ်မူတည်ပြီး မတူညီတဲ့ ထိပွိုင့်တွေအရ
မျဉ်းတွေများကြီးဆွဲလို့ရတာပါ။ အဲလို အများကြီး ဆွဲလို့ရတဲ့အခါမှ Resistance Line ကို ဆွဲလျှင်
အပေါ်ဆုံးမှ အောက်သို့ R1, R2 (ဒါမှမဟုတ်) Ra, Rb လို့ခေါ်ကြတာပါ။ S1, S2 တွေလည်း
ဒီသဘောပါပဲ အနိမ့်ဆုံး Support ထိပွိုင့်ကနေ လိုင်းတွေဆွဲပြီး အောက်ကနေ အထက်ကို S1, S2
(ဒါမှမဟုတ်) Sa, Sb အနေနဲ့ခေါ်ကြခြင်းဖြစ်ပါတယ်။
အထက်က ဖေါ်ပြထားချက်ကို ကောင်းစွာနားလည်ရင်တော့ Support and Resistance ကို
ကောင်းဆွဲရေးဆွဲတတ်၊အသုံးချတတ်မှာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အကြွေးကျေပါတော့်မယ်။
ခုခေါင်းစဉ်အောက်က ကျန်တဲ့ TA တွေကိုတော့ တဖြည်းဖြည်း ထပ်တင်ပြပါ့မယ်။

အိုကေ
အောင်မြင်ကြပါစေ။
ကျွန်တော် Linnzayar Kyaw ပါ။

အဆင်မပြေတာများရှိရင်တော့ Cb မှာ ပြောခဲ့နိုင်ပါတယ်။