Showing posts with label wallet. Show all posts
Showing posts with label wallet. Show all posts

Monday, August 3, 2015

Blog ထောင်ပြီး ငွေရှာလိုပါသလား ??????


အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခါ ကျွန်တော်ပြောပြမယ့်ဟာကတော့ Blogger သမားများအတွက်ဖြစ် ပါတယ်။ Blog တခုလုပ်တာကဘာမှ မခက်ပါဘူးခင်ဗျာ။ ဒီပိုစ် မှာကတော့ Blog ပြုလုပ်ပုံကို မရှင်းပြ  ပါဘူး။ Blog ထောင်ပြီး ပိုက်ပိုက်ရှာတာကိုပဲ ရှင်းပြသွားမှာဖြစ်ပါတယ်။ ကဲ ..... စလိုက်ကြရအောင်။

ပထမဦးဆုံးကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ဟဲဟဲဟဲ  .... အောက်ကလင့်လေးကိုနှိပ်လိုက်ပါ။

                      https://www.popads.net/users/refer/455991

Ok နော် :D  Register လုပ်ရအောင်ဗျာ။ လွယ်ပါတယ် ဟဲဟဲဟဲ .... လုပ်နေကြပဲဟာကိုးးးလို့  :p
အောက်ကပုံကိုကြည့်ပါ။ ဖြည့်ရမယ်ဟာတွေကိုဖြည့်ပေးပါ။ Gmail ထဲကို လင့်တစ်ခုပို့ပေးပါလိမ့်မယ်။ အဲဒီလင့်ကိုနှိပ်ပြီး Confirm လုပ်ပေးလိုက်ပါ။


 Ok ....  Register လုပ်ပြီးပြီဆိုပါစို့။ Login ပြန်ဝင်လိုက်တာနဲ့ အောက်ကပုံလိုမျိုးမြင်ရပါလိမ့်မယ်။ Current Balance ဆိုတာကတော့ မိမိဘယ်လောက်ရနေပြီဆိုတာကိုပြတာဖြစ်ပါတယ်။ Total payout ဆိုတာကိုတော့ မပြောပြတော့ဘူးနော်  :p  ။ ကဲ.... Blog နဲ့ချိတ်တာလေး စလိုက်ရအောင်ဗျာ။


ကျွန်တော်ဝိုင်းပြထားတဲ့နေရာမှာ New Website ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင် အောက်မှာကျွန်တော်ပြ ထားတဲ့အတိုင်းလိုက်ဖြည့်ပါ။ ပုံကိုသေချာကြည့်ပါ။

1.  Site Name ဆိုတာက မိမိဆိုဒ်နာမည်ကိုပြောတာပါ။
2.  Site URL ဆိုတာက မိမိဆိုဒ်ရဲ့ လင့်ကိုပြောတာပါ။ ဥပမာ .... http:// www.mademoneyinonline.blogspot.com ဆိုတာမျိုးပေါ့
3.  Category ဆိုတာကတော့ မိမိဆိုဒ်က ဘာအမျိုးအစားလဲဆိုတာကိုပြောတာပါ။ ဘာထည့်ရမှန်းမသိရင်တော့ General/Internet ကိုပဲပေးလိုက်ပါ။
Description နေရာမှာ နဲနဲဖောလိုက်ပါ  :D

အားလုံးပြီးရင်တော့ အောက်နားမှာ Add Wetsite ကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းဖြစ်သွားပါလိမ့်မယ်။ ဒီနေရာမှာတော့ ကျွန်တော့်ရဲ့ Blog အဟောင်းလေးတစ်ခုနဲ့လုပ်ပြထားပါတယ်။ ၀ါသနာပါရင်လာ လည်သွားပါလို့  ငိငိငိ  :p

မျှားပြထားတဲ့နေရာမှာ အမှတ်ချစ်လေးတွေပေးလိုက်ပါ။ ပီးရင်တော့ Add website ကိုနှိပ်လိုက်ပါ။ အောက် ကပုံလေးကိုဖြစ်သွားပါလိမ့်မယ်။


အားလုံးပြီးသွားပီဆိုရင်တော့ 24 နာရီစောင့်ရမှာဖြစ်ပါတယ်။ 24 နာရီအတွင်းမှာ မိမိ Blog ဖွင့်ထားတဲ့ Gmail ထဲကို အောက်ကပုံအတိုင်း mail ပို့ပေးထားပါလိမ့်မယ်။ Code.txt ဖိုင်ကိုဖွင့်လိုက်ပါ။ Code တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Code တွေကို Copy ကူးပါ။

Blogger.com ကိုသွားပီတော့ login လုပ်ပါ။ အောက်ကပုံအတိုင်း မြင်ရမှာဖြစ်ပါတယ်။


အဲဒီမှာ ကျွန်တော်မျှားပြထားတဲ့နေရာကိုနှိပ်ပါ။ Template ကိုထပ်နှိပ်ပါ။  အောက်ကပုံအတိုင်းမြင်ရ မှာဖြစ်ပါတယ်။



Edit HTML ဆိုတာကိုနှိပ်ပါ။ ဒါဆိုရင်တော့ Blog မှာ မိမိတင်ထားတဲ့ Template HTML Code တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ နဲနဲသတိထားပါ။ ဘာလို့လဲဆိုတော့ HTML Code တွေက လုံးဝမှားလို့မရပါဘူး။ စာလုံးတစ်လုံးပိုသွားတာဖြစ်စေ ပျက်သွားတာဖြစ်စေလုပ်မိတာနဲ့ HTML Error တက်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက် သတိထားပီးလုပ်စေချင်ပါတယ်။ အောက်ကပုံကိုတစ်ချက်ကြည့်ပါ။



အပေါ်မှာ ၀ိုင်းပီးတော့ မျှားပြထားတဲ့နေရာမှာ </head> ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကဘာကိုပြောတာလဲဆိုရင် Html Code တွေအများကြီးထဲမှာ </head> ဆိုတာကိုလိုက်ရှာနေ ရင် ခေါင်းမူးမှာစိုးတဲ့အတွက် Browser ကို ခိုင်းစားလိုက်တာပါ။ ဒါကိုဘယ်လိုလုပ်သလဲဆိုရင်တော့ html code တွေရဲ့ ကြိုက်တဲ့နေရာမှာ မောက်စ် ကို တစ်ချက်နှိပ်လိုက်ပါ။ ဖုန်းနဲ့လုပ်မဲ့သူများအတွက်လည်း အတူတူပါပဲ။ ပီးရင် ကီးဘုတ်ကနေ Ctrl + F  ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် အပေါ်မှာ ကျွန်တော်ဝိုင်းပြထား တဲ့နေရာမှာ Search box လေးပေါ်လာပါလိမ့်မယ်။ အဲဒီထဲမှာ </head> ဆိုတာကို ရေးပီး Enter ကိုနှိပ်လိုက်ပါ။ ဒီအဆင့်မှာတော့ ဖုန်းနဲ့လုပ်မဲ့မိတ်ဆွေတွေအတွက်တော့ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ပုံထဲက အောက်နားလေးမှာ ကျွန်တော်မျှားပြထားတဲ့နေရာမှာ အ၀ါရောင်လေးနဲ့ </head> ဆိုတာကိုတွေ့ရပါလိမ့်မယ်။ Gmail ထဲက Code.txt ဖိုင်ကိုဖွင့်ပါ။ Code တွေအကုန်လုံးကို Copy ကူးပါ။ </head> ရဲ့အပေါ်နားလေးမှာ ကူးလာတဲ့ Code တွေကို ထည့်လိုက်ပါ။ ပုံမှာ ကျွန်တော်အ၀ိုင်းကြီးနဲ့ ပြထားပါတယ်။ ထည့်ပြီးသွားရင် Save template ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ pop ads နဲ့ Blog ချိတ်ဆက်ခြင်း ပြီးဆုံးပါပြီ။ မိမိ Blog ကိုလာလည်သူများရင်များသလို ပိုက်ပိုက်တွေရနေပါလိမ့်မယ်။ ရလာတဲ့ပိုက်ပိုက်တွေကိုတော့ paypal နဲ့ပဲထုတ်လို့ရပါတယ်ဗျာ။




အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ယူဆပါတယ်။ အဆင်မပြေတာများရှိရင်တော့ ချက်ဘောက်မှာ ပြောခဲ့ နိုင်ပါတယ်။ 

ကျွန်တော် Ko Ko ပါ။

Sunday, May 31, 2015

Leverage Power




ချမ်းသာဖို့နည်းလမ်း - Leverage Power (ကုတ်အား)

သင်တစ်ယောက်တည်း အလုပ်ကပေးအပ်တဲ့တာဝန်ကို ကျားကုတ်ကျားခဲ နေ့မအိပ်ညမအိပ်ကြိုးစားနေရုံနဲ့ လူချမ်းသာတစ်ယောက်မဖြစ်နိုင်ပါဘူး။ သင်ကတစ်လကို ၀င်ငွေ ၁၀ သိန်းရှိတယ်ဆိုရင် တစ်လကို ၃ သိန်းလောက်တော့စုကောင်းစုမိပါလိမ့်မယ်။ တစ်လ ၃သိန်းနှုန်းနဲ့ အနှစ် ၄၀ လောက် အဘိုးကြီး၊အဘွားကြီးဖြစ်တဲ့အချိန်အထိမှန်မှန်စုနိုင်တဲ့အခါမှ သိန်းပေါင်း ၁၄၄၀ လောက်စုမိပါလိမ့်မယ်။ ဒါပေမယ့်ကိုယ် အသက် ၆၀ ကျော်လောက်ရောက်တဲ့အချိန်မှာ ငွေကြေးဖောင်းပွတာနဲ့ ပါထည့်တွက်မယ်ဆိုရင် သိန်းပေါင်း ၁၄၀၀ ကျော်လောက်ဟာ သိန်း ၆၀၀ ၀န်းကျင်လောက်ပဲတန်ဖိုးရှိတော့မှာပါ။ နှစ်ပေါင်း ၄၀ လောက် သေကြေအောင်လုပ်ပြီး မှန်မှန်စုတာတောင် ဒီလောက်လေးပဲရမယ်ဆိုရင်တော့ သိပ်ဟန်မကျသေးဘူးလို့ပြောရမှာပဲ။
ထပ်ပြောပါရစေဦး။ သင်ကတစ်နေ့ကို ၈နာရီနှုန်းနဲ့ နှစ်ပေါင်း၄၀ အလုပ်လုပ်တာဟာ နာရီပေါင်း ၃,၅၀၄,၀၀၀ နာရီလောက်အလုပ်လုပ်ခဲ့တဲ့အဓိပါယ်ပါပဲ။ တစ်ကယ်လို့များ လူပေါင်း ၄၀ လောက်ကတစ်နေ့ကို ၈ နာရီနှုန်းနဲ့ဝိုင်းပြီး ကိုယ့်အတွက်အလုပ်လုပ်ကြမယ်ဆိုရင်ကိုယ် နှစ်ပေါင်း ၄၀ လောက်ဖြတ်သန်းပြီး လုပ်ရမယ့်အချိန်တွေနဲ့ ရရှိမယ့် ချမ်းသာကြွယ်ဝမှုက ဘယ်လိုဖြစ်မယ်ထင်သလဲ????
ကျိန်းသေတာကတော့ အနှစ်၄၀လောက်ကိုယ်တစ်ယောက်တည်းလုပ်ရတဲ့လုပ်အားနာရီပေါင်း ၃,၅၀၄,၀၀၀ နာရီဟာ လူ၄၀၀ိုင်းလုပ်တဲ့အခါ ၁နှစ်ပဲကြာပါလိမ့်မယ်။ နှစ်ပေါင်း၄၀ရှာရတဲ့ ငွေကြေးပမာဏကို နှစ်အနည်းငယ်အတွင်းရှာနိုင်ပါလိမ့်မယ်။
ဥပမာတစ်ခုပေးပါရစေ…
တန်ချိန်နဲ့ချီတဲ့ကျောက်တုံးကြီးတစ်တုံးကို လူတစ်ယောက်အနေနဲ့ ရွှေ့အောင်တွန်းဖို့ဖြစ်နိုင်သလားဆိုရင် အဖြေကတော့…ဘယ်လိုမှမဖြစ်နိုင်ပါဘူး.. ခက်ခဲပါလိမ့်မယ်…
ဒါပေမယ့်ကျောက်တုံးကြီးနဲ့ လူနဲ့အကြားမှာ သစ်သားတုံးတစ်တုံးခံလိုက်ပါ။ ပြီးတော့တုတ်တစ်ချောင်းနဲ့ကလန့်ပြီး အားစိုက်ဖိချလိုက်တဲ့အခါ အောက်ကထောက်ပံ့ပေးတဲ့သစ်သားတုံးကိုခုတုံးလုပ်ပြီး ဖိချလိုက်တဲ့တုတ်တံရဲ့ ကုတ်အားကြောင့် လေးလံလှတဲ့ ကျောက်တုံးကြီးကိုအလွယ်တကူရွှေ့နိုင်ပါတယ်…
သည်နေရာမှာ အောက်ကသစ်သားတုံးကို အလုပ်တစ်ခုပြီးမြောက်ဖို့လိုအပ်တဲ့ စနစ်တစ်ခုလို့သတ်မှတ်ပါ။ ကလန့် လိုက်တဲ့တုတ်တံကို ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ အရည်အချင်းကောင်းတွေလို့သတ်မှတ်ပါ။ အဓိပါယ်ကဘယ်လောက်ကြီးမားတဲ့ လုပ်ငန်းဖြစ်နေပါစေ။ Leverage Power လို့ခေါ်တဲ့ကုတ်အားကိုအသုံးပြုမယ်ဆိုရင် သင်မရွှေ့နိုင်တဲ့အရာဆိုတာမရှိနိုင်တော့ပါဘူး။ တစ်ယောက်တည်းရဲ့ လုပ်အားဟာ အလွန်အင်အားနည်းပါးပါတယ်။ သင့်အတွက်လူအများရဲ့ လုပ်အားကိုတစ်ပြိုင်တည်း အသုံးချနိုင်အောင်ကြိုးစားပါ။ သင့်မှာလိုအပ်တာ လုပ်ငန်းတစ်ခုထူထောင်ဖို့ အမှားနည်းတဲ့ စနစ်(System)တစ်ခုနဲ့ ကိုယ်ရည်ကိုယ်သွေးပြည့်မီအောင် တည်ဆောက်ထားနိုင်ဖို့ပါပဲ။
အကြမ်းဖျင်းအားဖြင့်(ကုတ်အား)Leverage Form ခုနှစ်မျိုးရှိပါတယ်။ Leverage Point လို့လည်းပြောကြပါတယ်။
1.OPM – Other People’s Money (သူများရဲ့ပိုက်ဆံ)
2.OPT – Other People’s Time (သူများရဲ့အချိန် )
3.OPW – Other People’s Work (သူများရဲ့လုပ်အား)
4.OPE – Other People’s Experience (သူများရဲ့အတွေ့အကြုံ)
5.OPI – Other People's Ideas (သူများရဲ့အကြံဥာဏ်)
6.SPD – Scalable Production and Distribution (နေရာတိုင်းရောက်နိုင်တဲ့ထုတ်ကုန်)
7.SCB – Scalable Customer Base (လူတိုင်းဆီရောက်နိုင်ဖို့ ပြုလုပ်ခြင်း)
ဒါတွေကခုနကပြောတဲ့ ကုတ်အားတွေကိုအသုံးပြုရမယ့် Leverage Point ပါပဲ။ဒါတွေကသင်ကောင်းကောင်းအသုံးချနိုင်ရင်သင် လူချမ်းသာတစ်ယောက်လုပ်လို့ရပါပြီ။ စာဖတ်လိုက်တာနဲ့ လုပ်နေတဲ့အလုပ်ကနေ ချက်ချင်းထွက်ချင်စိတ်တွေပေါက်သွားမယ်ထင်တယ်..
အခုပတ်ဝန်းကျင်မှာချမ်းသာနေတဲ့ သူဌေးလို့ ခေါ်တဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပါ။ သူတို့က စဉ်းစားတွေးခေါ်တဲ့အလုပ်လုပ်ပါတယ်။ ညှိနှိုင်းဆွေးနွေးတဲ့အလုပ်လုပ်ပါတယ်။ တစ်ချို့ဆိုရင် အဲ့ဒါတွေတောင်မလုပ်ပါဘူး။ သူများပိုက်ဆံတွေနဲ့အလုပ်လုပ်တယ်။ ၀န်ထမ်းတွေရဲ့အချိန်တွေကိုဝယ်တယ်။ ၀န်ထမ်းတွေရဲ့အတွေ့အကြုံကောင်းတွေကိုအသုံးပြုပြီး
သူတို့ကိုယ်တိုင်က သူဌေးလုပ်ပါတယ်။
သင်ရောသူတို့လိုမဖြစ်နိုင်ဘူးလားဆိုရင် အဖြေက အရမ်းကြီးကိုဖြစ်နိုင်ပါတယ်။ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးပြည့်ဝဖို့ ထိုက်သင့်တဲ့ သင်ယူလေ့လာဖို့အချိန်တော့လိုအပ်တာပေါ့။
တစ်နေ့က Leverage Power ဆိုတဲ့အသုံးအနှုန်းလေးကိုကြားလိုက်ရလို့ပြန် Share တာပါ။

Credit >>>> Steven Linn Htike Oo

၁သိန်းအောက်ဝင်ငွေရသူတွေဘယ်လိုရင်းနှီးမြုပ်နှံရမလဲ?


၁သိန်းအောက်ဝင်ငွေရသူတွေဘယ်လိုရင်းနှီးမြုပ်နှံရမလဲ???

ဒေါ်လာ ၁၀၀ အောက်လစာလောက်ရတဲ့ လူငယ်တွေအနေနဲ့ဘယ်လိုရင်းနှီးမြုပ်နှံမှုတွေလုပ်လို့ရနိုင်သလဲ ဆိုတဲ့အကြောင်းကို ဆောင်းပါးရေးပေးပါလား လို့တောင်းဆိုထားလေတော့ကျွန်တော်လေ့လာမိသလောက်နဲ့ ကျွန်တော့်အမြင်လေးကိုရေးသားဖော်ပြပါရစေ။
လုပ်ငန်းတခုထူထောင်ပြီးချမ်းသာနိုင်ဖို့ အဆက်အသွယ်ကောင်းတွေလိုမယ်။ လုပ်ငန်းအတွေ့အကြုံတွေလိုမယ်။ သူများငွေတွေကိုသုံးပြီးအလုပ်လုပ်မယ်။ သူများလုပ်အားတွေ၊အချိန်တွေကိုအသုံးချမယ်လို့ Leverage Power အကြောင်းရေးတုန်းကပြောခဲ့ပါပြီ။
ဒါပေမယ့် လူတစ်ယောက်က သူ့လခကမှ ၁ သိန်းအောက် လောက်ရတာ။ ဒီလိုလူဘယ်လိုလုပ် ချမ်းသာနိုင်တော့မတုန်းလို့မေးချင်စရာရှိပါတယ်။
အဲ့ဒီမေးခွန်းအတွက်တော့Robert Kiyosaki ပြောတဲ့ ESBI ဆိုတဲ့လူတန်းစားလေးမျိုးကို နားလည်ဖို့လိုအပ်ပါလိမ့်မယ်။
E – Employer (Active) အလုပ်သမား(၀န်ထမ်း)
S – Sub-Employed (Active) တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်စီးပွားရေးလုပ်သူ
B – Business Owner (Passive) စီးပွားရေးလုပ်ငန်းရှင်
I – Investor (Passive) ရင်နှီးမြုပ်နှံသူရယ်လို့လေးမျိုးရှိပါတယ်။
အကြမ်းဖျင်းရှင်းပြရရင်
(E -Employer) ဆိုတာဝန်ထမ်းပါ။ သူကအချိန်နဲ့လုပ်အားကို တစ်ပါးသူအကျိုးအတွက်အလုပ်လုပ်မယ်။ ပြီးရင်ထိုက်သင့်တဲ့အခကြေးငွေကိုရယူတဲ့သူပါ။
(S – Sub Employed) နဲ့ (B - Business Owner) ကိုကြည့်မယ်ဆိုရင် နှစ်ယောက်စလုံးက ကိုယ်ပိုင်လုပ်ငန်းလုပ်တာချင်းအတူတူပဲ မဟုတ်လားလို့ပြောစရာရှိပေမယ့် တော်တော်ကြီးကိုကွဲပြားပါတယ်။
Sub Employed သမားဟာကိုယ်ပိုင်လုပ်ငန်းပေမယ့် ကိုယ်တိုင်လုပ်အားစိုက်ပြီးအလုပ်လုပ်ရတယ်။ ဥပမာ ဆရာဝန်တစ်ယောက်ဆေးခန်းဖွင့်ထားသလိုပေါ့။ ဆေးခန်းကသူ့ကိုယ်ပိုင်လုပ်ငန်းပေမယ့် သူကိုယ်တိုင်အလုပ်လုပ်မှ ၀င်ငွေရပါတယ်။
Business Owner ကတော့ အဲ့ဒီလိုမဟုတ်ဘူး။သူကိုယ်တိုင်အလုပ်မလုပ်ပါဘူး။ သူကစီးပွားရေးစနစ်တစ်ခုကိုပိုင်ဆိုင်ပါတယ်။ လုပ်ငန်းတစ်ခုကိုလည်ပတ်အောင်ကြိုးစားတယ်။ သူများတွေရဲ့အရည်အသွေး၊လုပ်အားနဲ့အချိန်ကိုအသုံးချပါတယ်။
(I - Investor) ဆိုတာကတော့ သူတို့ကငွေကိုအသုံးပြုပြီး ငွေရှာပါတယ်။ Business Owner တွေကိုသူတို့ကပြန်ပြီးအသုံးပြုပါတယ်။
Employer နဲ့ Sub Employed ရဲ့ဘေးမှာရေးထားတဲ့ Active ဆိုတာက Active income ကိုဆိုလိုတာပါ။ သူတို့ကကိုယ်တိုင်အလုပ်လုပ်နေမှ ၀င်ငွေစီးဆင်းနိုင်တာပါ။ သူတို့အလုပ်လုပ်တာ ရပ်လိုက်တာနဲ့ income ကချက်ချင်းဆိုသလိုရပ်သွားပါလိမ့်မယ်။
Business Owner နဲ့ Investor တွေကတော့မတူပါဘူး။ သူတို့က Passive income သမားတွေပါ။ သူတို့ကကိုယ်တိုင်လုပ်ကိုင်စရာမလိုဘဲ ၀င်ငွေတွေကအလိုလို နေရင်းစီးဆင်းပါတယ်။
အချုပ်အားဖြင့်ပြောရရင်တော့ဝန်ထမ်းဘ၀ဟာဘယ်တော့မှ ကြီးမားတဲ့ချမ်းသာမှုမရနိုင်ပါဘူး။ ဒါပေမယ့် ၀န်ထမ်းဘ၀နဲ့ ကိုယ်တိုင်လုပ်ငန်းရှင်လုပ်နိုင်ဖို့ အတွေ့အကြုံကောင်းတွေ၊ အဆက်အသွယ်တွေကိုဝန်ထမ်းလုပ်ရင်း သူများရင်းနှီးမြုပ်နှံထားတဲ့ပိုက်ဆံတွေကို အသုံးပြုပြီးရယူနိုင်ပါတယ်။
အဲ့ဒီတော့ ပိုက်ဆံတစ်သိန်းအောက်ဝင်ငွေရတဲ့သူတွေအနေနဲ့ဘယ်လိုရင်းနှီးမြုပ်နှံရမလဲဆိုရင် ပထမဦးဆုံးရင်းနှီးမြုပ်နှံရမှာက လုပ်ငန်းအတွေ့အကြုံတွေသင်ယူရမယ့် အချိန်နဲ့ လုပ်အားတွေပါပဲ။
အဲ့ဒီကနေတစ်ဆင့် လုပ်ငန်းကြီးတစ်ခုထူထောင်နိုင်တဲ့ အရည်အချင်းတွေ၊ အဆက်အသွယ်ကောင်းတွေ၊ အပေါင်းအသင်းတွေရလာပြီဆိုတော့မှ အပေါ်က “Sub Employed” အဆင့် နဲ့ “ Business Owner” အဆင့်ကိုတက်နိုင်မှာပါ။ Leverage Power ကိုပြန်ဖတ်ကြည့်စေချင်ပါသည်။ အရည်အသွေးရှိတဲ့လူတစ်ယောက်အနေနဲ့ လုပ်ငန်းတစ်ခုစတင်နိုင်ဖို့ ငွေမလိုပါဘူး။ လုပ်ငန်းတစ်ခုအောင်မြင်စွာလည်ပတ်နိုင်ဖို့ အကြံဥာဏ်နဲ့ Business System တစ်ခုကို ပြီးပြည့်စုံအောင်ရေးဆွဲနိုင်ဖို့ပဲလိုအပ်တာပါ။
E-S-B-I အဆင့်လေးဆင့်လုံးဟာအဆင့်ဆင့်တက်လှမ်းရတာဖြစ်လို့ အခုအချိန်မှာ လခနှစ်ပြားတစ်ပဲရနေလည်း စိတ်ဓာတ်ကျစရာတော့မရှိပါဘူး။ ကိုယ့်ရဲ့အချိန်နဲ့ လုပ်အားကို ရင်းနှီးမြုပ်နှံပြီး ကိုယ့်ရည်ကိုယ်သွေးကို မြင့်တင်ပါ။ Networking ဆိုခေါ်တဲ့ အဆက်အသွယ်၊ အပေါင်းအသင်းတွေကို ရှာဖွေပါ။ Relation ကောင်းမွန်အောင်ဂရုတစိုက်ဆက်ဆံပါ။ ကိုယ့်ရဲ့ပိုက်ဆံတစ်ပြားမှမကုန်ကျဘဲ Experience ကောင်းတွေသင်ပေးနေတဲ့ သင်တန်းတစ်ခုလို လုပ်ငန်း Process အားလုံးကိုကောင်းကောင်းကြီးသင်ယူလိုက်ပါဗျာ။
ဒီအချက်တွေကိုကြည့်ရင်တော့ ကိုယ်က၀န်ထမ်းလုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ အနာဂတ်ရည်မှန်းချက်ကဘာလဲ ဆိုတဲ့အပေါ်မူတည်ပြီး အလုပ်ကိုအသေအချာရွေးချယ်သင့်တယ်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူး။ ၀န်ထမ်းလုပ်ပြီး အချိန်တွေ၊လုပ်အားတွေရင်းနှီးရတော့မယ်ဆိုရင် လုပ်ရဲ့ဝင်ငွေသက်သက်ကိုမကြည့်ဘဲ ကိုယ့်ထူထောင်ချင်တဲ့ ကိုယ်ပိုင်လုပ်ငန်းအတွက် အတွေ့အကြုံနဲ့အထောက်အပံ့ကောင်းတွေပေးနိုင်မယ့် အလုပ်ကိုပဲရှာဖွေလုပ်ကိုင်ပါလို့ အကြံပြုပါရစေဗျာ။

Credit >>>> Steven Linn Htike Oo

Thursday, May 7, 2015

BTC စုရန်အတွက် Wallet တစ်ခုဖန်တီးခြင်း


Btc ကိုလုပ်လည်းလုပ်ချင် လုပ်လည်းမလုပ်တတ်သော မိတ်ဆွေများအတွက် အစကနေပြန်ပြီး တစ်ဆင့်ခြင်း ရှင်းပြထားပါတယ်။ အောက်မှာပေးထားတဲ့လင့်ကိုနှိပ်ပါ။


(1) 

Register လုပ်ပြီးတာနဲ့ Coinbase ကနေ မိမိ Gmail ထဲကို mail ပို့ပေးထားပါတယ်။ mail ကိုဖွင့်ပြီး ပို့ထားတဲ့ link ကိုနှိပ်ပြီး Confirm ပြန်လုပ်ပေးရပါတယ်။ ဒါဆိုရင်တော့ Account ဖွင့်တာ ပြီးဆုံးပါပြီ။

(2)  Account ဖွင့်ပြီးတာနဲ့ အောက်ကပုံလေးလို မြင်တွေ့ရမှာဖြစ်ပါတယ်။

အ၀ါရောင်နဲ့ ပြထားတာကတော့ ကျွန်တော်တို့ wallet ထဲကိုဝင်ရောက်လာမဲ့ btc တွေအတွက် Address ကိုယူရမှာဖြစ်ပါတယ်။ ကျွန်တော် wallet ကိုတစ်ချက်ကြည့်ပါ။ 0.0019 BTC ရှိပါတယ်။ ဒေါ်လာအနေနဲ့ တွက်မယ်ဆိုရင်တော့ 0.43 ဒေါ်လာပါ။ ကဲဒီလောက်ဆိုအဆင်ပြေပြီနော် :D

ငွေရှာနည်းတွေကို နောက် ပို့စ်တွေမှာ ဆက်တင်သွားပေးပါ့မယ်။ အားပေးပါအုံးလို့