Monday, August 24, 2015

About Copy Trading and Mirror Trading




Copy Trading and Mirror Trading

- Copy Trading ဆိုတာက ယေဘုယျအားဖြင့် မိမိနှစ်သက်ရွေးချယ်ထားသော Trader (Investor လို့ခေါ်ပါတယ်) ရဲ့ အရောင်းအ၀ယ်လုပ်သော Position ကို အလိုအလျောက်ကူးယူပြီး မိမိအတွက် Trade လုပ်စေတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။

- Mirror Trading ဆိုတာကတော့ မိမိနှစ်သက်ရာ Trader(Investor) ရဲ့ တီတွင်ဖန်တီးထားတဲ့ Strategies ကိုဖြစ်စေ၊ ၄င်း Trading လုပ်ခြင်းမှာ တစ်စိတ်တပိုင်းဖြစ်စေ ကော်ပီကူးယူပြီး အသုံးပြုဖို့ တနည်းအားဖြင့် မိမိအတွက်ပါ Trade ပေးဖို့ ပါဝင်ဖြင့်းဖြစ်ပါတယ်။ ဒီလို Copy Trading လုပ်ခြင်းအားဖြင့် မိမိကော်ပီယူသော Investor အတိုင်း မိမိမှ Take Profit တွေ၊ Stop Loss တွေကို အလိုအလျောက် ရရှိစေပါတယ်။ ဒါ့အပြင် မိမိရွေးမှုမှန်ကန်ပါက မိမိအနေနဲ့ Trade မှာ သီးသန့်အချိန်မပေးရဘဲ အလိုအလျောက်အမြတ်အစွန်းရရှိစေမှာဖြစ်ပါတယ်။ Copy Trade အတွက် ၀န်ဆောင်ခနှုန်းထားတွေ တစ်နည်းအားဖြင့် မိမိရွေးချယ်သော Investor သို့ ပေးရမယ့် အခကြေးငွေအနေနဲ့ အကြမ်းအားဖြင့် တစ်လလျှင် ဒေါ်လာ 20 ခန့်မှ ဒေါ်လာ ထောင်၊သောင်းချီ ရှိတတ်ပါတယ်။ ဒါပေမယ့် Copy Trade လုပ်ဖို့အတွက် အခက်ခဲတစ်ချို့ရှိနိုင်ပါတယ်။ သင့်တော်တဲ့ Investor ရွေးချယ်မှုက ကနဦးအရေးကြီးတဲ့ အချက်ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ပညာရှင်တွေအကြံပေးချက်က Return တအားကောင်းတဲ့ Investor ထက်စာလျှင် ပုံမှန်အမြတ်ရှာဖွေပေးနိုင်တဲ့ တနည်းအားဖြင့် Growth Rate ပုံမှန်ရှိတဲ့ Investor မျိုးရွေးချယ်ဖို့ပါ။

နောက်အခက်ခဲတစ်ခုက Copy Trade လုပ်ဖို့အတွက် မိမိရဲ့ Trading Account ကို 24 နာရီ Online တက်ထားရမှာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ နိုင်ငံမှာ နည်းနည်းအခက်ခဲရှိနိုင်ပါမယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ Copy Trade Services တွေနဲ့တွဲပြီး Forex VPS Plan မျိုးအသုံးပြုဖို့ဖြစ်လာတာပါ။ VPS ဆိုတာက Virtual Private Server ကိုခေါ်ဝေါ်တာဖြစ်ပါတယ်။ သဘောကတော့ မိမိကိုယ်ပိုင် ဆာဗာတစ်လုံးငှားရမ်းပြီး အဲဒီ ဆာဗာမှာ မိမိရဲ့ အကောင့်ကို Login လုပ်ပြီး သက်ဆိုင်ရာ Copy Trade နဲ့ ချိတ်ဆက်ထားရုံပဲဖြစ်ပါတယ်။
ဒီလို VPS တွေမှာတော့ တစ်ပတ်နှစ်ဆယ်လေးနာရီအလုပ်လုပ်ပေးနိုင်ခြင်း၊ မိမိနှစ်သက်ရာ Hardware ပမာဏဖြင့် ငှားရမ်းအသုံးပြုနိုင်ခြင်း၊ မီးပျက်မှုလုံးဝမရှိခြင်း၊ အများအားဖြင့် Windows Os စနစ်ကိုအသုံးပြုထားခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။
VPS ဆာဗာတွေ ငှားရမ်းသုံးစွဲခတွေအနေနဲ့ အနိမ့်ဆုံးတစ်လလျှင် 10 ဒေါ်လာဝန်းကျင်မှ ဒေါ်လာ 100 ခန့်ထိရှိနိုင်ပါတယ်။ 

အထက်က ကျွန်တော်ရေးသားတင်ပြခဲ့တာကတော့ နိုင်ငံရပ်ခြားမှာ ခေတ်စားနေတဲ့ Copy Trade အကြောင်း အကြမ်းသဘောတရားသာဖြစ်ပါတယ်။ မည်သည့်နယ်ပယ်မဆို ဆောင်းပါးတစ်စောင်၊ စာတစ်ပိုဒ်ဖြင့် နားလည်မှာတော့ မဟုတ်ပါဘူး။ ဗဟုသုတအလို့ငှာ တင်ပြရခြင်းသာ ဖြစ်ပါတယ်။
ပြန်ချုပ်ကြည့်လိုက်ရင်တော့ Copy Trade လုပ်ဖို့အတွက်..............

1 - သင့်တော်သော Investor ရွေးချယ်ခြင်း
2 - Copy Trade Fees တစ်လလျှင် အနိမ့်ဆုံး 20 ဒေါ်လာဝန်ကျင်းမှ အထက်ရှိနိုင်ခြင်း၊
3 - Copy Trade လုပ်ပါက တစ်လလျှင် ငှားရမ်းခ 10 ဒေါ်လာခန့် မှ အထက်ရှိနိုင်သော VPS ကို        
     ငှားရမ်းအသုံးပြုဖို့ လိုအပ်ခြင်းတို့ကို အကြမ်းသိပြီးလို့ ယူဆပါတယ်။

ဒါကြောင့် Copy Trade လုပ်ပါက တစ်လလျှင် ဒေါ်လ 30 ခန့်လောက်နဲ့ Copy Trade လုပ်လို့ရနိုင်တယ်လို့ တွက်လို့ရပြီးဖြစ်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် Copy Trade လုပ်သည်ဖြစ်စေ၊ အချိန်ပေးနိုင်လို့ ကိုယ်ပိုင် Strategy လုပ်တာပဲ ဖြစ်စေ အဓိကကတော့ သင့်တော်တဲ့ Profit ရဖို့ပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

အောင်မြင်သော Traders များဖြစ်ကြပါစေ။

Credit >>>> Sr. Linnzayar Kyaw

Sunday, August 23, 2015

BTC သမားများအတွက်ပါ။



ကျွန်တော့် Blog လေးကို အစဉ်တစိုက်အားပေးနေကြတဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ မိတ်ဆွေများ အထူးစိတ်ဝင်စားစေမယ့်အကြောင်းအရာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါပေမယ့် ဒီနည်း စနစ်ကို ဘယ်လိုပုံစံနဲ့ပေးရင်ကောင်းမလဲဆိုတာကိုတော့ ကျွန်တော်စဉ်းစားနေဆဲပဲရှိပါသေးတယ်။ အရင် တုန်းကတော့ မိမိတို့တွေ ဘာပဲရှာတွေ့ ရှာတွေ့ အလကားနီးပါးလောက်ကို ပေးခဲ့ကြတာတွေကို အွန်လိုင်းငွေရှာလောကသားများအနေနဲ့ (လွန်ခဲ့သော 2 နှစ်လောက်ကစတင်သောသူများအား ဆိုလိုသည်) အသိပဲဖြစ်ပါတယ်။ ဒီကြားထဲမှာ အတုယောင်တွေကလည်း အတော်လေးများသားလားဗျာ။ ဒါပေသိ တချို့ကြတော့ လည်း အချောင်လေးများရမလားဆိုပြီးဝင်လာတယ်။ ကိုယ်ကိုတိုင်လည်း လေ့လာ အားထုတ်မှုကမရှိ ဟိုမေး ဒီမေး ဟော... ပြီးတော့လည်း သောက်ဖောင်းထုပြီးပြန်ပြေးကြ ။ ကောင်းရောဗျာ ကိုယ့်ထမင်းကိုစား ကိုယ့်အင်တာနက်ကိုယ်သုံးပြီး မိမိသိထားတာလေးတွေကို အခြားသူများလည်း သိပါစေ ဆိုတဲ့စေတနာနဲ့ ( RR ရတာနည်းနည်း) ချပြကြတယ်ဗျာ။ အဲ့ဒါကို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး လာအော်ကြတယ်လေ။ ဒီတော့ အလကားရတဲ့ဟာက ဘာမှတန်ဖိုးမရှိဘူးဆိုတာဖြစ်လာတဲ့အတွက် အခအနည်းဆုံးသောအခကြေးငွေနဲ့ မိတ်ဆွေများကို ချပြတဲ့သူတွေ ပေါ်ပေါက်လာရတာပဲ။ 

ကျွန်တော်လည်း တော်ကီများနေတော့ ဆိုလိုရင်းကိုမရောက်ဘူးဖြစ်နေတယ်။ အောက်မှာ Video ဖိုင်လေး တင်ပေးထားပါတယ်။ ဘာလဲဆိုတာ ကြည့်ပေးထားကြပါ။ ဒီနည်းစနစ်ကတော့ Bitcoin သမားများအတွက် ဖြစ်ပါတယ်။  တစ်ခုတော့ကြိုပြောထားမယ်ဗျာ။ လောဘကိုကြိုတင်သတ်ထားပါ။ ဖြစ်နိုင် ရင် တရားထိုင်ဖို့ပါလုပ်ပါလို့   ငိငိငိ 



ဒီမှာတော့ အနည်းဆုံးနဲ့ ဆော့ပြထားတာပါ။ Video ဖိုင်ကတော့ 2 မိနစ်နီးပါးပဲရှိပါတယ်။ ဘယ်လိုပုံစံနဲ့ ပေးမယ်ဆိုတာကတော့ ဆက်လက်စဉ်းစားပါအုံးမယ်။

ကြိုးစားအားထုတ်မှုမရှိရင် ဘယ်အရာမှဖြစ်မလာပါဘူး

Friday, August 21, 2015

SCAM လေးတော့ စစ်ကြပါအုံး မိတ်ဆွေတို့






Online မှာ ငွေရှာနေတဲ့ မိတ်ဆွေများ မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ ကျွန်တော့်မိတ်ဆွေများအတွက် အကျိုး ရှိစေမယ့် အကြောင်းအရာတစ်ခုကို ကျွန်တော်ပြောပြချင်ပါတယ်။ တစ်ချို့လည်း သိပြီးဖြစ်သလို မသိသေး တဲ့သူများလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေသိ သိပြီးတဲ့သူတွေလည်း ပိုပြီးသိသွားအောင်၊ မသိသေးတဲ့ မိတ်ဆွေများလည်း သိသွားစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပို့စ်ကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ 

ကျွန်တော်တို့ Online မှာငွေရှာကြတဲ့အခါမှာ အမှန်တကယ်ပေးနေတဲ့ဆိုက်လား အတုအယောင်လားဆို တာခွဲခြားရ ခက်လှပါတယ်။ ဒီတော့ လုပ်သာလုပ်ရတယ် ဘာမှန်းသိပ်မသိကြဘူး။ ကိုယ်လုပ်နေတဲ့ဆိုက်က မပေးဘူးဆိုရင် ကုန်သွားတဲ့အချိန်တွေရယ် ဖုန်းသမားတွေဆိုရင် ဖုန်းဘေဖိုးတွေ အတော်လေးကုန်တယ်ဗျ။ တစ်ချို့ကြတော့လည်း Scamdav နဲ့စစ်ထားတာ စိတ်ချရယ် ဘာညာပေါ့ဗျာ။ ကဲ....... ဒါတွေရှိစေတော့။ 

ခုကျွန်တော်ပြောမယ့်အကြောင်းကတော့ မိမိလုပ်နေတဲ့ဆိုက်က Invest ဆိုက်တစ်ခုဆိုပါတော့။ ဒီတော့ မိ မိရင်းနှီးမယ့်ငွေအတွက် လုံခြုံမှုရှိဖို့အတွက် အရေးကြီးတယ်လေ။ ဟုတ်တယ်ဟုတ်။ ဒီနေ့ နည်းပညာရေ စီးကြောင်းထဲမှာ ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသေးတယ်။ မိမိငွေရှာနေတာ Online ပေါ်မှာဆို တာကိုလည်း သတိရဖို့လိုပါတယ်။ ကဲ... ဆိုတော့ကားးးး မိမိရင်းနှီးမယ့်ဆိုက်တစ်ခုက ဘယ်လောက်လုံခြုံ မှုရှိတယ်ဆိုတာကို စစ်ဖို့အတွက် အောက်မှာပေးထားတဲ့ပုံကိုနှိပ်ပြီး ၀င်ရောက် စစ်ဆေးနိုင်ပါတယ်။ 

http://scamanalyze.com/

 အောက်မှာ ကျွန်တော် နမူနာစစ်ပြထားပါတယ်။ ( ကျွန်တော် စစ်ထားတာကို ဖျက်ထားတဲ့အတွက် နားလည်ပေးစေချင်ပါတယ် )

ပုံ (1)
 
 ပုံ (2)

 ဟုတ်ပြီနော်။ ဒီတော့ နောက်တစ်မျိုး စစ်တာကို ဆက်သွားပါမယ်။ နောက်တစ်ခုကတော့ အတော်လေး အကျိုးရှိစေမှာပါ။ ဒါကတော့ အွန်လိုင်းငွေရှာသူများရင်းနှီးပီးသားဖြစ်တဲ့ HYIP ပဲဖြစ်ပါတယ်။ HYIP ဟုတ်မ ဟုတ်ကို အောက်မှာပေးထားတဲ့ပုံကိုနှိပ်ပြီး သွားရောက်စစ်ဆေးနိုင်ပါတယ်။

www.allhyipmonitors.com

အားလုံပဲ အဆင်ပြေကြပါစေ။  ကျွန်တော် Ko Ko ပါ။ အဆင်မပြေတာရှိရင် Comment မှာပြောခဲ့ပါ။

Wednesday, August 19, 2015

ဘောပွဲဝါသနာရှင်များအတွက်


ဒီအကြောင်းအရာကတော့ သိပြီးတဲ့သူတွေလည်း သိလောက်ပါတယ်။ ဒါပေမယ့် ကျွန်တော့် blog လေးမှာ စုံလင်အောင်တင်ချင်တဲ့ရည်ရွယ်ချက်နဲ့ ရေးသားရခြင်းပဲဖြစ်ပါတယ်။ Planet of bets ဆိုတာဘာလဲ ? ဟုတ်ကဲ့ပါ။ Planet of bets ဆိုတာ ဘောလုံးဝါသနာရှင်များ အကြိုက်တွေ့စေမယ့် (Online football gambling) အွန်လိုင်း ဘောလုံးလောင်းကစား တစ်မျိုး ပဲဖြစ်ပါတယ်။ ဘယ်လောက်ကနေစ တင်လောင်းနဲ့သလဲဆိုရင် 0.05 $ ကနေစတင် လောင်းကစားပြု လုပ်နိုင်ပါတယ်။ ပထမဦးစွာ အောက်မှာပေးထား တဲ့လင့်ကနေ Planet of bets ကို ၀င်ရောက်လိုက်ပါ။
                http://www.planetofbets.com/?ref_id=295399  
ဒီနေရာမှာတစ်ခုသိထားဖို့လိုပါတယ်။ Address ကို အနည်းဆုံး မှန်ကန်အောင်ဖြည့်ပေးပါ။ နောက် တစ်ခုက ZIP Code ဖြစ်ပါတယ်။ Zip Coad ကိုမှန်အောင်ဖြည့်ရမှာဖြစ်ပါတယ်။ မိမိ နေထိုင်ရာမြို့နယ်ရဲ့ Zip Coad ကိုသိချင်ရင် အောက်ကလင့်ကနေ၀င်ကြည့်ပါ။
                           http://www.mapanet.eu/EN/postal_codes/?C=MM

မိမိနေထိုင်ရာ တိုင်း သို့မဟုတ် ပြည်နယ်များကို တစ်ချက်ကလစ်ပေးလိုက်ပါ။ ရန်ကုန်မှာနေသူများ အတွက်ကတော့ အောက်မှာပေးထားတဲ့ လင့်ကနေ တိုက်ရိုက် မိမိနေထိုင်ရာမြို့နယ်ရဲ့ Zipcoad ကို ရှာနိုင်ပါတယ်။
                    http://www.myanmars.net/myanmar/postal-codes.htm
နောက်တစ်ခုထပ်သိထားရမှာက Acc ဖွင့်တဲ့နေရာမှာ Currency နေရာမှာ USD ကို ရွေးပေးပါမယ်။ ပုံကိုကြည့် လိုက်ပါခင်ဗျာ။ Captcha ဆိုတဲ့နေရာမှာ အပေါ်နားလေးမှာ မြင်နေရ တဲ့စာတွေကို ပြန်ရိုက် ထည့်ပေးလိုက်ပါ။  ဖြည့်ပီးရင်တော့ Register Now ကိုနှိပ် လိုက်ပါ။ ဒါဆိုရင်တော့ Acc ဖွင့်ခြင်းပြီးဆုံးပါပြီ။ Depostit လုပ်တဲ့အပိုင်းကို ဆက်သွားပါမယ်။ လွယ်ပါတယ်ဗျာ။  ပုံကိုတစ်ချက်ကြည့်ပါ။ 
 ထိပ်ဆုံးမှာ Deposit ဆိုတာရှိပါတယ်။ အဲဒါကိုနှိပ်လိုက်ပါ။ အဲဒီအခါမှာ payment system နေရာမှာ PM (Perfect Money) ဆိုတာကို ရွေးပေးလိုက်ပါ။ မိမိကြိုက်သလောက် ထည့်လို့ရပါတယ်။  Withdraw လည်း ထို့နည်းလကောင်းပါပဲဗျာ။ Tume Zone ချိန်းပါမယ်။ ဒီတော့ ကျွန်တော်တို့ နိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံ Time Zone ကိုပြောင်းလိုက်မယ်ဗျာ။ ဒီတော့ ညာဘက်ဒေါင့်နားလေးမှာ မိမိနာမည်ရှိတယ်။ အဲ့ဘေးနားမှာ မျှားခေါင်းလေးရှိတယ်။ နှိပ်လိုက်ပါ။ Setting ဆိုတာကိုနှိပ်။ အောက်ကပုံကိုရောက် သွားလိမ့်မယ်။ အဲဒီမှာ ကျွန်တော်ဝိုင်းပြထားတယ်ဗျာ။ GMT 7 (Bangkok. Hanoi) ဆိုပြီးပြောင်း ထားတယ်။ Save ကိုထပ်နှိပ်။ ဒါဆိုအဆင်ပြေပြီ။ အောက်ကပုံကိုကြည့်ပါ။
အောက်ကပုံကိုကြည့်ပါ။

3Way result ဆိုတာကတော့ မိမိလောင်းချင်တဲ့အသင်းဘက်ကိုလောင်းနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဘောသမားများအကြိုက်တွေ့စေမယ်အရာဖြစ်ပါတယ်။ အောက် ကပုံကိုကြည့်ပါ။ How many goals willbe scored? ဆိုတာဖြစ်ပါတယ်ဘာကိုပြောတာလဲဆိုရင်တော့ ဂိုးပေါ် / ဂိုးအောက် ဆိုတာကိုခေါ်တာပါ။ 
 
ဒီနေရာမှာတစ်ခုပြောချင်တာက အကွက်လေးတွေဘေးမှာ မျှားခေါင်းပုံစံလေးနဲ့ အနီရောင်ရယ် အစိမ်းရောင်ရယ်ဆိုတာပေါ်နေ တာကိုတွေ့ပါလိမ့်မယ်။ဒါကဒိုင်က ပေါက်ဈေးကိုဖွင့်ထားတဲ့ အချိန်ကို ကိုယ်စားပြုပါတယ်။ အရောင်လေးတွေမပေါ်ရင်တော့ လောင်းလို့မရသေးပါဘူး။ ခနစောင့်လိုက်ပါ။ ဒိုင်က ဈေးပြန်ဖွင့်တဲ့အချိန်ကိုပြန်စောင့်ပေးလိုက်ပါ။  ပုံကိုကြည့်လိုက်ပါ။ Over 0.5 ဘက်မှာ အစိမ်းရောင်ဖြစ်နေတာကိုတွေ့ပါလိမ့်မယ် ဒါကတော့ ဂိုးသွင်းနိုင်ချေများတယ်လို့ သိထားရမှာဖြစ်ပါတယ်။ Under 0.5 ဘက်မှာတော့ အနီရောင်ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကတော့ ဂိုးသွင်းနိုင်ချေ နည်းတယ်လို့ သိထားရမှာဖြစ်ပါတယ်။ ဒီအရောင်တွေကို အရမ်းတော့ အားမပြုစေချင် ပါဘူးဗျာ။ ဖြစ်နိုင်ချေက နည်းလွန်းလို့ပါ။ ပွဲချိန်များလာတာနဲ့အမျှ ပေါက်ဈေးကလည်း ကျကျသွားပါတယ်။ ဂိုးပေါ်ဘက်မှာပြထားတဲ့
Over 0.5 = တစ်ဂိုး
Over 1.5 = တစ်ဂိုးအထက်
Over 2.5 =  နှစ်ဂိုးနဲ့အထက်
Under 0.5 ဆိုတာကိုတော့ မရှင်းပြတော့ဘူးနော်  :D ။ ပေါက်ဈေးကိုရှင်းပြမယ်။ 
Over 0.5 ဘေးကိုကြည့်ပါ။ 1.22 ဆိုတာက 1 ဒေါ်လာထိုးရင် .22 ရမယ်လို့ပြောတာဖြစ်ပါတယ်။
Over 1.5 ဘေးက 2.07 ဆိုတာက 2 ဒေါ်လာထိုးမှ .07 ပဲရမယ်တဲ့ ။ Over 2.5 ဘေးက 4.44 ကိုပြောရမယ်ဆိုရင် 4 ဒေါ်လာထိုးမှ .44 သာနိုင်မယ်တဲ့။ ၀ါသနာပါရင် ချသာချ (ဆေးထိုးတာညော် :p)
ဖိုးကဒ်ရိုက်ချင်တဲ့သူတွေကြတော့ အောက်ကပုံကိုကြည့်ပီး ဆွဲကြပေါ့ဗျာ။

နောက်တစ်ခုကတော့ ကျွန်တော်တို့ တော်တော်အကြိုက်တွေ့စေမယ့်နည်းပေါ့ဗျာ။  အောက်က ပုံကိုကြည့်ပါ။

အဲဒီမှာ No goal ဆိုတာရှိတယ်။ ဒီကောင်ကဘာလဲဆိုတော့ နောက်ထပ်ဂိုး မသွင်းတော့ဘူးလို့ဆိုလို တာဖြစ်ပါတယ်။ ဘယ်အချိန်ထိဆော့လို့ရလဲဆိုရင် ပွဲပြီးခါနီးထိ ဆော့လို့ရတယ်။ ပွဲပြီးချိန်နီးလာတာ နဲ့အမျှ ပေါ့ဈေးကတော့ လျှော့သွားတယ်ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ပွဲကစားချိန် 88 မိနစ်လောက်မှာ နောက် တစ်ဂိုးသွင်းဖို့ဆိုတာ သေချာလား မသေချာလားဆိုတာ ဆုံးဖြတ်ကြည့်ပေါ့။ မသေချာနိုင်ရင် Nogoal ပွင့်နေလား ပွင့်နေရင်ဆွဲတော့ပေါ့ဗျာ။ ကဲမကောင်းဘူးလား။ ဒီလောက်ဆိုရင်ပဲ မိတ်ဆွေများအတွက်အကျိုး ဖြစ်ထွန်းမယ်လို့ထင်ပါတယ်။

အဆင်ပြေကြပါစေခင်ဗျာ။ ကျွန်တော် Ko Ko ပါ။



Monday, August 3, 2015

Blog ထောင်ပြီး ငွေရှာလိုပါသလား ??????


အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခါ ကျွန်တော်ပြောပြမယ့်ဟာကတော့ Blogger သမားများအတွက်ဖြစ် ပါတယ်။ Blog တခုလုပ်တာကဘာမှ မခက်ပါဘူးခင်ဗျာ။ ဒီပိုစ် မှာကတော့ Blog ပြုလုပ်ပုံကို မရှင်းပြ  ပါဘူး။ Blog ထောင်ပြီး ပိုက်ပိုက်ရှာတာကိုပဲ ရှင်းပြသွားမှာဖြစ်ပါတယ်။ ကဲ ..... စလိုက်ကြရအောင်။

ပထမဦးဆုံးကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ဟဲဟဲဟဲ  .... အောက်ကလင့်လေးကိုနှိပ်လိုက်ပါ။

                      https://www.popads.net/users/refer/455991

Ok နော် :D  Register လုပ်ရအောင်ဗျာ။ လွယ်ပါတယ် ဟဲဟဲဟဲ .... လုပ်နေကြပဲဟာကိုးးးလို့  :p
အောက်ကပုံကိုကြည့်ပါ။ ဖြည့်ရမယ်ဟာတွေကိုဖြည့်ပေးပါ။ Gmail ထဲကို လင့်တစ်ခုပို့ပေးပါလိမ့်မယ်။ အဲဒီလင့်ကိုနှိပ်ပြီး Confirm လုပ်ပေးလိုက်ပါ။


 Ok ....  Register လုပ်ပြီးပြီဆိုပါစို့။ Login ပြန်ဝင်လိုက်တာနဲ့ အောက်ကပုံလိုမျိုးမြင်ရပါလိမ့်မယ်။ Current Balance ဆိုတာကတော့ မိမိဘယ်လောက်ရနေပြီဆိုတာကိုပြတာဖြစ်ပါတယ်။ Total payout ဆိုတာကိုတော့ မပြောပြတော့ဘူးနော်  :p  ။ ကဲ.... Blog နဲ့ချိတ်တာလေး စလိုက်ရအောင်ဗျာ။


ကျွန်တော်ဝိုင်းပြထားတဲ့နေရာမှာ New Website ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင် အောက်မှာကျွန်တော်ပြ ထားတဲ့အတိုင်းလိုက်ဖြည့်ပါ။ ပုံကိုသေချာကြည့်ပါ။

1.  Site Name ဆိုတာက မိမိဆိုဒ်နာမည်ကိုပြောတာပါ။
2.  Site URL ဆိုတာက မိမိဆိုဒ်ရဲ့ လင့်ကိုပြောတာပါ။ ဥပမာ .... http:// www.mademoneyinonline.blogspot.com ဆိုတာမျိုးပေါ့
3.  Category ဆိုတာကတော့ မိမိဆိုဒ်က ဘာအမျိုးအစားလဲဆိုတာကိုပြောတာပါ။ ဘာထည့်ရမှန်းမသိရင်တော့ General/Internet ကိုပဲပေးလိုက်ပါ။
Description နေရာမှာ နဲနဲဖောလိုက်ပါ  :D

အားလုံးပြီးရင်တော့ အောက်နားမှာ Add Wetsite ကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းဖြစ်သွားပါလိမ့်မယ်။ ဒီနေရာမှာတော့ ကျွန်တော့်ရဲ့ Blog အဟောင်းလေးတစ်ခုနဲ့လုပ်ပြထားပါတယ်။ ၀ါသနာပါရင်လာ လည်သွားပါလို့  ငိငိငိ  :p

မျှားပြထားတဲ့နေရာမှာ အမှတ်ချစ်လေးတွေပေးလိုက်ပါ။ ပီးရင်တော့ Add website ကိုနှိပ်လိုက်ပါ။ အောက် ကပုံလေးကိုဖြစ်သွားပါလိမ့်မယ်။


အားလုံးပြီးသွားပီဆိုရင်တော့ 24 နာရီစောင့်ရမှာဖြစ်ပါတယ်။ 24 နာရီအတွင်းမှာ မိမိ Blog ဖွင့်ထားတဲ့ Gmail ထဲကို အောက်ကပုံအတိုင်း mail ပို့ပေးထားပါလိမ့်မယ်။ Code.txt ဖိုင်ကိုဖွင့်လိုက်ပါ။ Code တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Code တွေကို Copy ကူးပါ။

Blogger.com ကိုသွားပီတော့ login လုပ်ပါ။ အောက်ကပုံအတိုင်း မြင်ရမှာဖြစ်ပါတယ်။


အဲဒီမှာ ကျွန်တော်မျှားပြထားတဲ့နေရာကိုနှိပ်ပါ။ Template ကိုထပ်နှိပ်ပါ။  အောက်ကပုံအတိုင်းမြင်ရ မှာဖြစ်ပါတယ်။



Edit HTML ဆိုတာကိုနှိပ်ပါ။ ဒါဆိုရင်တော့ Blog မှာ မိမိတင်ထားတဲ့ Template HTML Code တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ နဲနဲသတိထားပါ။ ဘာလို့လဲဆိုတော့ HTML Code တွေက လုံးဝမှားလို့မရပါဘူး။ စာလုံးတစ်လုံးပိုသွားတာဖြစ်စေ ပျက်သွားတာဖြစ်စေလုပ်မိတာနဲ့ HTML Error တက်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက် သတိထားပီးလုပ်စေချင်ပါတယ်။ အောက်ကပုံကိုတစ်ချက်ကြည့်ပါ။



အပေါ်မှာ ၀ိုင်းပီးတော့ မျှားပြထားတဲ့နေရာမှာ </head> ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကဘာကိုပြောတာလဲဆိုရင် Html Code တွေအများကြီးထဲမှာ </head> ဆိုတာကိုလိုက်ရှာနေ ရင် ခေါင်းမူးမှာစိုးတဲ့အတွက် Browser ကို ခိုင်းစားလိုက်တာပါ။ ဒါကိုဘယ်လိုလုပ်သလဲဆိုရင်တော့ html code တွေရဲ့ ကြိုက်တဲ့နေရာမှာ မောက်စ် ကို တစ်ချက်နှိပ်လိုက်ပါ။ ဖုန်းနဲ့လုပ်မဲ့သူများအတွက်လည်း အတူတူပါပဲ။ ပီးရင် ကီးဘုတ်ကနေ Ctrl + F  ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် အပေါ်မှာ ကျွန်တော်ဝိုင်းပြထား တဲ့နေရာမှာ Search box လေးပေါ်လာပါလိမ့်မယ်။ အဲဒီထဲမှာ </head> ဆိုတာကို ရေးပီး Enter ကိုနှိပ်လိုက်ပါ။ ဒီအဆင့်မှာတော့ ဖုန်းနဲ့လုပ်မဲ့မိတ်ဆွေတွေအတွက်တော့ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ပုံထဲက အောက်နားလေးမှာ ကျွန်တော်မျှားပြထားတဲ့နေရာမှာ အ၀ါရောင်လေးနဲ့ </head> ဆိုတာကိုတွေ့ရပါလိမ့်မယ်။ Gmail ထဲက Code.txt ဖိုင်ကိုဖွင့်ပါ။ Code တွေအကုန်လုံးကို Copy ကူးပါ။ </head> ရဲ့အပေါ်နားလေးမှာ ကူးလာတဲ့ Code တွေကို ထည့်လိုက်ပါ။ ပုံမှာ ကျွန်တော်အ၀ိုင်းကြီးနဲ့ ပြထားပါတယ်။ ထည့်ပြီးသွားရင် Save template ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ pop ads နဲ့ Blog ချိတ်ဆက်ခြင်း ပြီးဆုံးပါပြီ။ မိမိ Blog ကိုလာလည်သူများရင်များသလို ပိုက်ပိုက်တွေရနေပါလိမ့်မယ်။ ရလာတဲ့ပိုက်ပိုက်တွေကိုတော့ paypal နဲ့ပဲထုတ်လို့ရပါတယ်ဗျာ။




အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ယူဆပါတယ်။ အဆင်မပြေတာများရှိရင်တော့ ချက်ဘောက်မှာ ပြောခဲ့ နိုင်ပါတယ်။ 

ကျွန်တော် Ko Ko ပါ။