Sunday, August 23, 2015

BTC သမားများအတွက်ပါ။



ကျွန်တော့် Blog လေးကို အစဉ်တစိုက်အားပေးနေကြတဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ မိတ်ဆွေများ အထူးစိတ်ဝင်စားစေမယ့်အကြောင်းအရာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါပေမယ့် ဒီနည်း စနစ်ကို ဘယ်လိုပုံစံနဲ့ပေးရင်ကောင်းမလဲဆိုတာကိုတော့ ကျွန်တော်စဉ်းစားနေဆဲပဲရှိပါသေးတယ်။ အရင် တုန်းကတော့ မိမိတို့တွေ ဘာပဲရှာတွေ့ ရှာတွေ့ အလကားနီးပါးလောက်ကို ပေးခဲ့ကြတာတွေကို အွန်လိုင်းငွေရှာလောကသားများအနေနဲ့ (လွန်ခဲ့သော 2 နှစ်လောက်ကစတင်သောသူများအား ဆိုလိုသည်) အသိပဲဖြစ်ပါတယ်။ ဒီကြားထဲမှာ အတုယောင်တွေကလည်း အတော်လေးများသားလားဗျာ။ ဒါပေသိ တချို့ကြတော့ လည်း အချောင်လေးများရမလားဆိုပြီးဝင်လာတယ်။ ကိုယ်ကိုတိုင်လည်း လေ့လာ အားထုတ်မှုကမရှိ ဟိုမေး ဒီမေး ဟော... ပြီးတော့လည်း သောက်ဖောင်းထုပြီးပြန်ပြေးကြ ။ ကောင်းရောဗျာ ကိုယ့်ထမင်းကိုစား ကိုယ့်အင်တာနက်ကိုယ်သုံးပြီး မိမိသိထားတာလေးတွေကို အခြားသူများလည်း သိပါစေ ဆိုတဲ့စေတနာနဲ့ ( RR ရတာနည်းနည်း) ချပြကြတယ်ဗျာ။ အဲ့ဒါကို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး လာအော်ကြတယ်လေ။ ဒီတော့ အလကားရတဲ့ဟာက ဘာမှတန်ဖိုးမရှိဘူးဆိုတာဖြစ်လာတဲ့အတွက် အခအနည်းဆုံးသောအခကြေးငွေနဲ့ မိတ်ဆွေများကို ချပြတဲ့သူတွေ ပေါ်ပေါက်လာရတာပဲ။ 

ကျွန်တော်လည်း တော်ကီများနေတော့ ဆိုလိုရင်းကိုမရောက်ဘူးဖြစ်နေတယ်။ အောက်မှာ Video ဖိုင်လေး တင်ပေးထားပါတယ်။ ဘာလဲဆိုတာ ကြည့်ပေးထားကြပါ။ ဒီနည်းစနစ်ကတော့ Bitcoin သမားများအတွက် ဖြစ်ပါတယ်။  တစ်ခုတော့ကြိုပြောထားမယ်ဗျာ။ လောဘကိုကြိုတင်သတ်ထားပါ။ ဖြစ်နိုင် ရင် တရားထိုင်ဖို့ပါလုပ်ပါလို့   ငိငိငိ 



ဒီမှာတော့ အနည်းဆုံးနဲ့ ဆော့ပြထားတာပါ။ Video ဖိုင်ကတော့ 2 မိနစ်နီးပါးပဲရှိပါတယ်။ ဘယ်လိုပုံစံနဲ့ ပေးမယ်ဆိုတာကတော့ ဆက်လက်စဉ်းစားပါအုံးမယ်။

ကြိုးစားအားထုတ်မှုမရှိရင် ဘယ်အရာမှဖြစ်မလာပါဘူး

2 comments:

  1. ကျွန်တော်တခါ လုပ်ဖူးတယ်
    ဒါပေမဲ့ ၁၀ခါ ဆက်တိုက် ရှုံးသွားတယ်XD
    ဒါနဲ့မလုပ်တော့ပဲထားလိုက်တာ
    ခု ထပ်စမ်းကြည့်လိုက်မယ် hehe XD
    Thanks

    ReplyDelete