Showing posts with label Betting. Show all posts
Showing posts with label Betting. Show all posts

Friday, August 21, 2015

SCAM လေးတော့ စစ်ကြပါအုံး မိတ်ဆွေတို့






Online မှာ ငွေရှာနေတဲ့ မိတ်ဆွေများ မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ ကျွန်တော့်မိတ်ဆွေများအတွက် အကျိုး ရှိစေမယ့် အကြောင်းအရာတစ်ခုကို ကျွန်တော်ပြောပြချင်ပါတယ်။ တစ်ချို့လည်း သိပြီးဖြစ်သလို မသိသေး တဲ့သူများလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေသိ သိပြီးတဲ့သူတွေလည်း ပိုပြီးသိသွားအောင်၊ မသိသေးတဲ့ မိတ်ဆွေများလည်း သိသွားစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပို့စ်ကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ 

ကျွန်တော်တို့ Online မှာငွေရှာကြတဲ့အခါမှာ အမှန်တကယ်ပေးနေတဲ့ဆိုက်လား အတုအယောင်လားဆို တာခွဲခြားရ ခက်လှပါတယ်။ ဒီတော့ လုပ်သာလုပ်ရတယ် ဘာမှန်းသိပ်မသိကြဘူး။ ကိုယ်လုပ်နေတဲ့ဆိုက်က မပေးဘူးဆိုရင် ကုန်သွားတဲ့အချိန်တွေရယ် ဖုန်းသမားတွေဆိုရင် ဖုန်းဘေဖိုးတွေ အတော်လေးကုန်တယ်ဗျ။ တစ်ချို့ကြတော့လည်း Scamdav နဲ့စစ်ထားတာ စိတ်ချရယ် ဘာညာပေါ့ဗျာ။ ကဲ....... ဒါတွေရှိစေတော့။ 

ခုကျွန်တော်ပြောမယ့်အကြောင်းကတော့ မိမိလုပ်နေတဲ့ဆိုက်က Invest ဆိုက်တစ်ခုဆိုပါတော့။ ဒီတော့ မိ မိရင်းနှီးမယ့်ငွေအတွက် လုံခြုံမှုရှိဖို့အတွက် အရေးကြီးတယ်လေ။ ဟုတ်တယ်ဟုတ်။ ဒီနေ့ နည်းပညာရေ စီးကြောင်းထဲမှာ ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသေးတယ်။ မိမိငွေရှာနေတာ Online ပေါ်မှာဆို တာကိုလည်း သတိရဖို့လိုပါတယ်။ ကဲ... ဆိုတော့ကားးးး မိမိရင်းနှီးမယ့်ဆိုက်တစ်ခုက ဘယ်လောက်လုံခြုံ မှုရှိတယ်ဆိုတာကို စစ်ဖို့အတွက် အောက်မှာပေးထားတဲ့ပုံကိုနှိပ်ပြီး ၀င်ရောက် စစ်ဆေးနိုင်ပါတယ်။ 

http://scamanalyze.com/

 အောက်မှာ ကျွန်တော် နမူနာစစ်ပြထားပါတယ်။ ( ကျွန်တော် စစ်ထားတာကို ဖျက်ထားတဲ့အတွက် နားလည်ပေးစေချင်ပါတယ် )

ပုံ (1)
 
 ပုံ (2)

 ဟုတ်ပြီနော်။ ဒီတော့ နောက်တစ်မျိုး စစ်တာကို ဆက်သွားပါမယ်။ နောက်တစ်ခုကတော့ အတော်လေး အကျိုးရှိစေမှာပါ။ ဒါကတော့ အွန်လိုင်းငွေရှာသူများရင်းနှီးပီးသားဖြစ်တဲ့ HYIP ပဲဖြစ်ပါတယ်။ HYIP ဟုတ်မ ဟုတ်ကို အောက်မှာပေးထားတဲ့ပုံကိုနှိပ်ပြီး သွားရောက်စစ်ဆေးနိုင်ပါတယ်။

www.allhyipmonitors.com

အားလုံပဲ အဆင်ပြေကြပါစေ။  ကျွန်တော် Ko Ko ပါ။ အဆင်မပြေတာရှိရင် Comment မှာပြောခဲ့ပါ။

Wednesday, August 19, 2015

ဘောပွဲဝါသနာရှင်များအတွက်


ဒီအကြောင်းအရာကတော့ သိပြီးတဲ့သူတွေလည်း သိလောက်ပါတယ်။ ဒါပေမယ့် ကျွန်တော့် blog လေးမှာ စုံလင်အောင်တင်ချင်တဲ့ရည်ရွယ်ချက်နဲ့ ရေးသားရခြင်းပဲဖြစ်ပါတယ်။ Planet of bets ဆိုတာဘာလဲ ? ဟုတ်ကဲ့ပါ။ Planet of bets ဆိုတာ ဘောလုံးဝါသနာရှင်များ အကြိုက်တွေ့စေမယ့် (Online football gambling) အွန်လိုင်း ဘောလုံးလောင်းကစား တစ်မျိုး ပဲဖြစ်ပါတယ်။ ဘယ်လောက်ကနေစ တင်လောင်းနဲ့သလဲဆိုရင် 0.05 $ ကနေစတင် လောင်းကစားပြု လုပ်နိုင်ပါတယ်။ ပထမဦးစွာ အောက်မှာပေးထား တဲ့လင့်ကနေ Planet of bets ကို ၀င်ရောက်လိုက်ပါ။
                http://www.planetofbets.com/?ref_id=295399  
ဒီနေရာမှာတစ်ခုသိထားဖို့လိုပါတယ်။ Address ကို အနည်းဆုံး မှန်ကန်အောင်ဖြည့်ပေးပါ။ နောက် တစ်ခုက ZIP Code ဖြစ်ပါတယ်။ Zip Coad ကိုမှန်အောင်ဖြည့်ရမှာဖြစ်ပါတယ်။ မိမိ နေထိုင်ရာမြို့နယ်ရဲ့ Zip Coad ကိုသိချင်ရင် အောက်ကလင့်ကနေ၀င်ကြည့်ပါ။
                           http://www.mapanet.eu/EN/postal_codes/?C=MM

မိမိနေထိုင်ရာ တိုင်း သို့မဟုတ် ပြည်နယ်များကို တစ်ချက်ကလစ်ပေးလိုက်ပါ။ ရန်ကုန်မှာနေသူများ အတွက်ကတော့ အောက်မှာပေးထားတဲ့ လင့်ကနေ တိုက်ရိုက် မိမိနေထိုင်ရာမြို့နယ်ရဲ့ Zipcoad ကို ရှာနိုင်ပါတယ်။
                    http://www.myanmars.net/myanmar/postal-codes.htm
နောက်တစ်ခုထပ်သိထားရမှာက Acc ဖွင့်တဲ့နေရာမှာ Currency နေရာမှာ USD ကို ရွေးပေးပါမယ်။ ပုံကိုကြည့် လိုက်ပါခင်ဗျာ။ Captcha ဆိုတဲ့နေရာမှာ အပေါ်နားလေးမှာ မြင်နေရ တဲ့စာတွေကို ပြန်ရိုက် ထည့်ပေးလိုက်ပါ။  ဖြည့်ပီးရင်တော့ Register Now ကိုနှိပ် လိုက်ပါ။ ဒါဆိုရင်တော့ Acc ဖွင့်ခြင်းပြီးဆုံးပါပြီ။ Depostit လုပ်တဲ့အပိုင်းကို ဆက်သွားပါမယ်။ လွယ်ပါတယ်ဗျာ။  ပုံကိုတစ်ချက်ကြည့်ပါ။ 
 ထိပ်ဆုံးမှာ Deposit ဆိုတာရှိပါတယ်။ အဲဒါကိုနှိပ်လိုက်ပါ။ အဲဒီအခါမှာ payment system နေရာမှာ PM (Perfect Money) ဆိုတာကို ရွေးပေးလိုက်ပါ။ မိမိကြိုက်သလောက် ထည့်လို့ရပါတယ်။  Withdraw လည်း ထို့နည်းလကောင်းပါပဲဗျာ။ Tume Zone ချိန်းပါမယ်။ ဒီတော့ ကျွန်တော်တို့ နိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံ Time Zone ကိုပြောင်းလိုက်မယ်ဗျာ။ ဒီတော့ ညာဘက်ဒေါင့်နားလေးမှာ မိမိနာမည်ရှိတယ်။ အဲ့ဘေးနားမှာ မျှားခေါင်းလေးရှိတယ်။ နှိပ်လိုက်ပါ။ Setting ဆိုတာကိုနှိပ်။ အောက်ကပုံကိုရောက် သွားလိမ့်မယ်။ အဲဒီမှာ ကျွန်တော်ဝိုင်းပြထားတယ်ဗျာ။ GMT 7 (Bangkok. Hanoi) ဆိုပြီးပြောင်း ထားတယ်။ Save ကိုထပ်နှိပ်။ ဒါဆိုအဆင်ပြေပြီ။ အောက်ကပုံကိုကြည့်ပါ။
အောက်ကပုံကိုကြည့်ပါ။

3Way result ဆိုတာကတော့ မိမိလောင်းချင်တဲ့အသင်းဘက်ကိုလောင်းနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဘောသမားများအကြိုက်တွေ့စေမယ်အရာဖြစ်ပါတယ်။ အောက် ကပုံကိုကြည့်ပါ။ How many goals willbe scored? ဆိုတာဖြစ်ပါတယ်ဘာကိုပြောတာလဲဆိုရင်တော့ ဂိုးပေါ် / ဂိုးအောက် ဆိုတာကိုခေါ်တာပါ။ 
 
ဒီနေရာမှာတစ်ခုပြောချင်တာက အကွက်လေးတွေဘေးမှာ မျှားခေါင်းပုံစံလေးနဲ့ အနီရောင်ရယ် အစိမ်းရောင်ရယ်ဆိုတာပေါ်နေ တာကိုတွေ့ပါလိမ့်မယ်။ဒါကဒိုင်က ပေါက်ဈေးကိုဖွင့်ထားတဲ့ အချိန်ကို ကိုယ်စားပြုပါတယ်။ အရောင်လေးတွေမပေါ်ရင်တော့ လောင်းလို့မရသေးပါဘူး။ ခနစောင့်လိုက်ပါ။ ဒိုင်က ဈေးပြန်ဖွင့်တဲ့အချိန်ကိုပြန်စောင့်ပေးလိုက်ပါ။  ပုံကိုကြည့်လိုက်ပါ။ Over 0.5 ဘက်မှာ အစိမ်းရောင်ဖြစ်နေတာကိုတွေ့ပါလိမ့်မယ် ဒါကတော့ ဂိုးသွင်းနိုင်ချေများတယ်လို့ သိထားရမှာဖြစ်ပါတယ်။ Under 0.5 ဘက်မှာတော့ အနီရောင်ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကတော့ ဂိုးသွင်းနိုင်ချေ နည်းတယ်လို့ သိထားရမှာဖြစ်ပါတယ်။ ဒီအရောင်တွေကို အရမ်းတော့ အားမပြုစေချင် ပါဘူးဗျာ။ ဖြစ်နိုင်ချေက နည်းလွန်းလို့ပါ။ ပွဲချိန်များလာတာနဲ့အမျှ ပေါက်ဈေးကလည်း ကျကျသွားပါတယ်။ ဂိုးပေါ်ဘက်မှာပြထားတဲ့
Over 0.5 = တစ်ဂိုး
Over 1.5 = တစ်ဂိုးအထက်
Over 2.5 =  နှစ်ဂိုးနဲ့အထက်
Under 0.5 ဆိုတာကိုတော့ မရှင်းပြတော့ဘူးနော်  :D ။ ပေါက်ဈေးကိုရှင်းပြမယ်။ 
Over 0.5 ဘေးကိုကြည့်ပါ။ 1.22 ဆိုတာက 1 ဒေါ်လာထိုးရင် .22 ရမယ်လို့ပြောတာဖြစ်ပါတယ်။
Over 1.5 ဘေးက 2.07 ဆိုတာက 2 ဒေါ်လာထိုးမှ .07 ပဲရမယ်တဲ့ ။ Over 2.5 ဘေးက 4.44 ကိုပြောရမယ်ဆိုရင် 4 ဒေါ်လာထိုးမှ .44 သာနိုင်မယ်တဲ့။ ၀ါသနာပါရင် ချသာချ (ဆေးထိုးတာညော် :p)
ဖိုးကဒ်ရိုက်ချင်တဲ့သူတွေကြတော့ အောက်ကပုံကိုကြည့်ပီး ဆွဲကြပေါ့ဗျာ။

နောက်တစ်ခုကတော့ ကျွန်တော်တို့ တော်တော်အကြိုက်တွေ့စေမယ့်နည်းပေါ့ဗျာ။  အောက်က ပုံကိုကြည့်ပါ။

အဲဒီမှာ No goal ဆိုတာရှိတယ်။ ဒီကောင်ကဘာလဲဆိုတော့ နောက်ထပ်ဂိုး မသွင်းတော့ဘူးလို့ဆိုလို တာဖြစ်ပါတယ်။ ဘယ်အချိန်ထိဆော့လို့ရလဲဆိုရင် ပွဲပြီးခါနီးထိ ဆော့လို့ရတယ်။ ပွဲပြီးချိန်နီးလာတာ နဲ့အမျှ ပေါ့ဈေးကတော့ လျှော့သွားတယ်ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ပွဲကစားချိန် 88 မိနစ်လောက်မှာ နောက် တစ်ဂိုးသွင်းဖို့ဆိုတာ သေချာလား မသေချာလားဆိုတာ ဆုံးဖြတ်ကြည့်ပေါ့။ မသေချာနိုင်ရင် Nogoal ပွင့်နေလား ပွင့်နေရင်ဆွဲတော့ပေါ့ဗျာ။ ကဲမကောင်းဘူးလား။ ဒီလောက်ဆိုရင်ပဲ မိတ်ဆွေများအတွက်အကျိုး ဖြစ်ထွန်းမယ်လို့ထင်ပါတယ်။

အဆင်ပြေကြပါစေခင်ဗျာ။ ကျွန်တော် Ko Ko ပါ။



Sunday, May 31, 2015

Leverage Power




ချမ်းသာဖို့နည်းလမ်း - Leverage Power (ကုတ်အား)

သင်တစ်ယောက်တည်း အလုပ်ကပေးအပ်တဲ့တာဝန်ကို ကျားကုတ်ကျားခဲ နေ့မအိပ်ညမအိပ်ကြိုးစားနေရုံနဲ့ လူချမ်းသာတစ်ယောက်မဖြစ်နိုင်ပါဘူး။ သင်ကတစ်လကို ၀င်ငွေ ၁၀ သိန်းရှိတယ်ဆိုရင် တစ်လကို ၃ သိန်းလောက်တော့စုကောင်းစုမိပါလိမ့်မယ်။ တစ်လ ၃သိန်းနှုန်းနဲ့ အနှစ် ၄၀ လောက် အဘိုးကြီး၊အဘွားကြီးဖြစ်တဲ့အချိန်အထိမှန်မှန်စုနိုင်တဲ့အခါမှ သိန်းပေါင်း ၁၄၄၀ လောက်စုမိပါလိမ့်မယ်။ ဒါပေမယ့်ကိုယ် အသက် ၆၀ ကျော်လောက်ရောက်တဲ့အချိန်မှာ ငွေကြေးဖောင်းပွတာနဲ့ ပါထည့်တွက်မယ်ဆိုရင် သိန်းပေါင်း ၁၄၀၀ ကျော်လောက်ဟာ သိန်း ၆၀၀ ၀န်းကျင်လောက်ပဲတန်ဖိုးရှိတော့မှာပါ။ နှစ်ပေါင်း ၄၀ လောက် သေကြေအောင်လုပ်ပြီး မှန်မှန်စုတာတောင် ဒီလောက်လေးပဲရမယ်ဆိုရင်တော့ သိပ်ဟန်မကျသေးဘူးလို့ပြောရမှာပဲ။
ထပ်ပြောပါရစေဦး။ သင်ကတစ်နေ့ကို ၈နာရီနှုန်းနဲ့ နှစ်ပေါင်း၄၀ အလုပ်လုပ်တာဟာ နာရီပေါင်း ၃,၅၀၄,၀၀၀ နာရီလောက်အလုပ်လုပ်ခဲ့တဲ့အဓိပါယ်ပါပဲ။ တစ်ကယ်လို့များ လူပေါင်း ၄၀ လောက်ကတစ်နေ့ကို ၈ နာရီနှုန်းနဲ့ဝိုင်းပြီး ကိုယ့်အတွက်အလုပ်လုပ်ကြမယ်ဆိုရင်ကိုယ် နှစ်ပေါင်း ၄၀ လောက်ဖြတ်သန်းပြီး လုပ်ရမယ့်အချိန်တွေနဲ့ ရရှိမယ့် ချမ်းသာကြွယ်ဝမှုက ဘယ်လိုဖြစ်မယ်ထင်သလဲ????
ကျိန်းသေတာကတော့ အနှစ်၄၀လောက်ကိုယ်တစ်ယောက်တည်းလုပ်ရတဲ့လုပ်အားနာရီပေါင်း ၃,၅၀၄,၀၀၀ နာရီဟာ လူ၄၀၀ိုင်းလုပ်တဲ့အခါ ၁နှစ်ပဲကြာပါလိမ့်မယ်။ နှစ်ပေါင်း၄၀ရှာရတဲ့ ငွေကြေးပမာဏကို နှစ်အနည်းငယ်အတွင်းရှာနိုင်ပါလိမ့်မယ်။
ဥပမာတစ်ခုပေးပါရစေ…
တန်ချိန်နဲ့ချီတဲ့ကျောက်တုံးကြီးတစ်တုံးကို လူတစ်ယောက်အနေနဲ့ ရွှေ့အောင်တွန်းဖို့ဖြစ်နိုင်သလားဆိုရင် အဖြေကတော့…ဘယ်လိုမှမဖြစ်နိုင်ပါဘူး.. ခက်ခဲပါလိမ့်မယ်…
ဒါပေမယ့်ကျောက်တုံးကြီးနဲ့ လူနဲ့အကြားမှာ သစ်သားတုံးတစ်တုံးခံလိုက်ပါ။ ပြီးတော့တုတ်တစ်ချောင်းနဲ့ကလန့်ပြီး အားစိုက်ဖိချလိုက်တဲ့အခါ အောက်ကထောက်ပံ့ပေးတဲ့သစ်သားတုံးကိုခုတုံးလုပ်ပြီး ဖိချလိုက်တဲ့တုတ်တံရဲ့ ကုတ်အားကြောင့် လေးလံလှတဲ့ ကျောက်တုံးကြီးကိုအလွယ်တကူရွှေ့နိုင်ပါတယ်…
သည်နေရာမှာ အောက်ကသစ်သားတုံးကို အလုပ်တစ်ခုပြီးမြောက်ဖို့လိုအပ်တဲ့ စနစ်တစ်ခုလို့သတ်မှတ်ပါ။ ကလန့် လိုက်တဲ့တုတ်တံကို ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ အရည်အချင်းကောင်းတွေလို့သတ်မှတ်ပါ။ အဓိပါယ်ကဘယ်လောက်ကြီးမားတဲ့ လုပ်ငန်းဖြစ်နေပါစေ။ Leverage Power လို့ခေါ်တဲ့ကုတ်အားကိုအသုံးပြုမယ်ဆိုရင် သင်မရွှေ့နိုင်တဲ့အရာဆိုတာမရှိနိုင်တော့ပါဘူး။ တစ်ယောက်တည်းရဲ့ လုပ်အားဟာ အလွန်အင်အားနည်းပါးပါတယ်။ သင့်အတွက်လူအများရဲ့ လုပ်အားကိုတစ်ပြိုင်တည်း အသုံးချနိုင်အောင်ကြိုးစားပါ။ သင့်မှာလိုအပ်တာ လုပ်ငန်းတစ်ခုထူထောင်ဖို့ အမှားနည်းတဲ့ စနစ်(System)တစ်ခုနဲ့ ကိုယ်ရည်ကိုယ်သွေးပြည့်မီအောင် တည်ဆောက်ထားနိုင်ဖို့ပါပဲ။
အကြမ်းဖျင်းအားဖြင့်(ကုတ်အား)Leverage Form ခုနှစ်မျိုးရှိပါတယ်။ Leverage Point လို့လည်းပြောကြပါတယ်။
1.OPM – Other People’s Money (သူများရဲ့ပိုက်ဆံ)
2.OPT – Other People’s Time (သူများရဲ့အချိန် )
3.OPW – Other People’s Work (သူများရဲ့လုပ်အား)
4.OPE – Other People’s Experience (သူများရဲ့အတွေ့အကြုံ)
5.OPI – Other People's Ideas (သူများရဲ့အကြံဥာဏ်)
6.SPD – Scalable Production and Distribution (နေရာတိုင်းရောက်နိုင်တဲ့ထုတ်ကုန်)
7.SCB – Scalable Customer Base (လူတိုင်းဆီရောက်နိုင်ဖို့ ပြုလုပ်ခြင်း)
ဒါတွေကခုနကပြောတဲ့ ကုတ်အားတွေကိုအသုံးပြုရမယ့် Leverage Point ပါပဲ။ဒါတွေကသင်ကောင်းကောင်းအသုံးချနိုင်ရင်သင် လူချမ်းသာတစ်ယောက်လုပ်လို့ရပါပြီ။ စာဖတ်လိုက်တာနဲ့ လုပ်နေတဲ့အလုပ်ကနေ ချက်ချင်းထွက်ချင်စိတ်တွေပေါက်သွားမယ်ထင်တယ်..
အခုပတ်ဝန်းကျင်မှာချမ်းသာနေတဲ့ သူဌေးလို့ ခေါ်တဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပါ။ သူတို့က စဉ်းစားတွေးခေါ်တဲ့အလုပ်လုပ်ပါတယ်။ ညှိနှိုင်းဆွေးနွေးတဲ့အလုပ်လုပ်ပါတယ်။ တစ်ချို့ဆိုရင် အဲ့ဒါတွေတောင်မလုပ်ပါဘူး။ သူများပိုက်ဆံတွေနဲ့အလုပ်လုပ်တယ်။ ၀န်ထမ်းတွေရဲ့အချိန်တွေကိုဝယ်တယ်။ ၀န်ထမ်းတွေရဲ့အတွေ့အကြုံကောင်းတွေကိုအသုံးပြုပြီး
သူတို့ကိုယ်တိုင်က သူဌေးလုပ်ပါတယ်။
သင်ရောသူတို့လိုမဖြစ်နိုင်ဘူးလားဆိုရင် အဖြေက အရမ်းကြီးကိုဖြစ်နိုင်ပါတယ်။ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးပြည့်ဝဖို့ ထိုက်သင့်တဲ့ သင်ယူလေ့လာဖို့အချိန်တော့လိုအပ်တာပေါ့။
တစ်နေ့က Leverage Power ဆိုတဲ့အသုံးအနှုန်းလေးကိုကြားလိုက်ရလို့ပြန် Share တာပါ။

Credit >>>> Steven Linn Htike Oo

၁သိန်းအောက်ဝင်ငွေရသူတွေဘယ်လိုရင်းနှီးမြုပ်နှံရမလဲ?


၁သိန်းအောက်ဝင်ငွေရသူတွေဘယ်လိုရင်းနှီးမြုပ်နှံရမလဲ???

ဒေါ်လာ ၁၀၀ အောက်လစာလောက်ရတဲ့ လူငယ်တွေအနေနဲ့ဘယ်လိုရင်းနှီးမြုပ်နှံမှုတွေလုပ်လို့ရနိုင်သလဲ ဆိုတဲ့အကြောင်းကို ဆောင်းပါးရေးပေးပါလား လို့တောင်းဆိုထားလေတော့ကျွန်တော်လေ့လာမိသလောက်နဲ့ ကျွန်တော့်အမြင်လေးကိုရေးသားဖော်ပြပါရစေ။
လုပ်ငန်းတခုထူထောင်ပြီးချမ်းသာနိုင်ဖို့ အဆက်အသွယ်ကောင်းတွေလိုမယ်။ လုပ်ငန်းအတွေ့အကြုံတွေလိုမယ်။ သူများငွေတွေကိုသုံးပြီးအလုပ်လုပ်မယ်။ သူများလုပ်အားတွေ၊အချိန်တွေကိုအသုံးချမယ်လို့ Leverage Power အကြောင်းရေးတုန်းကပြောခဲ့ပါပြီ။
ဒါပေမယ့် လူတစ်ယောက်က သူ့လခကမှ ၁ သိန်းအောက် လောက်ရတာ။ ဒီလိုလူဘယ်လိုလုပ် ချမ်းသာနိုင်တော့မတုန်းလို့မေးချင်စရာရှိပါတယ်။
အဲ့ဒီမေးခွန်းအတွက်တော့Robert Kiyosaki ပြောတဲ့ ESBI ဆိုတဲ့လူတန်းစားလေးမျိုးကို နားလည်ဖို့လိုအပ်ပါလိမ့်မယ်။
E – Employer (Active) အလုပ်သမား(၀န်ထမ်း)
S – Sub-Employed (Active) တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်စီးပွားရေးလုပ်သူ
B – Business Owner (Passive) စီးပွားရေးလုပ်ငန်းရှင်
I – Investor (Passive) ရင်နှီးမြုပ်နှံသူရယ်လို့လေးမျိုးရှိပါတယ်။
အကြမ်းဖျင်းရှင်းပြရရင်
(E -Employer) ဆိုတာဝန်ထမ်းပါ။ သူကအချိန်နဲ့လုပ်အားကို တစ်ပါးသူအကျိုးအတွက်အလုပ်လုပ်မယ်။ ပြီးရင်ထိုက်သင့်တဲ့အခကြေးငွေကိုရယူတဲ့သူပါ။
(S – Sub Employed) နဲ့ (B - Business Owner) ကိုကြည့်မယ်ဆိုရင် နှစ်ယောက်စလုံးက ကိုယ်ပိုင်လုပ်ငန်းလုပ်တာချင်းအတူတူပဲ မဟုတ်လားလို့ပြောစရာရှိပေမယ့် တော်တော်ကြီးကိုကွဲပြားပါတယ်။
Sub Employed သမားဟာကိုယ်ပိုင်လုပ်ငန်းပေမယ့် ကိုယ်တိုင်လုပ်အားစိုက်ပြီးအလုပ်လုပ်ရတယ်။ ဥပမာ ဆရာဝန်တစ်ယောက်ဆေးခန်းဖွင့်ထားသလိုပေါ့။ ဆေးခန်းကသူ့ကိုယ်ပိုင်လုပ်ငန်းပေမယ့် သူကိုယ်တိုင်အလုပ်လုပ်မှ ၀င်ငွေရပါတယ်။
Business Owner ကတော့ အဲ့ဒီလိုမဟုတ်ဘူး။သူကိုယ်တိုင်အလုပ်မလုပ်ပါဘူး။ သူကစီးပွားရေးစနစ်တစ်ခုကိုပိုင်ဆိုင်ပါတယ်။ လုပ်ငန်းတစ်ခုကိုလည်ပတ်အောင်ကြိုးစားတယ်။ သူများတွေရဲ့အရည်အသွေး၊လုပ်အားနဲ့အချိန်ကိုအသုံးချပါတယ်။
(I - Investor) ဆိုတာကတော့ သူတို့ကငွေကိုအသုံးပြုပြီး ငွေရှာပါတယ်။ Business Owner တွေကိုသူတို့ကပြန်ပြီးအသုံးပြုပါတယ်။
Employer နဲ့ Sub Employed ရဲ့ဘေးမှာရေးထားတဲ့ Active ဆိုတာက Active income ကိုဆိုလိုတာပါ။ သူတို့ကကိုယ်တိုင်အလုပ်လုပ်နေမှ ၀င်ငွေစီးဆင်းနိုင်တာပါ။ သူတို့အလုပ်လုပ်တာ ရပ်လိုက်တာနဲ့ income ကချက်ချင်းဆိုသလိုရပ်သွားပါလိမ့်မယ်။
Business Owner နဲ့ Investor တွေကတော့မတူပါဘူး။ သူတို့က Passive income သမားတွေပါ။ သူတို့ကကိုယ်တိုင်လုပ်ကိုင်စရာမလိုဘဲ ၀င်ငွေတွေကအလိုလို နေရင်းစီးဆင်းပါတယ်။
အချုပ်အားဖြင့်ပြောရရင်တော့ဝန်ထမ်းဘ၀ဟာဘယ်တော့မှ ကြီးမားတဲ့ချမ်းသာမှုမရနိုင်ပါဘူး။ ဒါပေမယ့် ၀န်ထမ်းဘ၀နဲ့ ကိုယ်တိုင်လုပ်ငန်းရှင်လုပ်နိုင်ဖို့ အတွေ့အကြုံကောင်းတွေ၊ အဆက်အသွယ်တွေကိုဝန်ထမ်းလုပ်ရင်း သူများရင်းနှီးမြုပ်နှံထားတဲ့ပိုက်ဆံတွေကို အသုံးပြုပြီးရယူနိုင်ပါတယ်။
အဲ့ဒီတော့ ပိုက်ဆံတစ်သိန်းအောက်ဝင်ငွေရတဲ့သူတွေအနေနဲ့ဘယ်လိုရင်းနှီးမြုပ်နှံရမလဲဆိုရင် ပထမဦးဆုံးရင်းနှီးမြုပ်နှံရမှာက လုပ်ငန်းအတွေ့အကြုံတွေသင်ယူရမယ့် အချိန်နဲ့ လုပ်အားတွေပါပဲ။
အဲ့ဒီကနေတစ်ဆင့် လုပ်ငန်းကြီးတစ်ခုထူထောင်နိုင်တဲ့ အရည်အချင်းတွေ၊ အဆက်အသွယ်ကောင်းတွေ၊ အပေါင်းအသင်းတွေရလာပြီဆိုတော့မှ အပေါ်က “Sub Employed” အဆင့် နဲ့ “ Business Owner” အဆင့်ကိုတက်နိုင်မှာပါ။ Leverage Power ကိုပြန်ဖတ်ကြည့်စေချင်ပါသည်။ အရည်အသွေးရှိတဲ့လူတစ်ယောက်အနေနဲ့ လုပ်ငန်းတစ်ခုစတင်နိုင်ဖို့ ငွေမလိုပါဘူး။ လုပ်ငန်းတစ်ခုအောင်မြင်စွာလည်ပတ်နိုင်ဖို့ အကြံဥာဏ်နဲ့ Business System တစ်ခုကို ပြီးပြည့်စုံအောင်ရေးဆွဲနိုင်ဖို့ပဲလိုအပ်တာပါ။
E-S-B-I အဆင့်လေးဆင့်လုံးဟာအဆင့်ဆင့်တက်လှမ်းရတာဖြစ်လို့ အခုအချိန်မှာ လခနှစ်ပြားတစ်ပဲရနေလည်း စိတ်ဓာတ်ကျစရာတော့မရှိပါဘူး။ ကိုယ့်ရဲ့အချိန်နဲ့ လုပ်အားကို ရင်းနှီးမြုပ်နှံပြီး ကိုယ့်ရည်ကိုယ်သွေးကို မြင့်တင်ပါ။ Networking ဆိုခေါ်တဲ့ အဆက်အသွယ်၊ အပေါင်းအသင်းတွေကို ရှာဖွေပါ။ Relation ကောင်းမွန်အောင်ဂရုတစိုက်ဆက်ဆံပါ။ ကိုယ့်ရဲ့ပိုက်ဆံတစ်ပြားမှမကုန်ကျဘဲ Experience ကောင်းတွေသင်ပေးနေတဲ့ သင်တန်းတစ်ခုလို လုပ်ငန်း Process အားလုံးကိုကောင်းကောင်းကြီးသင်ယူလိုက်ပါဗျာ။
ဒီအချက်တွေကိုကြည့်ရင်တော့ ကိုယ်က၀န်ထမ်းလုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ အနာဂတ်ရည်မှန်းချက်ကဘာလဲ ဆိုတဲ့အပေါ်မူတည်ပြီး အလုပ်ကိုအသေအချာရွေးချယ်သင့်တယ်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူး။ ၀န်ထမ်းလုပ်ပြီး အချိန်တွေ၊လုပ်အားတွေရင်းနှီးရတော့မယ်ဆိုရင် လုပ်ရဲ့ဝင်ငွေသက်သက်ကိုမကြည့်ဘဲ ကိုယ့်ထူထောင်ချင်တဲ့ ကိုယ်ပိုင်လုပ်ငန်းအတွက် အတွေ့အကြုံနဲ့အထောက်အပံ့ကောင်းတွေပေးနိုင်မယ့် အလုပ်ကိုပဲရှာဖွေလုပ်ကိုင်ပါလို့ အကြံပြုပါရစေဗျာ။

Credit >>>> Steven Linn Htike Oo