Showing posts with label mine. Show all posts
Showing posts with label mine. Show all posts

Sunday, May 31, 2015

Leverage Power




ချမ်းသာဖို့နည်းလမ်း - Leverage Power (ကုတ်အား)

သင်တစ်ယောက်တည်း အလုပ်ကပေးအပ်တဲ့တာဝန်ကို ကျားကုတ်ကျားခဲ နေ့မအိပ်ညမအိပ်ကြိုးစားနေရုံနဲ့ လူချမ်းသာတစ်ယောက်မဖြစ်နိုင်ပါဘူး။ သင်ကတစ်လကို ၀င်ငွေ ၁၀ သိန်းရှိတယ်ဆိုရင် တစ်လကို ၃ သိန်းလောက်တော့စုကောင်းစုမိပါလိမ့်မယ်။ တစ်လ ၃သိန်းနှုန်းနဲ့ အနှစ် ၄၀ လောက် အဘိုးကြီး၊အဘွားကြီးဖြစ်တဲ့အချိန်အထိမှန်မှန်စုနိုင်တဲ့အခါမှ သိန်းပေါင်း ၁၄၄၀ လောက်စုမိပါလိမ့်မယ်။ ဒါပေမယ့်ကိုယ် အသက် ၆၀ ကျော်လောက်ရောက်တဲ့အချိန်မှာ ငွေကြေးဖောင်းပွတာနဲ့ ပါထည့်တွက်မယ်ဆိုရင် သိန်းပေါင်း ၁၄၀၀ ကျော်လောက်ဟာ သိန်း ၆၀၀ ၀န်းကျင်လောက်ပဲတန်ဖိုးရှိတော့မှာပါ။ နှစ်ပေါင်း ၄၀ လောက် သေကြေအောင်လုပ်ပြီး မှန်မှန်စုတာတောင် ဒီလောက်လေးပဲရမယ်ဆိုရင်တော့ သိပ်ဟန်မကျသေးဘူးလို့ပြောရမှာပဲ။
ထပ်ပြောပါရစေဦး။ သင်ကတစ်နေ့ကို ၈နာရီနှုန်းနဲ့ နှစ်ပေါင်း၄၀ အလုပ်လုပ်တာဟာ နာရီပေါင်း ၃,၅၀၄,၀၀၀ နာရီလောက်အလုပ်လုပ်ခဲ့တဲ့အဓိပါယ်ပါပဲ။ တစ်ကယ်လို့များ လူပေါင်း ၄၀ လောက်ကတစ်နေ့ကို ၈ နာရီနှုန်းနဲ့ဝိုင်းပြီး ကိုယ့်အတွက်အလုပ်လုပ်ကြမယ်ဆိုရင်ကိုယ် နှစ်ပေါင်း ၄၀ လောက်ဖြတ်သန်းပြီး လုပ်ရမယ့်အချိန်တွေနဲ့ ရရှိမယ့် ချမ်းသာကြွယ်ဝမှုက ဘယ်လိုဖြစ်မယ်ထင်သလဲ????
ကျိန်းသေတာကတော့ အနှစ်၄၀လောက်ကိုယ်တစ်ယောက်တည်းလုပ်ရတဲ့လုပ်အားနာရီပေါင်း ၃,၅၀၄,၀၀၀ နာရီဟာ လူ၄၀၀ိုင်းလုပ်တဲ့အခါ ၁နှစ်ပဲကြာပါလိမ့်မယ်။ နှစ်ပေါင်း၄၀ရှာရတဲ့ ငွေကြေးပမာဏကို နှစ်အနည်းငယ်အတွင်းရှာနိုင်ပါလိမ့်မယ်။
ဥပမာတစ်ခုပေးပါရစေ…
တန်ချိန်နဲ့ချီတဲ့ကျောက်တုံးကြီးတစ်တုံးကို လူတစ်ယောက်အနေနဲ့ ရွှေ့အောင်တွန်းဖို့ဖြစ်နိုင်သလားဆိုရင် အဖြေကတော့…ဘယ်လိုမှမဖြစ်နိုင်ပါဘူး.. ခက်ခဲပါလိမ့်မယ်…
ဒါပေမယ့်ကျောက်တုံးကြီးနဲ့ လူနဲ့အကြားမှာ သစ်သားတုံးတစ်တုံးခံလိုက်ပါ။ ပြီးတော့တုတ်တစ်ချောင်းနဲ့ကလန့်ပြီး အားစိုက်ဖိချလိုက်တဲ့အခါ အောက်ကထောက်ပံ့ပေးတဲ့သစ်သားတုံးကိုခုတုံးလုပ်ပြီး ဖိချလိုက်တဲ့တုတ်တံရဲ့ ကုတ်အားကြောင့် လေးလံလှတဲ့ ကျောက်တုံးကြီးကိုအလွယ်တကူရွှေ့နိုင်ပါတယ်…
သည်နေရာမှာ အောက်ကသစ်သားတုံးကို အလုပ်တစ်ခုပြီးမြောက်ဖို့လိုအပ်တဲ့ စနစ်တစ်ခုလို့သတ်မှတ်ပါ။ ကလန့် လိုက်တဲ့တုတ်တံကို ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ အရည်အချင်းကောင်းတွေလို့သတ်မှတ်ပါ။ အဓိပါယ်ကဘယ်လောက်ကြီးမားတဲ့ လုပ်ငန်းဖြစ်နေပါစေ။ Leverage Power လို့ခေါ်တဲ့ကုတ်အားကိုအသုံးပြုမယ်ဆိုရင် သင်မရွှေ့နိုင်တဲ့အရာဆိုတာမရှိနိုင်တော့ပါဘူး။ တစ်ယောက်တည်းရဲ့ လုပ်အားဟာ အလွန်အင်အားနည်းပါးပါတယ်။ သင့်အတွက်လူအများရဲ့ လုပ်အားကိုတစ်ပြိုင်တည်း အသုံးချနိုင်အောင်ကြိုးစားပါ။ သင့်မှာလိုအပ်တာ လုပ်ငန်းတစ်ခုထူထောင်ဖို့ အမှားနည်းတဲ့ စနစ်(System)တစ်ခုနဲ့ ကိုယ်ရည်ကိုယ်သွေးပြည့်မီအောင် တည်ဆောက်ထားနိုင်ဖို့ပါပဲ။
အကြမ်းဖျင်းအားဖြင့်(ကုတ်အား)Leverage Form ခုနှစ်မျိုးရှိပါတယ်။ Leverage Point လို့လည်းပြောကြပါတယ်။
1.OPM – Other People’s Money (သူများရဲ့ပိုက်ဆံ)
2.OPT – Other People’s Time (သူများရဲ့အချိန် )
3.OPW – Other People’s Work (သူများရဲ့လုပ်အား)
4.OPE – Other People’s Experience (သူများရဲ့အတွေ့အကြုံ)
5.OPI – Other People's Ideas (သူများရဲ့အကြံဥာဏ်)
6.SPD – Scalable Production and Distribution (နေရာတိုင်းရောက်နိုင်တဲ့ထုတ်ကုန်)
7.SCB – Scalable Customer Base (လူတိုင်းဆီရောက်နိုင်ဖို့ ပြုလုပ်ခြင်း)
ဒါတွေကခုနကပြောတဲ့ ကုတ်အားတွေကိုအသုံးပြုရမယ့် Leverage Point ပါပဲ။ဒါတွေကသင်ကောင်းကောင်းအသုံးချနိုင်ရင်သင် လူချမ်းသာတစ်ယောက်လုပ်လို့ရပါပြီ။ စာဖတ်လိုက်တာနဲ့ လုပ်နေတဲ့အလုပ်ကနေ ချက်ချင်းထွက်ချင်စိတ်တွေပေါက်သွားမယ်ထင်တယ်..
အခုပတ်ဝန်းကျင်မှာချမ်းသာနေတဲ့ သူဌေးလို့ ခေါ်တဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပါ။ သူတို့က စဉ်းစားတွေးခေါ်တဲ့အလုပ်လုပ်ပါတယ်။ ညှိနှိုင်းဆွေးနွေးတဲ့အလုပ်လုပ်ပါတယ်။ တစ်ချို့ဆိုရင် အဲ့ဒါတွေတောင်မလုပ်ပါဘူး။ သူများပိုက်ဆံတွေနဲ့အလုပ်လုပ်တယ်။ ၀န်ထမ်းတွေရဲ့အချိန်တွေကိုဝယ်တယ်။ ၀န်ထမ်းတွေရဲ့အတွေ့အကြုံကောင်းတွေကိုအသုံးပြုပြီး
သူတို့ကိုယ်တိုင်က သူဌေးလုပ်ပါတယ်။
သင်ရောသူတို့လိုမဖြစ်နိုင်ဘူးလားဆိုရင် အဖြေက အရမ်းကြီးကိုဖြစ်နိုင်ပါတယ်။ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးပြည့်ဝဖို့ ထိုက်သင့်တဲ့ သင်ယူလေ့လာဖို့အချိန်တော့လိုအပ်တာပေါ့။
တစ်နေ့က Leverage Power ဆိုတဲ့အသုံးအနှုန်းလေးကိုကြားလိုက်ရလို့ပြန် Share တာပါ။

Credit >>>> Steven Linn Htike Oo

၁သိန်းအောက်ဝင်ငွေရသူတွေဘယ်လိုရင်းနှီးမြုပ်နှံရမလဲ?


၁သိန်းအောက်ဝင်ငွေရသူတွေဘယ်လိုရင်းနှီးမြုပ်နှံရမလဲ???

ဒေါ်လာ ၁၀၀ အောက်လစာလောက်ရတဲ့ လူငယ်တွေအနေနဲ့ဘယ်လိုရင်းနှီးမြုပ်နှံမှုတွေလုပ်လို့ရနိုင်သလဲ ဆိုတဲ့အကြောင်းကို ဆောင်းပါးရေးပေးပါလား လို့တောင်းဆိုထားလေတော့ကျွန်တော်လေ့လာမိသလောက်နဲ့ ကျွန်တော့်အမြင်လေးကိုရေးသားဖော်ပြပါရစေ။
လုပ်ငန်းတခုထူထောင်ပြီးချမ်းသာနိုင်ဖို့ အဆက်အသွယ်ကောင်းတွေလိုမယ်။ လုပ်ငန်းအတွေ့အကြုံတွေလိုမယ်။ သူများငွေတွေကိုသုံးပြီးအလုပ်လုပ်မယ်။ သူများလုပ်အားတွေ၊အချိန်တွေကိုအသုံးချမယ်လို့ Leverage Power အကြောင်းရေးတုန်းကပြောခဲ့ပါပြီ။
ဒါပေမယ့် လူတစ်ယောက်က သူ့လခကမှ ၁ သိန်းအောက် လောက်ရတာ။ ဒီလိုလူဘယ်လိုလုပ် ချမ်းသာနိုင်တော့မတုန်းလို့မေးချင်စရာရှိပါတယ်။
အဲ့ဒီမေးခွန်းအတွက်တော့Robert Kiyosaki ပြောတဲ့ ESBI ဆိုတဲ့လူတန်းစားလေးမျိုးကို နားလည်ဖို့လိုအပ်ပါလိမ့်မယ်။
E – Employer (Active) အလုပ်သမား(၀န်ထမ်း)
S – Sub-Employed (Active) တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်စီးပွားရေးလုပ်သူ
B – Business Owner (Passive) စီးပွားရေးလုပ်ငန်းရှင်
I – Investor (Passive) ရင်နှီးမြုပ်နှံသူရယ်လို့လေးမျိုးရှိပါတယ်။
အကြမ်းဖျင်းရှင်းပြရရင်
(E -Employer) ဆိုတာဝန်ထမ်းပါ။ သူကအချိန်နဲ့လုပ်အားကို တစ်ပါးသူအကျိုးအတွက်အလုပ်လုပ်မယ်။ ပြီးရင်ထိုက်သင့်တဲ့အခကြေးငွေကိုရယူတဲ့သူပါ။
(S – Sub Employed) နဲ့ (B - Business Owner) ကိုကြည့်မယ်ဆိုရင် နှစ်ယောက်စလုံးက ကိုယ်ပိုင်လုပ်ငန်းလုပ်တာချင်းအတူတူပဲ မဟုတ်လားလို့ပြောစရာရှိပေမယ့် တော်တော်ကြီးကိုကွဲပြားပါတယ်။
Sub Employed သမားဟာကိုယ်ပိုင်လုပ်ငန်းပေမယ့် ကိုယ်တိုင်လုပ်အားစိုက်ပြီးအလုပ်လုပ်ရတယ်။ ဥပမာ ဆရာဝန်တစ်ယောက်ဆေးခန်းဖွင့်ထားသလိုပေါ့။ ဆေးခန်းကသူ့ကိုယ်ပိုင်လုပ်ငန်းပေမယ့် သူကိုယ်တိုင်အလုပ်လုပ်မှ ၀င်ငွေရပါတယ်။
Business Owner ကတော့ အဲ့ဒီလိုမဟုတ်ဘူး။သူကိုယ်တိုင်အလုပ်မလုပ်ပါဘူး။ သူကစီးပွားရေးစနစ်တစ်ခုကိုပိုင်ဆိုင်ပါတယ်။ လုပ်ငန်းတစ်ခုကိုလည်ပတ်အောင်ကြိုးစားတယ်။ သူများတွေရဲ့အရည်အသွေး၊လုပ်အားနဲ့အချိန်ကိုအသုံးချပါတယ်။
(I - Investor) ဆိုတာကတော့ သူတို့ကငွေကိုအသုံးပြုပြီး ငွေရှာပါတယ်။ Business Owner တွေကိုသူတို့ကပြန်ပြီးအသုံးပြုပါတယ်။
Employer နဲ့ Sub Employed ရဲ့ဘေးမှာရေးထားတဲ့ Active ဆိုတာက Active income ကိုဆိုလိုတာပါ။ သူတို့ကကိုယ်တိုင်အလုပ်လုပ်နေမှ ၀င်ငွေစီးဆင်းနိုင်တာပါ။ သူတို့အလုပ်လုပ်တာ ရပ်လိုက်တာနဲ့ income ကချက်ချင်းဆိုသလိုရပ်သွားပါလိမ့်မယ်။
Business Owner နဲ့ Investor တွေကတော့မတူပါဘူး။ သူတို့က Passive income သမားတွေပါ။ သူတို့ကကိုယ်တိုင်လုပ်ကိုင်စရာမလိုဘဲ ၀င်ငွေတွေကအလိုလို နေရင်းစီးဆင်းပါတယ်။
အချုပ်အားဖြင့်ပြောရရင်တော့ဝန်ထမ်းဘ၀ဟာဘယ်တော့မှ ကြီးမားတဲ့ချမ်းသာမှုမရနိုင်ပါဘူး။ ဒါပေမယ့် ၀န်ထမ်းဘ၀နဲ့ ကိုယ်တိုင်လုပ်ငန်းရှင်လုပ်နိုင်ဖို့ အတွေ့အကြုံကောင်းတွေ၊ အဆက်အသွယ်တွေကိုဝန်ထမ်းလုပ်ရင်း သူများရင်းနှီးမြုပ်နှံထားတဲ့ပိုက်ဆံတွေကို အသုံးပြုပြီးရယူနိုင်ပါတယ်။
အဲ့ဒီတော့ ပိုက်ဆံတစ်သိန်းအောက်ဝင်ငွေရတဲ့သူတွေအနေနဲ့ဘယ်လိုရင်းနှီးမြုပ်နှံရမလဲဆိုရင် ပထမဦးဆုံးရင်းနှီးမြုပ်နှံရမှာက လုပ်ငန်းအတွေ့အကြုံတွေသင်ယူရမယ့် အချိန်နဲ့ လုပ်အားတွေပါပဲ။
အဲ့ဒီကနေတစ်ဆင့် လုပ်ငန်းကြီးတစ်ခုထူထောင်နိုင်တဲ့ အရည်အချင်းတွေ၊ အဆက်အသွယ်ကောင်းတွေ၊ အပေါင်းအသင်းတွေရလာပြီဆိုတော့မှ အပေါ်က “Sub Employed” အဆင့် နဲ့ “ Business Owner” အဆင့်ကိုတက်နိုင်မှာပါ။ Leverage Power ကိုပြန်ဖတ်ကြည့်စေချင်ပါသည်။ အရည်အသွေးရှိတဲ့လူတစ်ယောက်အနေနဲ့ လုပ်ငန်းတစ်ခုစတင်နိုင်ဖို့ ငွေမလိုပါဘူး။ လုပ်ငန်းတစ်ခုအောင်မြင်စွာလည်ပတ်နိုင်ဖို့ အကြံဥာဏ်နဲ့ Business System တစ်ခုကို ပြီးပြည့်စုံအောင်ရေးဆွဲနိုင်ဖို့ပဲလိုအပ်တာပါ။
E-S-B-I အဆင့်လေးဆင့်လုံးဟာအဆင့်ဆင့်တက်လှမ်းရတာဖြစ်လို့ အခုအချိန်မှာ လခနှစ်ပြားတစ်ပဲရနေလည်း စိတ်ဓာတ်ကျစရာတော့မရှိပါဘူး။ ကိုယ့်ရဲ့အချိန်နဲ့ လုပ်အားကို ရင်းနှီးမြုပ်နှံပြီး ကိုယ့်ရည်ကိုယ်သွေးကို မြင့်တင်ပါ။ Networking ဆိုခေါ်တဲ့ အဆက်အသွယ်၊ အပေါင်းအသင်းတွေကို ရှာဖွေပါ။ Relation ကောင်းမွန်အောင်ဂရုတစိုက်ဆက်ဆံပါ။ ကိုယ့်ရဲ့ပိုက်ဆံတစ်ပြားမှမကုန်ကျဘဲ Experience ကောင်းတွေသင်ပေးနေတဲ့ သင်တန်းတစ်ခုလို လုပ်ငန်း Process အားလုံးကိုကောင်းကောင်းကြီးသင်ယူလိုက်ပါဗျာ။
ဒီအချက်တွေကိုကြည့်ရင်တော့ ကိုယ်က၀န်ထမ်းလုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ အနာဂတ်ရည်မှန်းချက်ကဘာလဲ ဆိုတဲ့အပေါ်မူတည်ပြီး အလုပ်ကိုအသေအချာရွေးချယ်သင့်တယ်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူး။ ၀န်ထမ်းလုပ်ပြီး အချိန်တွေ၊လုပ်အားတွေရင်းနှီးရတော့မယ်ဆိုရင် လုပ်ရဲ့ဝင်ငွေသက်သက်ကိုမကြည့်ဘဲ ကိုယ့်ထူထောင်ချင်တဲ့ ကိုယ်ပိုင်လုပ်ငန်းအတွက် အတွေ့အကြုံနဲ့အထောက်အပံ့ကောင်းတွေပေးနိုင်မယ့် အလုပ်ကိုပဲရှာဖွေလုပ်ကိုင်ပါလို့ အကြံပြုပါရစေဗျာ။

Credit >>>> Steven Linn Htike Oo

Friday, May 8, 2015

Clout Mining ပြုလုပ်ခြင်း

အားလုံးပဲ မင်္ဂလာပါ။ ခုတင်ပေးလိုက်တဲ့ဆိုဒ်ကတော့ Cloud Mining ဆိုဒ်ဖြစ်ပါတယ်။ Mining ဆိုတာဘာ လဲလို့ပြောရရင် ကျွန်တော်တို့ btc တွေကို free ရှာကြပါတယ်။ free ဆိုတော့ နည်းတာပေါ့ဗျာ။ ဒါနဲ့များများလိုချင်တော့ Mine လုပ်ကြပါတယ်။ သူများနိုင်ငံတွေမှာတော့ Mine ကို Mine Power တွေ (စက်အကြီးကြီးတွေပေါ့) ၀ယ်ရပါတယ်။ Mine အကြောင်းပြောရရင် နဲနဲတော့များပါလိမ့်မယ်။ အကြမ်းဖျင်း အားဖြင့်တော့ Computer တွေနဲ့ Cpu အားကိုအသုံးပြုပြီး Mine တူးရတဲ့ ဆိုဒ်တွေလည်းရှိပါတယ်။ သူ့တို့ ဆိုဒ်ကနေ Software ကိုဒေါင်းလုပ်ချ မိမိစက်မှာ Rum မိမိစက်က Cup မြင့်ရင်မြင့်သလို Btc တွေပြန်ရတာ များတဲ့ ဆိုဒ်တွေလည်းရှိသလို သူများစက်ရဲ့စွမ်းအားတွေနဲ့ မိမိက Btc ရင်းနှီးပီး အမြတ်ထိုင်ယူရတဲ့ ဆိုဒ်တွေလည်းရှိပါတယ်။ ဖောတာနဲနဲများသွားပီဆိုတော့ ကျွန်တော်တို့ KHS ကိုပြန်စလိုက်ရအောင် :D Cloud Mining မှာစတင်ပြုလုပ်ဖို့အတွက် အောက်ကပုံလေးကိုနှိပ်လိုက်ပါ။


ဒါဆိုရင်တော့ Scryptc ဆိုဒ်ကိုရောက်သွားပါလိမ့်မယ်။ ပီးရင်တော့ အောက်ကပုံလေးအတိုင်း Register လုပ်ပေးပါ။


အကောင့်စဖွင့်တာနဲ့ မိမိရဲ့ Gamil ထဲကို Confirm Link ပို့ပေးထားပါလိမ့်မယ်။ အဲဒါကိုနှိပ်ပြီးတော့ Confirm လုပ်လိုက်ပါ။ အကောင့်ရပြီဆိုတော့ ကျွန်တော်တို့ Btc Deposit လုပ်ပါမယ်။ Deposit လုပ်ဖို့ အတွက် အောက်ကပုံလေးထဲကအတိုင်း Add Funds ကိုနှိပ်ပေးပါ။


နှိပ်လိုက်ရင်အောက်ကပုံလေးအတိုင်း Deposit လုပ်ဖို့အတွက် Address ပေးပါလိမ့်မယ်။ Copy ကူးပြီးတော့ မိမိ wallet ကနေ btc ပို့ပေးပါ။


အကောင့်ထဲ Btc ရောက်ပြီဆိုရင် KHS ၀ယ်တာကိုသွားကြပါမယ်။ ဘယ်လိုဝယ်ကြမလဲဆိုရင် အပေါ်မှာ Trade ဆိုတာရှိပါတယ်။ နှိပ်လိုက်ပါ။ ပီးရင်တော့ အောက်ကပုံလေးကို တစ်ချက်ကြည့်ပါ။


အဲ့ဒီမှာ sell order နဲ့ Buy Order ဆိုပြီး 2 ခုရှိပါတယ်။ Sell Order မှာ အနီနဲ့ပြထားတာကတော့ လက်ရှိ ပေါက်ဈေးဖြစ်ပါတယ်။ ဆိုလိုတာက KHS 1 ကို 0.00001117 ပေါက်တယ် ဗျာ။ ပြန်ရောင်း မယ်ဆိုရင်ပေါ့လေ။ ၀ယ်မယ်ဆိုရင်တော့ Buy Order မှာပြထားတဲ့အတိုင်း ၀ယ်ရမှာဖြစ်ပါတယ်။ ဒီဈေးနဲ့  ဘယ်လောက်ဝယ်ထားမလဲဆိုတာကတော့ မိမိ deposit လုပ်ထားတဲ့ အပေါ်မှာမူတည်ပါတယ်။ ၀ယ်မယ်ဆိုရင် အောက်ကပုံလေးကိုတစ်ချက်ကြည့်ပါ။ ရောင်းတာလဲအတူတူပါပဲ။


ဒီလောက်ဆိုရင်အဆင်ပြေပါတယ်နော်။ ဒါဆိုရင် btc တွေကိုပြန်ထုတ်တဲ့အပိုင်းကိုဆက်သွားကြမယ်။
ပထမဦးဆုံး Withdraw ကိုနှိပ်ပါ။ Address ထည့်ပါ။ Account နဲ့ password ထည့်ပေးလိုက်ပါ။ နောက် အရေးကြီးတာကတော့ PIN နံပါတ်ပါ။ ဒါကိုတော့ မိမိ Register စလုပ်တုန်းကပေးထားတဲ့ PIN နံပါတ်ဖြစ် ရမှာပါ။ အားလုံးအဆင်ပြေပြီဆိုရင် Withdraw ကိုထပ်နှိပ်ပါ။ မိမိ Gamil ထဲကို Link တစ်ခုပို့ပေးပါလိမ့်မယ်။ သွားနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ မိမိ wallet ထဲကို BTC ထုတ်တဲ့အစီအစဉ်ပြီးဆုံး ပါပြီ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 

အဆင်မပြေတာများရှိရင် Comment ပေးခဲ့ကြပါ။