Tuesday, September 8, 2015

CANDLES TRADING STRATEGY အကြောင်းတစေ့တစောင်း


 TWO CANDLES TRADING STRATEGY
- ခုကျွန်တော်တင်ပြမယ့် နည်းကတော့ Candle 2 ခုကိုကြည့်ပြီး Buy, Sell လုပ်နိုင်မယ့် နည်းတစ်ခုဖြစ်ပါတယ်။
- ဒီနည်းကိုတော့ Chart တွေ ကြည့်ရင်းရလာတဲ့ အိုင်ဒီယာလို့လည်း ပြောလို့ရပါတယ်။
- အားလုံးသိကြတဲ့ အတိုင်း ကျွန်တော်တို့ မားကတ်ကိုကြည့်တဲ့အခါ Chart တွေကို အဓိက အာရုံစိုက်ကြည့်ကြတာပါ။ Chart ထဲမှာတောင်မှ Bar Chart, Line Chart ထက် Candle Stick Chart တွေ အကြည့်များကြပါတယ်။
- ခုနည်းကို သုံးဖို့အတွက် Candle အခြေခံလေးတော့သိဖို့လိုပါမယ်။ ဒါကလည်း အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ Buy Candle လား၊ Sell Candle လားဆိုတာ Chart မှာ အရောင်ကွဲပြီး ပြထားပြီးသားပါ။
- နောက်တစ်ချက်အနေနဲ့ ဒီ Buy Candle, Sell Candle များရဲ့ အရွေ့ကို သိဖို့လိုပါတယ်။ သိပ်ခေါင်းမစားကြပါနဲ့ အရွေ့ဆိုတာကို ကျွန်တော်ရှင်းပြပါမယ်။
(ပုံမှာလည်း ရှင်းပြထားပါတယ်။
- Strategy နာမည်ကိုတော့ ကျွန်တော် အဆင်ပြေသလို ပေးလိုက်တာပါ။
 
‪‎မဖြစ်မနေနားလည်ပေးဖို့က
 
(၁) Buy (သို့မဟုတ်) Buy Candle
- အ၀ယ်များလာရင် ပစ္စည်းဈေးတက်ပါတယ်။ တနည်းအားဖြင့် Buy Candle သည် အောက်ကနေအထက်ကို တက်သည်။ သူ့အရင် ဈေးထက်ပိုသည်။
- Buy Candle အသစ်သည် သူ့အရှေ့ Candle (Buy ဖြစ်စေ၊ Sell ဖြစ်စေ) ၏ အထက်နားမှာ စတင်ပြီး ဈေးဖွင့်သည်။ တနည်းအားဖြင့် အ၀ယ်ဈေးကွက်ဖြစ်ဖို့ အတွက် ယခုဈေးသည် ယခင်ဈေးထက်ပိုသည်။
- Buy Candle ၏ အဖွင့်ဈေး Buy Candle အောက်ခြေကစသည်။ (Buy အဖွင့်ဈေးက ယင်း Candle အောက်ကနေအထက်တက်သည်။ ဈေးက တက်သွားတဲ့သဘောဖြစ်ပါတယ်။) အောက်ကပုံကို ကြည့်ပါ။





(၂) Sell (သို့မဟုတ်) Sell Candle
- အရောင်းများလာရင် ပစ္စည်းဈေးကျပါသည်။ တနည်းအားဖြင့် Sell Candle သည် အထက်ကနေ အောက်ကို ဆင်းပါသည်။ သူ့အရင်ဈေးထက်နိမ့်ပါသည်။
- Sell Candle အသစ်သည် သူ့အရှေ့ Candle (Buy ဖြစ်စေ၊ Sell ဖြစ်စေ) ၏ အောက်နားမှာ စတင်ဈေးဖွင့်ပါသည်။ တနည်းအားဖြင့် အရောင်းဈေးကွက် Sell ဖြစ်ဖို့ ယခုဈေးသည် ယခင်ဈေးထက်နိမ့်ပါမည်။
- Sell Candle ၏ အဖွင့်ဈေး Sell Candle သည် အထက်ကနေ အောက်ကိုဆင်းပါသည်။ (Sell အဖွင့်ဈေးက ယင်း Candle ၏ အထက်ကနေ အောက်သို့ဆင်းပါသည်။
အထက်ကဖေါ်ပြခဲ့တဲ့ အချက် ၂ ချက်ကို နားလည်မှ ဒီနည်းကို အသုံးပြုလို့ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ရေးထားတာမရှင်းရင်လည်း ပုံနှင့်တကွတိုက်ဆိုင်ကြည့်ရှုစေလိုပါသည်။ အောက်ကပုံကိုကြည့်ပါ။



‪#‎ဘယ်လို‬ Buy/Sell လုပ်မလည်းဆိုတာကို
- ပုံထဲမှာ အသေးစိတ် စာထိုးရှင်းပြထားပါတယ်။



‪#‎အထွေထွေ‬
- ဒီနည်းကို ကျွန်တော် Chart ကြည့်ရင်းစဉ်းစားမိထားတဲ့ နည်းလေးသာဖြစ်ပါတယ်။
- 100% မှန်ဖို့ မသေချာပေမယ့် ၀င်ပေါက်ရှာတတ်ရင် 80% လောက်က သေချာပေါက်အမြတ်ရနိုင်ပါတယ်။
- Candle ၁ခုချင်းစီနဲ့ ကြည့်ပြီး Trade တာဖြစ်သောကြောင့် H1 Chart မှာ 10~20 Pips လောက်သာ အမြတ်ရနိုင်မှာပါ။ (Currency Pair 1 Lot 10 Pips = 100$)
- Currency Pair များကို အဓိက ကျွန်တော်အားပေးပါသည်။
- ဒီနည်းအရ Candle Formation ( Buy Candle, Sell Candle စဖြစ်တည်မှု) ဟာ 90% လောက်မှန်ပါလိမ့်မယ်။ တစ်ခါတရံ သူ့အရှေ့အပိတ်ဈေးအောက်လျော့ပြီး ဈေးစဇွင့်သော Candle များဟာ Sell မဖြစ်ဘဲ Buy Candle ဖြစ်သွားတာလည်း
ရှိတတ်ပါတယ်။
- Side Way Market အနေအထားတွင် သတိထားပြီး အ၀င်အထွက်လုပ်ပါ။
- Stop Loss ထားလိုပါက သူ့အရှေ့ Candle ၏ အထက် စွန်းစွန်း (သို့မဟုတ်) အောက်စွန်းစွန်းတွင် ထားနိုင်ပါသည်။
- မရှင်းတာများရှိလျှင်သော်လည်းကောင်း၊ ရလဒ်များကိုသော်လည်းကောင်း ကွန့်မန့်ပေးခဲ့ကြစေလိုပါသည်။
- ကျွန်တော်နားလည်သလိုတွေး၍ ကျွန်တော်တွေးသလို မျှဝေလိုက်ပါသည်။
စမ်းသပ်မျှဝေ အောင်မြင်ကြပါစေ။

Credit >>>> Linnzayr Kyaw 


အဆင်မပြေတာများရှိခဲ့မယ်ဆိုရင် C-box မှာအော်ခဲ့နိုင်ပါတယ်။