Monday, August 24, 2015

About Copy Trading and Mirror Trading




Copy Trading and Mirror Trading

- Copy Trading ဆိုတာက ယေဘုယျအားဖြင့် မိမိနှစ်သက်ရွေးချယ်ထားသော Trader (Investor လို့ခေါ်ပါတယ်) ရဲ့ အရောင်းအ၀ယ်လုပ်သော Position ကို အလိုအလျောက်ကူးယူပြီး မိမိအတွက် Trade လုပ်စေတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။

- Mirror Trading ဆိုတာကတော့ မိမိနှစ်သက်ရာ Trader(Investor) ရဲ့ တီတွင်ဖန်တီးထားတဲ့ Strategies ကိုဖြစ်စေ၊ ၄င်း Trading လုပ်ခြင်းမှာ တစ်စိတ်တပိုင်းဖြစ်စေ ကော်ပီကူးယူပြီး အသုံးပြုဖို့ တနည်းအားဖြင့် မိမိအတွက်ပါ Trade ပေးဖို့ ပါဝင်ဖြင့်းဖြစ်ပါတယ်။ ဒီလို Copy Trading လုပ်ခြင်းအားဖြင့် မိမိကော်ပီယူသော Investor အတိုင်း မိမိမှ Take Profit တွေ၊ Stop Loss တွေကို အလိုအလျောက် ရရှိစေပါတယ်။ ဒါ့အပြင် မိမိရွေးမှုမှန်ကန်ပါက မိမိအနေနဲ့ Trade မှာ သီးသန့်အချိန်မပေးရဘဲ အလိုအလျောက်အမြတ်အစွန်းရရှိစေမှာဖြစ်ပါတယ်။ Copy Trade အတွက် ၀န်ဆောင်ခနှုန်းထားတွေ တစ်နည်းအားဖြင့် မိမိရွေးချယ်သော Investor သို့ ပေးရမယ့် အခကြေးငွေအနေနဲ့ အကြမ်းအားဖြင့် တစ်လလျှင် ဒေါ်လာ 20 ခန့်မှ ဒေါ်လာ ထောင်၊သောင်းချီ ရှိတတ်ပါတယ်။ ဒါပေမယ့် Copy Trade လုပ်ဖို့အတွက် အခက်ခဲတစ်ချို့ရှိနိုင်ပါတယ်။ သင့်တော်တဲ့ Investor ရွေးချယ်မှုက ကနဦးအရေးကြီးတဲ့ အချက်ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ပညာရှင်တွေအကြံပေးချက်က Return တအားကောင်းတဲ့ Investor ထက်စာလျှင် ပုံမှန်အမြတ်ရှာဖွေပေးနိုင်တဲ့ တနည်းအားဖြင့် Growth Rate ပုံမှန်ရှိတဲ့ Investor မျိုးရွေးချယ်ဖို့ပါ။

နောက်အခက်ခဲတစ်ခုက Copy Trade လုပ်ဖို့အတွက် မိမိရဲ့ Trading Account ကို 24 နာရီ Online တက်ထားရမှာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ နိုင်ငံမှာ နည်းနည်းအခက်ခဲရှိနိုင်ပါမယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ Copy Trade Services တွေနဲ့တွဲပြီး Forex VPS Plan မျိုးအသုံးပြုဖို့ဖြစ်လာတာပါ။ VPS ဆိုတာက Virtual Private Server ကိုခေါ်ဝေါ်တာဖြစ်ပါတယ်။ သဘောကတော့ မိမိကိုယ်ပိုင် ဆာဗာတစ်လုံးငှားရမ်းပြီး အဲဒီ ဆာဗာမှာ မိမိရဲ့ အကောင့်ကို Login လုပ်ပြီး သက်ဆိုင်ရာ Copy Trade နဲ့ ချိတ်ဆက်ထားရုံပဲဖြစ်ပါတယ်။
ဒီလို VPS တွေမှာတော့ တစ်ပတ်နှစ်ဆယ်လေးနာရီအလုပ်လုပ်ပေးနိုင်ခြင်း၊ မိမိနှစ်သက်ရာ Hardware ပမာဏဖြင့် ငှားရမ်းအသုံးပြုနိုင်ခြင်း၊ မီးပျက်မှုလုံးဝမရှိခြင်း၊ အများအားဖြင့် Windows Os စနစ်ကိုအသုံးပြုထားခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။
VPS ဆာဗာတွေ ငှားရမ်းသုံးစွဲခတွေအနေနဲ့ အနိမ့်ဆုံးတစ်လလျှင် 10 ဒေါ်လာဝန်းကျင်မှ ဒေါ်လာ 100 ခန့်ထိရှိနိုင်ပါတယ်။ 

အထက်က ကျွန်တော်ရေးသားတင်ပြခဲ့တာကတော့ နိုင်ငံရပ်ခြားမှာ ခေတ်စားနေတဲ့ Copy Trade အကြောင်း အကြမ်းသဘောတရားသာဖြစ်ပါတယ်။ မည်သည့်နယ်ပယ်မဆို ဆောင်းပါးတစ်စောင်၊ စာတစ်ပိုဒ်ဖြင့် နားလည်မှာတော့ မဟုတ်ပါဘူး။ ဗဟုသုတအလို့ငှာ တင်ပြရခြင်းသာ ဖြစ်ပါတယ်။
ပြန်ချုပ်ကြည့်လိုက်ရင်တော့ Copy Trade လုပ်ဖို့အတွက်..............

1 - သင့်တော်သော Investor ရွေးချယ်ခြင်း
2 - Copy Trade Fees တစ်လလျှင် အနိမ့်ဆုံး 20 ဒေါ်လာဝန်ကျင်းမှ အထက်ရှိနိုင်ခြင်း၊
3 - Copy Trade လုပ်ပါက တစ်လလျှင် ငှားရမ်းခ 10 ဒေါ်လာခန့် မှ အထက်ရှိနိုင်သော VPS ကို        
     ငှားရမ်းအသုံးပြုဖို့ လိုအပ်ခြင်းတို့ကို အကြမ်းသိပြီးလို့ ယူဆပါတယ်။

ဒါကြောင့် Copy Trade လုပ်ပါက တစ်လလျှင် ဒေါ်လ 30 ခန့်လောက်နဲ့ Copy Trade လုပ်လို့ရနိုင်တယ်လို့ တွက်လို့ရပြီးဖြစ်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် Copy Trade လုပ်သည်ဖြစ်စေ၊ အချိန်ပေးနိုင်လို့ ကိုယ်ပိုင် Strategy လုပ်တာပဲ ဖြစ်စေ အဓိကကတော့ သင့်တော်တဲ့ Profit ရဖို့ပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

အောင်မြင်သော Traders များဖြစ်ကြပါစေ။

Credit >>>> Sr. Linnzayar Kyaw

0 comments:

Post a Comment