Thursday, June 25, 2015

How to Verify FBS Real Trading Account



How to Verify FBS Real Trading Account
================================
(FBS Trading အကောင့်ကို Verify လုပ်ပုံအဆင့်ဆင့်)
- မိမိအကောင့်လုပ်ထားသော Email နဲ့ Password ကိုအသုံးပြု၍ FBS ဆိုဒ်ထဲသို့ Login ၀င်ပါ။




- ပုံ (1) တွင်ပြထားသည့်အတိုင်းမြှားပြထားသည့် Profile Setting ဆိုတာကို နှိပ်ပါ။



#ပုံ(2)

- ပုံ (2) အတိုင်းတွေ့ရမည်ဖြစ်သည်။ ပုံ(2) တွင်မြှားထိုးပြထားသော Verification ဆိုသောနေရာကို နှိပ်ပါ။



#ပုံ(3)

- ပုံ (3) အတိုင်းတွေ့ရမည်ဖြစ်သည်။ ပုံ (3) တွင် စတားပြထားသော နေရာ ၄ ခုတွင် ဘဏ်စာအုပ်၊ ပတ်စပို့စာအုပ်၊ (သို့မဟုတ်) မှတ်ပုံတင်အတိုင်းမှန်ကန်စွာဖြည့်စွက်ပါ။
- ပြီးလျှင် ၄င်း ပုံ (3) ရှိမြှားပြထားသောနေရာကိုနှိပ်၍ ဘဏ်စာအုပ်လိပ်စာပါစာမျက်နှာနှင့် ပတ်စ်ပို့စာအုပ်(သို့မဟုတ်)မှတ်ပုံတင်(သို့မဟုတ်)ယာဉ်မောင်းလိုင်စင်ကို Attached လုပ်ပေးပြီး Send Request ဆိုတာကိုနှိပ်ပါ။



#ပုံ(4)

- ပုံ (4) အတိုင်းမိမိ၏ အီးမေးလ်အတွင်းသို့ verify အတွက် စာရွက်စာတမ်းကို လက်ခံရရှိကြောင်း အကြောင်းပြန်လာပါလိမ့်မယ်။



#ပုံ(5)

- အကယ်၍ မိမိအကောင့်သည် Verified ဖြစ်ပါက ပုံ (5) အတိုင်း အီးမေးလ်နှင့် မိမိ၏ Profile Setting တွင် Verify ဖြစ်ကြောင်း စာကိုတွေ့ရမှာဖြစ်ပါတယ်။
*** အကြောင်းအမျိုးမျိုးကြောင့် Verified မဖြစ်ပါက မိမိအကောင့်လုပ်ထားသော အီးမေးလ်နှင့် နာမည်ကို FBS ၏ Live Chat တွင် ၀င်ရောက်၍ အကျိုးအကြောင်းပြောပြပါက ချက်ချင်း Verified လုပ်ပေးပါသည်။
ထပ်မံဖြည့်စွက်ချက်
===========
- အကောင့်ဖွင့်လျှင် နာမည်အမှန်နဲ့သာဖွင့်ပါ။
- ဘဏ်စာအုပ်ထဲက နာမည်အတိုင်းဖွင့်ပါ။
- အီးမေးလ်ကိုအသစ်ပြန်ဖွင့်ပြီး ယခုအကောင့်နာမည်နှင့်တူလျှင်ကောင်းသည်။ နာမည်မရတော့ပါက အနောက်မှာ 123 စသဖြင့်ထည့်ပါ။ (ဥပမာ mgmg123@gmail.com)
- Perfect Money ၏ အကောင့်နာမည်အား fbs မှာသုံးသော နာမည်နှင့်တူအောင်ပြောင်းထားပါ။
- အကောင့်ဖွင့်လျှင်အောက်ပါ အချက်များကို စာအုပ်ထဲတွင်ချရေးပြီးမှတ်ထားးပါ။
1. Email: User Name and Password
2. Perfect Money: Login ID, Password and U No.
3. Fbs (Personal Area) - Login Email, Password, Pin Code and Code Word
4. Fbs (Metatrader Login) - Account ID and Trader Password
- အကြောင်းအမျိုးမျိုးကြောင့် Verify မဖြစ်ပါက Live Chat တွင်ဝင်ပြောပါ။ အကယ်လို့ ဘာပြောရမှန်းမသိပါက ဒီ Format သုံးပါ။
Hello,
How are you?
I have opened " မိမိအကောင့်အမျိုးစားရေး" account and I have send the required documents for my account verification but, it was rejected. Please, help me to verify my account.
အပေါ်ကစာလောက်ဆိုရပါပြီး၊ သူက Send Again လို့ပြန်ပြောရင် ပထမပို့တဲ့အတိုင်းပဲ ဘာမှမပြင်ဘဲ ပြန်ပို့ပါ။ 2 မိနစ်ခန့်အတွင်း Verify ဖြစ်ကြောင်း အီးမေးလ်ဝင်လာမယ်။ Live Chat က လူလည်း ပြောပါမယ်။
Your account is now verified ဆိုပြီးတော့နဲ့ ထပ်ပြီး ဘာကူညီရမလည်းပေါ့။ မရှိတော့ရင် ငါ့ကို Five Stars ပေးပါလို့ပြောလိမ့်မယ်။ ဒါဆို Live Chat ညာဘက်အပေါ်နားက Star ပြထားတဲ့နေရာကို နှိပ်ပြီး 5 stars ပေးလိုက်ပေါ့ဗျာ။ ပြန်ကူညီတာပေါ့။
Ok တယ်နော်။ သူငယ်ချင်းတို့။
ကဲ အကောင့်လုပ်ပြီးသူလည်း ဘယ်လို Verify လုပ်ရမလည်းဆိုတာသိပြိး၊ အကောင့်အခုမှဖွင့်မယ့်လူတွေကတော့ ဒီလင့်မှာ http://www.fbs.com/?ppu=448067 ဖွင့်ပေးကြပေါ့ဗျာ။ အကောင့်ဖွင့်နည်းကိုတော့ သီးသန့်တင်ပေးထားပြီးပါပြီး ခင်ဗျာ။
အောင်မြင်တဲ့ Trader ဘ၀ကို FBS ရဲ့ Cent Account နဲ့ လေ့ကျင့်ရင်း ရရှိကြပါစေဗျာ။

ကျွန်တော် Linnzayar Kyaw ပါ။

အဆင်မပြေတာများရှိရင်တော့ Chat box မှာ ပြောခဲ့ပေးပါခင်ဗျာ။  :D

0 comments:

Post a Comment