Thursday, June 4, 2015

BUY AND SELL


အဝယ်သည် အရောင်းတွင် အဆုံးသတ်၍
အရောင်းသည် အဝယ်တွင် အဆုံးသတ်သည်။


Buy process end at Sold.
Sell process end at Bought.

ထပ်ရှင်းပါမည်
Buy‬ process end at Sold.
(Buy ဆိုတာက ကိုယ်ကရောင်းတာ)
ဆိုကြပါစို့ ကျနော်တို့ ရွှေတစ်အောင်စကို ၁၁၀၀ ဒေါ်လာတွင် အဝယ်စတယ် ဆိုပါစို့။
ဒီလိုဝယ်တယ်ဆိုတာက စရောင်းတဲ့လုပ်ငန်းစလိုက်တဲ့ သဘောပါပဲ။
ကျနော်တို့ ၁၁၀၀နဲ့ရင်းလိုက်တဲ့ရွှေဟာ ဈေးတက်သွားရင် မြတ်မယ်ပေါ့။
ဘာမြတ်လည်း ဒေါ်လာမြတ်မယ် များများရမယ်။
ဘာကြောင့်မြတ်သလဲ ၁၁၀၀နဲ့ဝယ် Buy ပြီး တက်သွားတဲ့ ဈေးမှာ ရောင်း Sell လို့ပေါ့။
ဒါမှမဟုတ် ဈေးမတက်ဘဲကျသွားတယ် မကိုင်ထားချင်တော့ပဲ ထုတ် Sell ချင်တယ်။
ဒါဆို အရှုံးပေါ့။
ရှုံးရှုံးမြတ်မြတ် အဝယ်ရဲ့ အဆုံးသတ်က အရောင်းပါ။
‪‎ဒါကြောင့်‬ အဝယ်သည် အရောင်းတွင် အဆုံးသတ်သည်။
=========

Sell‬ process end at Bought.
(Sell ဆိုတာက ကိုယ်ကဝယ်တာ)
ဆိုကြပါစို့ ကျနော်တို့ ရွှေတစ်အောင်စကို ၁၁၀၀ ဒေါ်လာတွင် အရောင်းစတယ် ဆိုပါစို့။
ဒီလိုရောင်းတယ်ဆိုတာက ရွေကိုစဝယ်တဲ့လုပ်ငန်းစလိုက်တဲ့ သဘောပါပဲ။
ကျနော်တို့ ၁၁၀၀နဲ့စဝယ်လိုက်တဲ့ရွှေဟာ ဈေးကျသွားရင် မြတ်မယ်ပေါ့။
ဘာမြတ်မလည်း ဒေါ်လာနည်းနည်းပေးပြီး ရွှေများများရမှာက အမြတ်ပေါ့။
ဘာကြောင့်မြတ်သလဲ ၁၁၀၀နဲ့စဝယ်တယ် ဈေးကျလေ ဒေါ်လာနည်းနည်းပေး ရွှေများများရလေဆိုတော့ ရွှေမြတ်တာပေါ့။
ရှုံးရှုံးမြတ်မြတ်‬ အရောင်းရဲ့ အဆုံးသတ်က အဝယ်ပါ။

‪#‎Thinking‬ Make Money 
ကျွန်တော် Linnzayar Kyaw ပါ။

0 comments:

Post a Comment