Friday, January 1, 2016

မြန်မာကျပ်ငွေမှ BTC ချိန်းမလား | BTC မှ မြန်မာကျပ်ငွေချိန်းမလား


like emoticon
မိတ်ဆွေများအားလုံး မင်္ဂလာပါ။ မတွေ့ကြတာလဲ အတော်ကြာပါပြီ။ ဒီအတော့တွင်းမှာ ကျွန်တော်ကို ချက်ဘောက်ကနေရော ဖုန်းဆက်ပြီးတော့ပါမေးကြပါတယ်။ BTC ကိုဘယ်လိုဝယ်မလဲတဲ့။ အွန်လိုင်းမှာက တွေ့ရာလူဆီကမ၀ယ်ချင်ဘူး။ အလိမ်ခံရတယ် စသဖြင့်ပေါ့လေ။ စုံနေတာပါပဲဗျာ။ ဒီတော့ မိတ်ဆွေများ အဆင်ပြေချောမွေ့အောင်လို့ ကျွန်တော်ကိုယ်တိုင် လက်ရှိယုံယုံကြည်ကြည်နဲ့ လက်တွဲနေတဲ့ ဆိုဒ်တစ်ခုကို ပြောပြပါမယ်။ 

မြန်မာငွေကနေ BTC ကိုချိန်းမလား BTC ကနေ မြန်မာငွေကိုချိန်းမလား အဆင်ပြေတယ်ဗျာ။ ကိုယ့်မှာတော့ CB Bank သို့မဟုတ် AyA Bank ရှိရမယ်။ ဒါဆို အိမ်မှာထိုင်နေရင် ငွေကစားလို့ရပြီလေ ။ ပျော်ထှာ :D

grin emoticon
ဝါသနာပါရင် အောက်ကလင့်မှာ Register လုပ်ထားလိုက်ဗျာ။ ဆိုဒ်က မြန်မာလိုရှင်းပြထားတာဆိုတော့ Very Good ပေါ့လေ။





ကျွန်တော့် BPW အကောင့်ထဲမှာ $40 ရှိခဲ့ပါတယ်။ ငွေထည့်သွင်းရတာလဲ လျှင်မြန်ပါတယ်။ 10 နာရီဝန်ကျင်လောက်က AyA ကနေငွေစလွှဲလိုက်တယ်။ နေ့လည် 12 ၀န်းကျင်လောက်မှာ BPW ထဲ ငွေရောက်ပါပြီ။ OK ခုပြောလိုတာက BPW ထဲက ဒေါ်လာကို BTC အဖြစ်ပြန်ချိန်းတာကိုပြောချင်တာပါ။ ဒါကလည်း အရမ်းလျှင်မြန်ပါတယ်။ ကျွန်တော် မနက် 9း 50 လောက်မှာ BPW အကောင့်မှာရှိတဲ့ဒေါ်လာကို BTC အဖြစ်ချိန်းပါတယ်။ 10း 23 မှာ ကျွန်တော့် Coinbase wallet ကိုရောက်ရှိလာပါတယ်။ မြန်တယ် မမြန်ဘူးဆိုတာ မိတ်ဆွေတို့သာ ဆုံးဖြတ်ကြပါဗျာ။ ကျွန်တော်ကတော့ လျှင်မြန်တဲ့၊ ခိုင်မာတဲ့ BPW နဲ့ လက်တွဲကြဖို့ BTC အမျိုးတွေကို ဖိတ်ခေါ်ပါတယ်။ အခြား သိလိုတာများရှိရင် ကျွန်တော့်ကို cb မှာ မေးနိုင်ပါတယ်။ 

အားလုံးပဲ အဆင်ပြေကြပါစေ။  Ko Ko
grin emoticon မြန်တယ်နော်။ ဒါက မြန်မာငွေကနေ Online currency change တာပါ။

Wednesday, October 14, 2015

BTC သမားများ ပျော်ကြစေကုန်သတည်း





အွန်လိုင်းပေါ်မှာ ငွေရှာလိုတဲ့အမျိုးများအားလုံး မင်္ဂလာပါဗျာ။ ကျွန်တော်အလုပ်နဲနဲများနေလို့ post တွေကိုမ တင်ဖြစ်တာ ခွင့်လွှတ်ကြပါလို့။ ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ BTC လို့ခေါ်တဲ့ Bitcoin ပဲ ဖြစ်ပါတယ်။ ကျွန်တော်ကလည်း Bitcoin သမားဖြစ်နေလေတော့ကား ဒါကိုပဲလိုက်ရှာနေတာပေါ့ဗျာ။ 1 BTC ကိုလက်ရှိပေါက်ဈေးကတော့ 251 ဒေါ်လာရှိနေပါတယ်။ တော်ကီပွားတာများနေပီဆိုတော့ လိုရင်းကို ပြောကြရအောင်ဗျာ :D စာနဲ့ပဲရေးနေရင် မရှင်းမှာစိုးလို့ ပုံတွေနဲ့ပါ ပြလိုက်ပါတယ်။ ခုကျွန်တော်ပြောမယ့်နည်းကတော့ ဖုန်းနဲ့လုံးဝလုပ်လို့မရပါဘူးဗျာ။ ကွန်ပျူတာနဲ့ပဲရပါတယ်။ အင်တာနက် Free ရှိသူတွေပိုအဆင်ပြေပါတယ်။ လက်ရှိမိမိမှာ 0.003 လောက်ရှိနေရမှာဖြစ်ပါတယ်။ ပထမဦးဆုံး အောက်ကလင့်မှာ Register လုပ်ပါ။ ကျွန်တော့်အထင်တော့ BTC သမားတော်တော်များများ ကတော့ Acc လုပ်ပီးသား ဖြစ်နေကြမှာပါ။


  Account မဖွင့်တတ်သူများ အောက်မှာရှိတဲ့လင့်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Account ဖွင့်နည်း  >>>>  http://mademoneyinonline.blogspot.com/2015/05/bitcoin.html
နောက်တစ်ခုကတော့ Crome Browser လိုပါတယ်။ ဒီ ၂ ခုရှိရင်ရပါပြီ။ freebitcoin မှာ login ၀င်ထား တယ်ပေါ့ဗျာ။ Keyboard က F12 သို့မဟုတ် Ctrl+Shit+J ကိုနှိပ်ပါ။ အောက်ကပုံကိုကြည့်ပါ။


Script ထည့်ဖို့အတွက် အောက်မှာ Script တွေကို Notepad နဲ့ရေးပေးထားပါတယ်။ ဒါကို ဒေါင်းလိုက်ပါ။ ဒေါင်းပြီးသွားရင်ဖွင့်လိုက်ပါ။ Script တွေကို Copy လုပ်ပြီးတော့ ပုံမှာပြထားတဲ့နေရာ မှာ သွားပြီး Paste လုပ်လိုက်ပါ။ Enter ကိုနှိပ်ပြီးတော့ ထိုင်သာကြည့်နေပေတော့ဗျာ။ ဘာမှသွားမပြင်ပါနဲ့။ လောဘကိုတော့ သတိထားပါဗျာ။ လူဆိုတာ ရလေလိုလေ မဟုတ်လား။ ပြင်ချင်သပ ဆိုရင်လည်း ပြင်နိုင်ပါတယ်။ ကိုယ်ဘာသာကိုယ် ချင့်ချိန်ဆုံးဖြတ်ပေါ့လေ။ ဒေါင်းတာကတော့ မိမိနှစ်သက် ရာကနေဒေါင်းနိုင်ပါတယ်။

Script Download >>>>  P Cloud  |   Solid file
 အဆင်မပြေတာရှိရင် Cb မှာအော်ခဲ့နိုင်ပါတယ်ဗျာ။ အဆင်ပြေကြပါစေ  Ko Ko

Wednesday, October 7, 2015

BASIC TECHNICAL ANALYSIS FOR FOREX TRADING


 

BASIC TECHNICAL ANALYSIS

ဒီအခန်းမှာတော့ Techinical Indicators/Anaylysis ဆိုင်ရာတွင် အခြေခံအကျဆုံးအရာများကို
တင်ပြသွားမည်ဖြစ်ပါတယ်။
Stock Share, Forex Makets, CFDs စသဖြင့် အရောင်းအ၀ယ်လုပ်ရာတွင် မားကတ်အခြေနေအနေ၊
ဈေးနှုန်းများ၏ ရွေ့လျားနိုင်မှု၊ အရောင်းအ၀ယ်လုပ်ရန် စဉ်းစားနိုင်စေဖို့၊ အ၀င်အထွက်မှန်ကန်စေဖို့
စသဖြင့် စသဖြင့် သုံးသပ်ရာမှာ Chart များကို ကြည့်၍ သုံးသပ်ဆောင်ရွက်တာကို Technical Analysis
(TA) လို့ခေါ်ပါတယ်။
TA ကိုလေ့လာရာမှာ များစွာသော Indicators တွေရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီအခန်းမှာတော့ Beginner
များမားကတ်ထဲသို့ ကနဦးဝင်ရောက်နိုင်စေရန်အတွက်ရည်ရွယ်ပြီး မဖြစ်မနေသိထားသင့်သည်ဟု
ကျွန်တော်ယူဆသော အောက်ပါ Indicators (5) ခုကို တင်ပြသွားပါမည်။

1. Support and Resistance
2. Trend Line
3. Common Chart Patterns
4. Reversal (Bear and Bull)
5. Continuation

Support and Resistance
(SUPPORT Support Your Profit)
Support ဆိုတာ မြန်မာလိုခေါ်ရင်တော့ ထောက်ပံမှုလို့ အဓိပ္ပါယ်ဖွဲ့နိုင်မယ်ထင်ပါတယ်။
လွတ်ကျလာတဲ့အရာ (သို့မဟုတ်) အထက်မှအောက်သို့ ကျလာတဲ့ရာကို Level တစ်ခုမှာ ထပ်ပြီး
အောက်အနိမ့်ကို မရအောင်တားဆီးထားတဲ့အရာကို Support လို့ခေါ်ပါတယ်။
Support သည် လက်ရှိ Price Level ၏ အောက်တွင်ရှိပြီး အနည်းဆုံး Price Level
နှစ်ခုအနီးစပ်ဆုံးတူညီမှုကို မျဉ်းဆွဲခြင်းဖြင့် Support Line ကိုရရှိမှာဖြစ်ပါတယ်။

Support Level ဆိုတာကဘာလည်း

- Support Level ကတော့ ဈေးတစ်ခုမှာ မားကတ်က သူ့ထက်နိမ့်တဲ့ဈေးတစ်ခုကို အပြောင်းလဲဖြစ်ဖို့
(ကျဖို့) နှစ်ကြိမ်အနည်းဆုံးငြင်းပယ်ခံရတဲ့အခြေနေကို ခေါ်ပါတယ်။ တစ်နည်းအားဖြင့် မားကတ်မှာ
ဈေးတစ်ခုဟာ သူ့ထက်နိမ့်တဲ့ဈေးကိုဆင်းဖို့ နှစ်ကြိမ်အနည်းဆုံးစမ်းသပ်တဲ့အခြေနေ ကို Support Level
လို့ခေါ်ပါတယ်။

- အဲဒီ စမ်းသပ်တဲ့ဈေးနှစ်ခုဟာ အနီးစပ်ဆုံးတူညီရမှာဖြစ်ပြီး၊ အချိန်ကာလတော့ တူညီဖို့မလိုအပ်ပါဘူး။
- အနီးစပ်ဆုံးတူညီဖို့၊ Level ဆွဲနိုင်ဖို့အတွက် Pips အနည်းငယ်ကွာခြားလည်း အသုံးပြုနီုင်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်ဆရာတစ်ယောက်ရဲ့စကားဖြစ်တဲ့ လိုင်းဆွဲလို့မထိတထိဖြစ်နေရင် ဘာလုပ်မလည်း
ဆိုတော့၊ ခပ်ထူထူလေးဆွဲပေါ့ဗျာတဲ့။ စကားလက်ဆောင်ပေးတာပါ။ အဲလိုနည်းနဲ့ ဆွဲရမယ့်လိုင်းတွေ
လည်း အများကြီးတွေ့လာကြမှာပါနော်။

*** Support Line က မျဉ်းဖြောင့်အတိုင်းပဲလို့ သတ်မှတ်လို့မရပါဘူး။ အထက်ကို တက်နေတဲ့ Slope
ပုံစံလည်းရှိပါတယ်။ ဒါက Trend နဲ့ ယှဉ်တူလိုဖြစ်သွားတာပါ။ ပုံ (၁)  မှာ အရိုးဆင်းဆုံး Support Level
ကိုပြထားပါတယ်။


Resistance Level ဆိုတာကဘာလည်း


- Resistance Level ဆိုတာကတော့ ဈေးတစ်ခုမှာ မားကတ်က သူ့ထက်မြင့်တဲ့ ဈေးတစ်ခုကို
အပြောင်းလဲဖြစ်ဖို့ (တက်ဖို့) နှစ်ကြိမ်အနည်းဆုံးငြင်းပယ်ခံရတဲ့အခြေနေကို ခေါ်ပါတယ်။
တစ်နည်းအားဖြင့် မားကတ်မှာ ဈေးတစ်ခုဟာ သူ့ထက်မြင့်တက်ဈေးကို တက်ဖို့အတွက် အနည်းဆုံး ၂
ကြိမ်စမ်းသပ်တဲ့အခြေနေ ခေါ် ထိုးဖေါက်ဖို့ ကြိုးစားတဲ့အခြေနေကို Resistance Level လို့ခေါ်ပါတယ်။

- အဲဒီ စမ်းသပ်တဲ့ဈေးနှစ်ခုဟာ အနီးစပ်ဆုံးတူညီရမှာဖြစ်ပြီး၊ အချိန်ကာလတော့ တူညီဖို့မလိုအပ်ပါဘူး။
- အနီးစပ်ဆုံးတူညီဖို့၊ Level ဆွဲနိုင်ဖို့အတွက် Pips အနည်းငယ်ကွာခြားလည်း အသုံးပြုနိုင်ပါတယ်။

*** Resistance Line က မျဉ်းဖြောင့်အတိုင်းပဲလို့ သတ်မှတ်လို့မရပါဘူး။ အောက်ကိုစိုက်ဆင်းနေတဲ့
Slope ပုံစံလည်းရှိပါတယ်။ ဒါက Trend နဲ့ ယှဉ်တူလိုဖြစ်သွားတာပါ။

Support Zone နဲ့ Resistance Zone က ဘာကိုခေါ်တာပါလည်း

- အထက်မှာ ကျွန်တော်ဖေါ်ပြခဲ့သလိုမျိုး Support Level, Resistance Level ဖြစ်ဖို့ ဈေးနှစ်ခုဟာ
နှစ်ကြိမ်အနည်းဆုံးတူညီရမယ်၊ နီးစပ်ရမယ်လို့ ဆိုခဲ့ပါတယ်။
- မားကတ်မှာ ဖြစ်နေတဲ့ ဈေးတွေက ကွက်တိတူညီဖို့ မလွယ်ကူပါဘူး။ တစ်ခါတရံ Candle Stick ရဲ့
Shadow ကြောင့်လည်း တိကျတဲ့ Support Level, Resistance Level ဆွဲဖို့က ခက်ခဲနိုင်ပါတယ်။

- ဒါကြောင့် ကျွန်တော်တို့အနေနဲ့ Support and Resistance Zone ကို သတ်မှတ်ဖို့ လိုအပ်လာပါတယ်။
- Support and Resistance Zone အဖြစ်သတ်မှတ် ဆွဲသားဖို့အတွက် အထက်က ဖေါ်ပြခဲ့တဲ့ Support
Level, Resistance Level ဆွဲလို့ရတဲ့ Point တွေက အနိမ့်၊အမြင့် Pips အနည်းငယ်အကွာမှာ ထပ်မံတွေ့ရှိနေရင်တော့ ပထမထိပွိုင့်အနည်းဆုံး ၂ ပွိုင့်ရှိတဲ့ လိုင်းနဲ့ ဒုတိယထိပွိုင့်အနည်းဆုံး ၂ ပွိုင့်ထိတဲ့ လိုင်းကြားက နေရာကို Support Zone and Resistance Zone အဖြစ်သတ်မှတ်နိုင်ပါတယ်။
(ပုံ) ၂ မှာ ဖေါ်ပြထားပါတယ်။


Key Resistance နဲ့ Key Support က ဘာကိုခေါ်တာလည်း

- ယေဘုယျအားဖြင့် အမြင့်ဆုံးထိပွိုင့်များမှ ရရှိတဲ့ Resistance Line ကို Key Resistance Line
လို့ခေါ်ပြီး၊ အနိမ့်ဆုံးထိပွိုင့်များမှ ရရှိတဲ့ Support Line ကိုတော့ Key Support Line လို့ခေါ်ပါတယ်။
- Key ဆိုတဲ့အတိုင်း အရေးပါတယ်၊ အားကောင်းတယ်ဆိုတဲ့ သဘောပါ။
(ပုံ (3) မှာ ပြထားပါတယ်။)

R1 , R2, S1, S2 တွေက ဘာကိုခေါ်တာလည်း

- R က Resistance ကိုခေါ်တာဖြစ်ပြီး၊ S ကတော့ Support ကိုခေါ်တာဖြစ်ပါတယ်။
- မတူညီတဲ့ ထိပွိုင့်တွေ၊ Zone အဖြင့်လည်း သတ်မှတ်လို့မရတဲ့ ထိပွိုင့်တွေကို ဆွဲရာမှာ
နာမည်တစ်ခုအနေနဲ့ပေးကြတာဖြစ်ပါတယ်။
- Chart တစ်ခုမှာဆိုရင် အခြေနေပေါ်မူတည်ပြီး မတူညီတဲ့ ထိပွိုင့်တွေအရ
မျဉ်းတွေများကြီးဆွဲလို့ရတာပါ။ အဲလို အများကြီး ဆွဲလို့ရတဲ့အခါမှ Resistance Line ကို ဆွဲလျှင်
အပေါ်ဆုံးမှ အောက်သို့ R1, R2 (ဒါမှမဟုတ်) Ra, Rb လို့ခေါ်ကြတာပါ။ S1, S2 တွေလည်း
ဒီသဘောပါပဲ အနိမ့်ဆုံး Support ထိပွိုင့်ကနေ လိုင်းတွေဆွဲပြီး အောက်ကနေ အထက်ကို S1, S2
(ဒါမှမဟုတ်) Sa, Sb အနေနဲ့ခေါ်ကြခြင်းဖြစ်ပါတယ်။
အထက်က ဖေါ်ပြထားချက်ကို ကောင်းစွာနားလည်ရင်တော့ Support and Resistance ကို
ကောင်းဆွဲရေးဆွဲတတ်၊အသုံးချတတ်မှာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အကြွေးကျေပါတော့်မယ်။
ခုခေါင်းစဉ်အောက်က ကျန်တဲ့ TA တွေကိုတော့ တဖြည်းဖြည်း ထပ်တင်ပြပါ့မယ်။

အိုကေ
အောင်မြင်ကြပါစေ။
ကျွန်တော် Linnzayar Kyaw ပါ။

အဆင်မပြေတာများရှိရင်တော့ Cb မှာ ပြောခဲ့နိုင်ပါတယ်။

Tuesday, September 8, 2015

CANDLES TRADING STRATEGY အကြောင်းတစေ့တစောင်း


 TWO CANDLES TRADING STRATEGY
- ခုကျွန်တော်တင်ပြမယ့် နည်းကတော့ Candle 2 ခုကိုကြည့်ပြီး Buy, Sell လုပ်နိုင်မယ့် နည်းတစ်ခုဖြစ်ပါတယ်။
- ဒီနည်းကိုတော့ Chart တွေ ကြည့်ရင်းရလာတဲ့ အိုင်ဒီယာလို့လည်း ပြောလို့ရပါတယ်။
- အားလုံးသိကြတဲ့ အတိုင်း ကျွန်တော်တို့ မားကတ်ကိုကြည့်တဲ့အခါ Chart တွေကို အဓိက အာရုံစိုက်ကြည့်ကြတာပါ။ Chart ထဲမှာတောင်မှ Bar Chart, Line Chart ထက် Candle Stick Chart တွေ အကြည့်များကြပါတယ်။
- ခုနည်းကို သုံးဖို့အတွက် Candle အခြေခံလေးတော့သိဖို့လိုပါမယ်။ ဒါကလည်း အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ Buy Candle လား၊ Sell Candle လားဆိုတာ Chart မှာ အရောင်ကွဲပြီး ပြထားပြီးသားပါ။
- နောက်တစ်ချက်အနေနဲ့ ဒီ Buy Candle, Sell Candle များရဲ့ အရွေ့ကို သိဖို့လိုပါတယ်။ သိပ်ခေါင်းမစားကြပါနဲ့ အရွေ့ဆိုတာကို ကျွန်တော်ရှင်းပြပါမယ်။
(ပုံမှာလည်း ရှင်းပြထားပါတယ်။
- Strategy နာမည်ကိုတော့ ကျွန်တော် အဆင်ပြေသလို ပေးလိုက်တာပါ။
 
‪‎မဖြစ်မနေနားလည်ပေးဖို့က
 
(၁) Buy (သို့မဟုတ်) Buy Candle
- အ၀ယ်များလာရင် ပစ္စည်းဈေးတက်ပါတယ်။ တနည်းအားဖြင့် Buy Candle သည် အောက်ကနေအထက်ကို တက်သည်။ သူ့အရင် ဈေးထက်ပိုသည်။
- Buy Candle အသစ်သည် သူ့အရှေ့ Candle (Buy ဖြစ်စေ၊ Sell ဖြစ်စေ) ၏ အထက်နားမှာ စတင်ပြီး ဈေးဖွင့်သည်။ တနည်းအားဖြင့် အ၀ယ်ဈေးကွက်ဖြစ်ဖို့ အတွက် ယခုဈေးသည် ယခင်ဈေးထက်ပိုသည်။
- Buy Candle ၏ အဖွင့်ဈေး Buy Candle အောက်ခြေကစသည်။ (Buy အဖွင့်ဈေးက ယင်း Candle အောက်ကနေအထက်တက်သည်။ ဈေးက တက်သွားတဲ့သဘောဖြစ်ပါတယ်။) အောက်ကပုံကို ကြည့်ပါ။





(၂) Sell (သို့မဟုတ်) Sell Candle
- အရောင်းများလာရင် ပစ္စည်းဈေးကျပါသည်။ တနည်းအားဖြင့် Sell Candle သည် အထက်ကနေ အောက်ကို ဆင်းပါသည်။ သူ့အရင်ဈေးထက်နိမ့်ပါသည်။
- Sell Candle အသစ်သည် သူ့အရှေ့ Candle (Buy ဖြစ်စေ၊ Sell ဖြစ်စေ) ၏ အောက်နားမှာ စတင်ဈေးဖွင့်ပါသည်။ တနည်းအားဖြင့် အရောင်းဈေးကွက် Sell ဖြစ်ဖို့ ယခုဈေးသည် ယခင်ဈေးထက်နိမ့်ပါမည်။
- Sell Candle ၏ အဖွင့်ဈေး Sell Candle သည် အထက်ကနေ အောက်ကိုဆင်းပါသည်။ (Sell အဖွင့်ဈေးက ယင်း Candle ၏ အထက်ကနေ အောက်သို့ဆင်းပါသည်။
အထက်ကဖေါ်ပြခဲ့တဲ့ အချက် ၂ ချက်ကို နားလည်မှ ဒီနည်းကို အသုံးပြုလို့ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ရေးထားတာမရှင်းရင်လည်း ပုံနှင့်တကွတိုက်ဆိုင်ကြည့်ရှုစေလိုပါသည်။ အောက်ကပုံကိုကြည့်ပါ။



‪#‎ဘယ်လို‬ Buy/Sell လုပ်မလည်းဆိုတာကို
- ပုံထဲမှာ အသေးစိတ် စာထိုးရှင်းပြထားပါတယ်။



‪#‎အထွေထွေ‬
- ဒီနည်းကို ကျွန်တော် Chart ကြည့်ရင်းစဉ်းစားမိထားတဲ့ နည်းလေးသာဖြစ်ပါတယ်။
- 100% မှန်ဖို့ မသေချာပေမယ့် ၀င်ပေါက်ရှာတတ်ရင် 80% လောက်က သေချာပေါက်အမြတ်ရနိုင်ပါတယ်။
- Candle ၁ခုချင်းစီနဲ့ ကြည့်ပြီး Trade တာဖြစ်သောကြောင့် H1 Chart မှာ 10~20 Pips လောက်သာ အမြတ်ရနိုင်မှာပါ။ (Currency Pair 1 Lot 10 Pips = 100$)
- Currency Pair များကို အဓိက ကျွန်တော်အားပေးပါသည်။
- ဒီနည်းအရ Candle Formation ( Buy Candle, Sell Candle စဖြစ်တည်မှု) ဟာ 90% လောက်မှန်ပါလိမ့်မယ်။ တစ်ခါတရံ သူ့အရှေ့အပိတ်ဈေးအောက်လျော့ပြီး ဈေးစဇွင့်သော Candle များဟာ Sell မဖြစ်ဘဲ Buy Candle ဖြစ်သွားတာလည်း
ရှိတတ်ပါတယ်။
- Side Way Market အနေအထားတွင် သတိထားပြီး အ၀င်အထွက်လုပ်ပါ။
- Stop Loss ထားလိုပါက သူ့အရှေ့ Candle ၏ အထက် စွန်းစွန်း (သို့မဟုတ်) အောက်စွန်းစွန်းတွင် ထားနိုင်ပါသည်။
- မရှင်းတာများရှိလျှင်သော်လည်းကောင်း၊ ရလဒ်များကိုသော်လည်းကောင်း ကွန့်မန့်ပေးခဲ့ကြစေလိုပါသည်။
- ကျွန်တော်နားလည်သလိုတွေး၍ ကျွန်တော်တွေးသလို မျှဝေလိုက်ပါသည်။
စမ်းသပ်မျှဝေ အောင်မြင်ကြပါစေ။

Credit >>>> Linnzayr Kyaw 


အဆင်မပြေတာများရှိခဲ့မယ်ဆိုရင် C-box မှာအော်ခဲ့နိုင်ပါတယ်။

Monday, August 24, 2015

About Copy Trading and Mirror Trading




Copy Trading and Mirror Trading

- Copy Trading ဆိုတာက ယေဘုယျအားဖြင့် မိမိနှစ်သက်ရွေးချယ်ထားသော Trader (Investor လို့ခေါ်ပါတယ်) ရဲ့ အရောင်းအ၀ယ်လုပ်သော Position ကို အလိုအလျောက်ကူးယူပြီး မိမိအတွက် Trade လုပ်စေတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။

- Mirror Trading ဆိုတာကတော့ မိမိနှစ်သက်ရာ Trader(Investor) ရဲ့ တီတွင်ဖန်တီးထားတဲ့ Strategies ကိုဖြစ်စေ၊ ၄င်း Trading လုပ်ခြင်းမှာ တစ်စိတ်တပိုင်းဖြစ်စေ ကော်ပီကူးယူပြီး အသုံးပြုဖို့ တနည်းအားဖြင့် မိမိအတွက်ပါ Trade ပေးဖို့ ပါဝင်ဖြင့်းဖြစ်ပါတယ်။ ဒီလို Copy Trading လုပ်ခြင်းအားဖြင့် မိမိကော်ပီယူသော Investor အတိုင်း မိမိမှ Take Profit တွေ၊ Stop Loss တွေကို အလိုအလျောက် ရရှိစေပါတယ်။ ဒါ့အပြင် မိမိရွေးမှုမှန်ကန်ပါက မိမိအနေနဲ့ Trade မှာ သီးသန့်အချိန်မပေးရဘဲ အလိုအလျောက်အမြတ်အစွန်းရရှိစေမှာဖြစ်ပါတယ်။ Copy Trade အတွက် ၀န်ဆောင်ခနှုန်းထားတွေ တစ်နည်းအားဖြင့် မိမိရွေးချယ်သော Investor သို့ ပေးရမယ့် အခကြေးငွေအနေနဲ့ အကြမ်းအားဖြင့် တစ်လလျှင် ဒေါ်လာ 20 ခန့်မှ ဒေါ်လာ ထောင်၊သောင်းချီ ရှိတတ်ပါတယ်။ ဒါပေမယ့် Copy Trade လုပ်ဖို့အတွက် အခက်ခဲတစ်ချို့ရှိနိုင်ပါတယ်။ သင့်တော်တဲ့ Investor ရွေးချယ်မှုက ကနဦးအရေးကြီးတဲ့ အချက်ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ပညာရှင်တွေအကြံပေးချက်က Return တအားကောင်းတဲ့ Investor ထက်စာလျှင် ပုံမှန်အမြတ်ရှာဖွေပေးနိုင်တဲ့ တနည်းအားဖြင့် Growth Rate ပုံမှန်ရှိတဲ့ Investor မျိုးရွေးချယ်ဖို့ပါ။

နောက်အခက်ခဲတစ်ခုက Copy Trade လုပ်ဖို့အတွက် မိမိရဲ့ Trading Account ကို 24 နာရီ Online တက်ထားရမှာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ နိုင်ငံမှာ နည်းနည်းအခက်ခဲရှိနိုင်ပါမယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ Copy Trade Services တွေနဲ့တွဲပြီး Forex VPS Plan မျိုးအသုံးပြုဖို့ဖြစ်လာတာပါ။ VPS ဆိုတာက Virtual Private Server ကိုခေါ်ဝေါ်တာဖြစ်ပါတယ်။ သဘောကတော့ မိမိကိုယ်ပိုင် ဆာဗာတစ်လုံးငှားရမ်းပြီး အဲဒီ ဆာဗာမှာ မိမိရဲ့ အကောင့်ကို Login လုပ်ပြီး သက်ဆိုင်ရာ Copy Trade နဲ့ ချိတ်ဆက်ထားရုံပဲဖြစ်ပါတယ်။
ဒီလို VPS တွေမှာတော့ တစ်ပတ်နှစ်ဆယ်လေးနာရီအလုပ်လုပ်ပေးနိုင်ခြင်း၊ မိမိနှစ်သက်ရာ Hardware ပမာဏဖြင့် ငှားရမ်းအသုံးပြုနိုင်ခြင်း၊ မီးပျက်မှုလုံးဝမရှိခြင်း၊ အများအားဖြင့် Windows Os စနစ်ကိုအသုံးပြုထားခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။
VPS ဆာဗာတွေ ငှားရမ်းသုံးစွဲခတွေအနေနဲ့ အနိမ့်ဆုံးတစ်လလျှင် 10 ဒေါ်လာဝန်းကျင်မှ ဒေါ်လာ 100 ခန့်ထိရှိနိုင်ပါတယ်။ 

အထက်က ကျွန်တော်ရေးသားတင်ပြခဲ့တာကတော့ နိုင်ငံရပ်ခြားမှာ ခေတ်စားနေတဲ့ Copy Trade အကြောင်း အကြမ်းသဘောတရားသာဖြစ်ပါတယ်။ မည်သည့်နယ်ပယ်မဆို ဆောင်းပါးတစ်စောင်၊ စာတစ်ပိုဒ်ဖြင့် နားလည်မှာတော့ မဟုတ်ပါဘူး။ ဗဟုသုတအလို့ငှာ တင်ပြရခြင်းသာ ဖြစ်ပါတယ်။
ပြန်ချုပ်ကြည့်လိုက်ရင်တော့ Copy Trade လုပ်ဖို့အတွက်..............

1 - သင့်တော်သော Investor ရွေးချယ်ခြင်း
2 - Copy Trade Fees တစ်လလျှင် အနိမ့်ဆုံး 20 ဒေါ်လာဝန်ကျင်းမှ အထက်ရှိနိုင်ခြင်း၊
3 - Copy Trade လုပ်ပါက တစ်လလျှင် ငှားရမ်းခ 10 ဒေါ်လာခန့် မှ အထက်ရှိနိုင်သော VPS ကို        
     ငှားရမ်းအသုံးပြုဖို့ လိုအပ်ခြင်းတို့ကို အကြမ်းသိပြီးလို့ ယူဆပါတယ်။

ဒါကြောင့် Copy Trade လုပ်ပါက တစ်လလျှင် ဒေါ်လ 30 ခန့်လောက်နဲ့ Copy Trade လုပ်လို့ရနိုင်တယ်လို့ တွက်လို့ရပြီးဖြစ်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် Copy Trade လုပ်သည်ဖြစ်စေ၊ အချိန်ပေးနိုင်လို့ ကိုယ်ပိုင် Strategy လုပ်တာပဲ ဖြစ်စေ အဓိကကတော့ သင့်တော်တဲ့ Profit ရဖို့ပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

အောင်မြင်သော Traders များဖြစ်ကြပါစေ။

Credit >>>> Sr. Linnzayar Kyaw